လက်စဘီယံ

လက်ဇ်ဘီယန် (အင်္ဂလိပ်: Lesbian) တစ်ဦးဆိုသည်မှာ လိင်တူစုံမက်သော 'အမျိုးသမီး' တစ်ဦးဖြစ်သည်။[1][2] လက်ဇ်ဘီယန် (lesbian) ဟူသော အင်္ဂလိပ်စကားလုံးကို "လိင်စိတ်ကိုင်းညွတ်မှု" (sexual orientation) ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲ (မိမိကိုယ်ကို မည်သူမည်ဝါဆိုသော) "လိင်စိတ်ခံယူမှု" (sexual identity[မှတ်စု 1]) နှင့် "လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ခြင်း အမူအကျင့်" (sexual behaviour) ဟူသောအချက်များနှင့် ဆက်စပ်၍ အမျိုးသမီးများ အတွက် အသုံးပြုသည်။ အမျိုးသမီးချင်း လိင်တူစုံမက်မှုကို ခွဲခြား ဆက်စပ်ဖော်ပြနိုင်ရန်အတွက် နာမ်ပုဒ်များအတွက် နာမဝသေသနအဖြစ် သုံးနိုင်သည်။[3][4]

မစ်တင်လီနီမြို့ရှိ ဥယျာဉ်တစ်ခုအတွင်း၌ (ရှေးခေတ်ဟောင်း ဂရိကဗျာ ဆရာမများ (ဘီစီ ၅၀၀-၆၀၀ ဝန်းကျင်)) ဆာဖို နှင့် အစ်ရင်းနာ၊ ဆစ်မီယန် ဆော့လမန်၏ ပန်းချီ (၁၈၆၄)

မှတ်စု

  1. sexual identity ဆိုသည်မှာ တစ်စုံတစ်ဦးသည် မိမိအတွက် ချစ်သူအဖြစ် (သို့) လိင်ဆက်ဆံဖက်အဖြစ် စိတ်ဝင်စားစရာကောင်းပါသည်ဟူ၍ မိမိကိုယ်ကို စဉ်းစားခြင်း ဖြစ်သည်။

ကိုးကား

  1. Lesbian Oxford Reference။ December 10, 2018 တွင် ပြန်စစ်ပြီး။
  2. Zimmerman, p. 453.
  3. Zimmerman၊ Bonnie, ed. (2000)။ Lesbian Histories and Cultures: An Encyclopedia။ 1 (Encyclopedia of Lesbian and Gay Histories and Cultures) (1st ed.)။ Garland Publishing။ p. 453။ ISBN 0-8153-1920-7
  4. Committee on Lesbian Health Research Priorities; Neuroscience and Behavioral Health Program; Health Sciences Policy Program, Health - Sciences Section - Institute of Medicine (1999)။ Lesbian Health: Current Assessment and Directions for the Future။ National Academies Press။ p. 22။ ISBN 0309174066October 16, 2013 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.