ရှမ်းစုရွာ၊ တွံတေး

ရှမ်းစုရွာသည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ်ရှိ ရွာတစ်ရွာ ဖြစ်သည်။

ရှမ်းစုရွာ
ရှမ်းစုရွာ
ရှမ်းစုရွာ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: MM 16.69776°N 95.93071°E / 16.69776; 95.93071
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
ခရိုင်ရန်ကုန်တောင်ပိုင်းခရိုင်
မြို့နယ်တွံတေးမြို့နယ်
ကျေးရွာအုပ်စုShan Su[1]

အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးရေး၊ ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ တွံတေးသိန်းတန်သည် ရှမ်းစုရွာတွင် မွေးဖွားခဲ့သည်။

ရှမ်းစုကျေးရွာသည် သက္ကရာဇ် ၉၂၆-ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးက တည်ခဲ့ကြောင်း တွံတေးရွှေဆံတော်သမိုင်းတွင် ရေးသားခဲ့သည်။ ထို့အပြင် ဘုရင့်နောင်မင်းတရားကြီးသည် ရှမ်းစုကျေးရွာနှင့်အတူ မူးလမန်းကျေးရွာညောင်တံခါးကျေးရွာငါးခုန်းမစမ်းကျေးရွာများကိုလည်း တည်ခဲ့သည်။ ထိုကျေးရွာများသည် တွံတေးရွှေဆံတော်ဘုရားအနီး ပတ်ဝန်းကျင်တွင် တည်ရှိသည်။ ရှမ်းစုကျေးရွာလေး၏ အဓိကအကျဆုံးနှင့် အထင်ရှားဆုံး ပွဲတော်တစ်ခုမှာ ရှမ်းဘုရားပွဲခေါ် နှစ်ဦးသဲပုံစေတီပွဲဖြစ်သည်။ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တိုင်း ရွှေဆံတော်စေတီ အရှေ့ဘက်ထောင့်တွင် ရှမ်းဘုရားပွဲခေါ် နှစ်ဦးသဲပုံစေတီပွဲကို ကျင်းပသည်။ ထိုအခါ ရှမ်းလေးရွာမှ ရှမ်းအမျိုးသားများသည် ရှမ်းယိမ်း၊ ရှမ်းသိုင်းအက အဆို အတီး အမှုတ်များဖြင့် ပျော်ပျော်ပါးပါး ဆင်နွှဲကြသည်။

ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့ ရောက်သောအခါ ရှမ်းလေးရွာမှ ( ရှမ်းစု၊ မူးလမန်း၊ ညောင်တံခါး၊ ငါးခုန်းမစမ်း)မှ ရှမ်းအမျိုးသမီးများသည် မသိုးသင်္ကန်းရက်ပြီး ရွှေဆံတော်စေတီသို့ ကပ်လှူကြသည်။ ထိုသို့ကပ်လှူပွဲတွင် ရှမ်းအိုးစည်သံ၊ မောင်းသံတို့ဖြင့် ကျင်းပခဲ့ကြသည်။ [2]

ကိုးကား

  1. GAD, Feb 2011.
  2. ရဲသွေးထက် ရေး ပြည်သူချစ်သော တွံတေးသိန်းတန်၊ ၂၀၁၅ အောက်တိုဘာလ၊ မြတ်ပန်းရဂုံ စာပေ၊ စာ -၄
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.