ရှေးခေတ်ဂရိ

ခရစ်မပေါ်မီ နှစ် ၁၁၀၀ နှင့် ၂၀၀၀ အကြားတွင် ဂရိနိုင်ငံကို ဒိုရီယန်လူမျိုးများ၊ အိုအိုယန်လူမျိုးများနှင့် ကေအိုလီယန်လူမျိုးများ ဝင်ရောက်၍ အေဂျင်ဒေသအထိ ပြန့်သွားသည်။ အီဂျစ်ပိုင်နယ်သည် အာရှမိုင်းနား ဒေသတွင် ခရစ်မပေါ်မီ ၇-ရာစုအတွင်း မာဆေးအထိ ကျယ်ပြန့်သည်။ ခရစ်မပေါ်မီ ၄၈၀-တွင် ဂရိတို့သည် ပါရှင်တန်ကို ခုခံတိုက်ခိုက်နိုင်၍ ၅-ရာစုနှစ်တွင် ဂရိတို့ အလွန်တိုးတက်သည်။ ခရစ်မပေါ်မီ နှစ် ၄၃၁-၄၀၄တွင် စပါတာတို့က အေသင်မြို့ကို အောင်နိုင်ရာမှ ဂရိတို့မှာ မှေးမှိန်လာရသည်။ ရောမတို့ အင်အားကြီးလာသောအခါ ဂရိနိုင်ငံသည် ခရစ်မပေါ်မီ ၂-ရာစုတွင် နိုင်ငံရေးကျဆင်းရလေသည်။ [1]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.