လစ်ဘရယ်ဝါဒ

လစ်ဘရယ်ဝါဒ ဆိုသည်မှာ လက်တင်ဘာသာ လွတ်လပ်ခြင်းဟု အဓိပ္ပာယ်ရသည့် လစ်ဘရယ်လစ် ဆိုသော စကားမှ ဆင်းသက်လာခြင်း ဖြစ်ပြီး [1] လွတ်လပ်ခြင်းနှင့် အခွင့်အရေးတန်းတူရှိခြင်းသည် အရေးပါသည်ဟု ယုံကြည်ယူဆသော ဝါဒဖြစ်သည်။ လစ်ဘရယ်ဝါဒကို စွဲကိုင်သူများသည် ထိုဝါဒနှင့် သက်ဆိုင်သော အချက်အလက်များ အပေါ်တွင် သူတို့၏ နားလည်မှု အပေါ်တွင် မူတည်၍ ယုံကြည်ယူဆချက် အတော်များများကို အားပေးထောက်ခံကြသည်။ ၎င်းတို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီဖြစ်ခြင်း၊ လစ်ဘရယ် ဒီမိုကရေစီဝါဒ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၊ လူ့အခွင့်အရေး၊ အရင်းရှင်စနစ် နှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်မှု တို့ ပါဝင်သည်။

လစ်​ဘ​ရယ်

လစ်ဘရယ်ဆိုသော ေဝါဟာရ အသုံးအနူန်းကို၊ (၁၄) ရာစုကပင် စတင်သုံးးစွဲ လာခဲ့သည်။ သို့သော်အဓိပ္ပါယ် အမျိုးမျိုးရှိခဲ့သည်၊၊ "လွတ်လပ်သော လူတန်းစား"( a class of free men) ၊ တနည်းအားဖြင့် မြေကျွန် (သို့) ငွေဝယ်ကျွန် မဟုတ်သော သူများဟု အဓိပ္ပါယ် ရှိခဲ့သည်၊၊ ထို့အပြင်၊ အစားအသောက် ကူညီပေးကမ်းမူ၌ ၊ရက်ရောသည် (သို့) လူမူရေး သဘောထား ရိုးသားပွင့်လင်းသည် ဟူ၍လည်း အဓိပ္ပါယ် များရှိခ့ဲသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း လစ်ဘရယ်၏ အဓိပ္ပါယ်ကို အတွေးအခေါ်ပွင့်လင်းခြင်းနှင့် လွတ်လပ် စွာရွေးချယ်ခြင်း ဟူ၍လည်း အဓိပ္ပါယ်ဆက်စပ် နားလည်လာခဲ့ကြသည်၊၊ လစ်ဘရယ်ဝါဒ (Liberalism) ဟူသော အသုံးအနူန်းကိုမူ ၊အလွန်နောက်ကျပြီးမှ သုံးစွဲလာခဲ့သည်၊၊ ၁၉ ရာစု အစောပိုင်း ကာလအထိ၊ "လစ်ဘရယ်ဝါဒ " ဟူသော အသုံးအနုူန်းကို မတွေ့ရသေးပေ၊၊ ၁၈၁၂ ခုနှစ်တွင်၊ စပိန်၌ စတင်သုံးစွဲခဲ့ပြီး၊ ၁၈၄၀ ခုနှစ် များမှ စတင်ကာ၊ ဥရောပတခွင်လုံး၌၊ မတူကွဲပြားသော နိုင်ငံရေးအတွေးအခေါ်တခု (a dinstictive set of political ideas) ဟုရည်ညွန်းပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခဲ့သည်၊၊ စနစ်ကျသော နိုင်ငံရေးအယူဝါဒ (Political Creed) အဖြစ် လစ်ဘရယ်ဝါဒသည် ၁၉ ရာစု