ရှင်ဥဩစေတီတော်

ရှင်ဥဩစေတီတော် သည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရွှေကျောင်းကြီးဝင်းအတွင်း၌ တည်ရှိသည်။ [1]

သမိုင်းကြောင်း

မင်းရှင်ဇော် (ဝါ) သို့မဟုတ် ရွှေတောင်စားမင်းသည် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးနေရာ၌ နန်းတော်တည်၍ နန်းစံခဲ့သည်။ မင်းရှင်ဇော်သည် ရှင်ဥဩစေတီတော်ကို နန်းဦးစေတီအဖြစ် တည်ခဲ့သည်။ ထိုမင်းသည်ပင် ၁၁၂၄ ခုနှစ်တွင် ရွှေတောင်စားစေတီကို တည်ခဲ့ပြန်သည်။[1]

ရှင်ဥဩစေတီတော်သည် ဖောင်းရစ် ၁၁ ခုရှိသည်။[1]

အခြားသိမှတ်ဖွယ်များ

  • ဘုရားတစ်ဝိုက်တွင် သိုက်များရှိသည်ဟု ယုံကြည်ကြ၍ လပြည့်လကွယ်နေ့များတွင် သိုက်နန်းရှင်များက ဆီမီးများ လာရောက်ပူဇော်ကြသည်ဟု ဆိုကြသည်။
  • သိုက်နန်းရှင်များက စေတီတော်နှင့် သိမ်တော်ကြီးအား စောင့်ကြပ်နေကြသည်ဟု လူအများစုက ယုံကြည်ကြသည်။
  • ထားဝယ်မြို့တွင် ရှေးအကျဆုံးခေါင်းလောင်းသုံးခုရှိရာ တစ်လုံးသည် ရှင်ဥဩစေတီတော်အနီးတွင် တည်ရှိပြီး သက်တမ်းမှာ နှစ်ပေါင်း ၂၀၀ ကျော်ပြီ ဖြစ်သည်။
  • ရှင်ဥဩစေတီသည် ရှင်ကိုးရှင်ဘုရားများတွင် နံပါတ်စဉ် ၆ နေရာ၌ တည်ရှိသည်။[1]

ကိုးကား

  1. တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.