လက်စွပ်ကွင်း ဂလက်ဆီ

လက်စွပ်ကွင်း ဂလက်ဆီ သည် စက်ဝိုင်းကဲ့သို့ ပုံစံရှိသည့် ဂလက်ဆီဖြစ်ပြီး ၁၉၅၀ ခုနှစ်တွင် Art Hoag ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည့် Hoag's Object သည် နမူနာတစ်ခုပင်ဖြစ်သည်။[1] ကွင်းထဲတွင် နုပျိုကြီးမားသော ကြယ်ပြာများ တည်ရှိပြီး ယင်းတို့သည် အင်မတန် တောက်ပကြသည်။ အလယ်ဗဟိုတွင် အနည်းငယ်တောက်ပသည့် အရာဝတ္ထုများ တည်ရှိကြသည်။ နက္ခတ္တဗေဒပညာရှင်အချို့က လက်စွပ်ကွင်း ဂလက်ဆီများသည် ဂလက်ဆီကြီးတစ်ခု၏ ဗဟိုအား ဂလက်ဆီငယ်တစ်ခုမှ ဖြတ်ကျော်သွားသောကြောင့် ဖြစ်တည်လာသည်ဟု ယုံကြည်ကြသည်။ ဂလက်ဆီတစ်ခုတွင် များသောအားဖြင့် ဟင်းလင်းပြင်နေရာလွတ်များ တည်ရှိပေရာ ကြယ်တစ်ခုနှင့်တစ်ခု တိုက်မိသည်ဆိုသည်မှာ ရှားပါးလှသည်။

Hoag's Object, a ring galaxy. Another red ring galaxy can be seen behind it.


ပြခန်း


ကိုးး

  1. Hoag's Object: A Strange Ring Galaxy Astronomy Picture of the Day NASA (September 9, 2002)။
  2. A Cosmic Hit and Run 9 May 2016 တွင် ပြန်စစ်ပြီး။
  3. "One ring to rule them all" 2 April 2013 တွင် ပြန်စစ်ပြီး


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.