မတိုင်ခင်အထိမရှိခဲ့သော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်က၊ စတင်ပေါ်ပေါက်ကာ ဖွံဖြိုးတိုးတက်လာသော၊ အတွေးအခေါ်များနှင့် သီ၀ရီများပေါ်တွင် ၊အခြေခံသော ဝါဒဖြစ်သည်၊၊ ဥရောပတွင် မြေရှင်ပဒေသရာဇ် စနစ်ကျဆုံးပြီး ၎င်းနေရာတွင် အစားထိုး ဝင်ရောက်ကြီးထွားလာသော ဈေးကွက် (သို့) အရင်းရှင် လူမူ အဖွဲ့အစည်း၏ အကျိုးဆက်အဖြစ် လစ်ဘရယ်အတွေးအခေါ်များ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်၊၊ လစ်ဘရယ်ဝါဒသည် အသစ်ပေါ်ထွန်းလာသော လူလတ်တန်းစားတို့၏ အကျိုးစီးပွားနှင့် မြေရှင်ပဒေသရာဇ်တို့၏ အကြွင်းမဲ့အာဏာတို့ ပဋိပက္ခများကို ထင်ဟပ်သည်၊၊ လစ်ဘရယ်အတွေးအခေါ်သည် အခြေခံကစပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားသော အတွေးအခေါ် ဖြစ်သည်၊၊ ဖြစ်နိုင်လျှင် တဆင့်ဆင့် တချိန်ချိန်၌ တော်လှန်ပြောင်းလဲပြစ်လိုသော အတွေးအခေါ် သဘောထားလည်းရှိသည်၊၊ ရှေးက လစ်ဘရယ် အတွေးအခေါ်ဟူ၍ နိုင်ငံရေး သဘောတရားတခုအဖြစ် မရှိခဲ့သော်လည်း ၁၇ ရာစု အင်္ဂလိပ်တော်လှန်ရေး၊ ၁၈ ရာစု အမေရိကန် နှင့် ပြင်သစ်တော်လှန်ရေး တို့သည် လစ်ဘရယ်အတွေးအခေါ်၏ အရိပ်လက္ခဏာ ပြယုဂ်များဖြစ်ကြသည်၊၊ လစ်ဘရယ်ဝါဒီများသည် အကြွင်းမဲ့ အာဏာကျင့်သုံးသော မြေရှင်ပဒေသရာဇ် စနစ်ကို ယှဥ့်ပြိုင် စိန်ခေါ်ခဲ့ကြသည်၊၊ အကြွင်းမဲ့ အာဏာ စနစ်နေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချူပ်သော အစိုးရစနစ်ကို ကျင့်သုံးရန်နှင့် နောက်ပိုင်းတွင် ပြည်သူလူထုကိုယ်စားပြု အစိုးရစနစ်ကို ကျင့်သုံးရန် တိုက်ပွဲဝင်ခဲ့ကြသည်၊၊ လစ်ဘရယ်ဝါဒီများသည် မြေရှင်ပဒေသရာဇ်စနစ်၏ တရားမျှတမူကင်းမဲ့ခြင်းနှင့် မြေပိုင်ရှင် သူကောင်းမျိုးရိုးတို့၏ နိုင်ငံရေး နှင့် စီးပွားရေးတွင်၊ အခွင့်အရေးတူခြင်းတို့ကို အပြင်းအထန် ေ၀ဖန်ရူတ်ချခဲ့ကြသည်၊၊ ထို့အပြင် သူတို့သည် ဘာသာရေးတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်အတွက် တိုက်ပွဲဝင်သော လှူပ်ရှားမူများကို အားပေးထောက်ခံပြီး ဘုရားကျောင်းတော်များ၏ လုပ်ပိုင်ခွင့်အာဏာကို အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။ ၁၉ -ရာစုကို လစ်ဘရယ်ရာစုနှစ် ဟုခေါ်ဆိုရမည်ဖြစ်သည်၊၊ ဥရောပတခွင်၌ စက်မူတော်လှန်ရေး ပျံ့နှံ့ခဲ့ပြီး ၊လစ်ဘရယ် အတွေးအခေါ်အောင်ပွဲခံလာသောကြောင့် ဖြစ်သည်၊၊ လစ်ဘရယ်ဝါဒီများသည် ၊အစိုးရ၏စွက်ဖက်မူမှကင်းသော ၊စက်မူနှင့် ဈေးကွက် စီးပွားရေးစနစ်ကို ထောက်ခံတင်ပြခဲ့ကြသည်၊၊ ဤစီးပွားရေးစနစ်တွင် စီးပွားရေးသမားများအား၊ "အမြတ်" ရှာခွင့်ပြုရမည်ဖြစ်ပြီး ၊နိုင်ငံအစိုးရများက၊ တနိုင်ငံနှင့် တနိုင်ငံ လွှတ်လပ်စွာ ကုန်သွယ်ခွင့်ကို အားပေးရမည်ဖြစ်သည်၊၊ ဤကဲ့သို့သော စက်မူအရင်းရှင် စီးပွားရေးစနစ်သည် ၊အင်္ဂလန်နိုင်ငံ၌ ၊၁၈ ရာစုအလယ်ပိုင်း လောက်မှ စတင်ပြီး၊ ပထမဦးဆုံးဖြစ်ထွန်း တိုးတက်ခဲ့သည်၊၊ ၁၉ ရာစု အစောပိုင်းလောက်တွင်မူ ၊ အင်္ဂလန်နိုင်ငံတွင်၊ ဤစီးပွားရေး စနစ်လုံး၀အခြေခိုင် သွားခဲ့ပြီဖြစ်သည်၊၊ နောက်ပိုင်းတွင် စက်မူအရင်းရှင် စီးပွားရေးစနစ်သည်၊ မြောက်အမေရိကနှင့် ဥရောပသို့ပြန့်နှံ့ ရောက်ရှိသွားသည်၊။ ဥရောပတွင်၊ အနောက်ဥရောပသို့ ပထမဆုံး ပြန့်နှံ့ရောက်ရှိပြီးနောက်ပိုင်းတွင် ၊တဖြည်းဖြည်း အရှေ့ဥရောပသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်၊၊ ၂၀-ရာစု အတွင်း၌ ၊လူမူရေးနှင့် နိုင်ငံရေး ဖွံ့ဖြိ်ုးတိုးတက်မူကို အနောက်တိုင်းစံဖြင့် တိုင်းတာလာသောအခါ၊ အာဖရိက၊ အာရှ နှင့် လက်တင် အမေရိက တို့မှ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား၊ စက်မူ အရင်းရှင်စီးပွားရေးစနစ်သည်၊ များစွာ ဆွဲဆောင်မူရှိလာခဲ့သည်၊၊ သို့ရာတွင်၊ တတိယကမ္ဘာမှ အချို့သော နိုင်ငံများသည်၊ လစ်ဘရယ် အရှင်းရှင်ဝါဒ၏ ဆွဲဆောင်မူအားကို တွန်းလှန်ကြသည်၊၊ အဘယ်ကြောင့်ဆိုသော် ၎င်းနိုင်ငံများ၏ နိုင်ငံရေး ယဉ်ကျေးမူ (Political Culture) သည်၊ တဦးချင်း အကျိုးစီးပွားထက် ၊လူ့အဖွဲ့အစည်းတခုလုံး၏ အကျိုးစီးပွားကိုသာ ၊အလေးထား ဦးစားပေးသောကြောင့် ဖြစ်သည်၊၊ ဤကဲ့သို့သော နိုင်ငံများ၌ အနောက်တိုင်း လစ်ဘရယ်ဝါဒထက် ဆိုရှယ်လစ်ဝါဒ (သို့မဟုတ်) အမျိူးရေး ဝါဒ ထွန်းကားရန် ၊ရေခံ၊ မြေခံကောင်းများကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ဂျပန်တွင် စက်မူအရင်းရှင် စီးပွားရေးစနစ်ဖွံ့ဖြိုး အောင်မြင်လာသောအခါ ဂျပန်စနစ်ကို တဦးချင်းအကျိူးစီးပွားထက် လူအဖွဲ့အစည်းတခုလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသော အသွင် လက္ခဏာရှိသည်ဟြ ယူဆရန် အကြောင်းဖြစ်ပေါ်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်၌ စက်မူအရင်းရှင် စီးပွားရေးစနစ်အခြေခိုင်လာရခြင်းမှာ တဦးချင်းအကျိုးစီးပွားကို အခြေမခံဘဲ အစဉ်အလာ၊ အတွေးအခေါ် ဖြစ်သော၊ လူအများ (အမျိုးသား) အပေါ် သစ္စာစောင့်သိမူ နှင့်တာဝန် ယူမူတို့အပေါ်တွင် အခြေခံ တည်ဆောက်ထားသောကြောင့် ဖြစ်သည်၊၊ အနောက်တိုင်းနိုင်ငံရေး စနစ်များကို လစ်ဘရယ်ဒီမိုကရေစီစနစ်ဟု ခေါ်ဆိုရခြင်းမှာ၊ ၎င်းနိုင်ငံရေးစနစ်များကို လစ်ဘရယ် အတွေးအခေါ်၊ စံနုူန်း များဖြင့် ပုံသွန်းထားသောကြောင့်ဖြစ်သည်၊၊ အနောက်တိုင်းနိုင်ငံရေးစနစ်များတွင် အစိုးရများသည် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံ ဥပဒေအရသာ၊ အုပ်ချူပ်ကြရသည်၊၊ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံ ဥပဒေတွင် ၊အစိုးရ၏ အာဏာကို ကန့်သတ်ထားပြီး ပြည်သူ လူထု၏ လွတ်လပ်ခွင့်များကို အကာအကွယ် ပေးထားသည်၊၊ အစိုးရသည်၊ ပြည်သူလူထု ကို ကိုယ်စားပြုသော အစိုးရ ဖြစ်ရသည်၊၊ အစိုးရ အာဏာကို ရရှိရန်၊ နိုင်ငံရေး ပါတီများသည်၊ ပြည်သူလူထု၏ ဆန္ဒကို ခံယူသော ၊ရွှေးကောက်ပွဲ များ၌၊ ယှဉ်ပြိုင်၍ အရွှေးချယ်ခံကြရသည်၊၊ "လစ်ဘရယ် ဒီမိ်ုကရေစီ စနစ်" သည်၊အနောက်ဥရောပ နှင့်မြောက် အမေရိက တို့၌၊ ပထမ ဦးဆုံး ဖွံ့ဖြိုးလာခဲ့ပြီး ၊နောက်ပိုင်းတွင် တတိယ ကမ္ဘာနုင်ငံ အများအပြား တွင်၊အမြစ်တွယ် သွားခဲ့ရသည်၊၊ ၁၉၁၉-၉၀တော်လှန်ရေး များနောက်ပိုင်း၌ ၊အရှေ့ ဥရောပ နိုင်ငံများတွင်လည်း ၊လစ်ဘရယ် ဒီမိုကရေစီ စနစ်ကျင့်သုံးလာကြသည်၊၊ အနောက်တိုင်း ပုံစံ လစ်ဘရယ် ဒီမိုကရေ စီ စနစ် ကျင့်သုံးလာကြသည်၊၊ အနောက်တိုင်း ပုံစံ လလစ်ဘရယ် ဒီမိုကရေစီၤစနစ် ကို၊ အချို့သောအာရှ နှင့် အာဖရိက နိုင်ငံများ၊ လွတ်လပ်ရေး ရပြီးနောက် ကျင့်သုံးခဲ့ကြသည်။ သို့ရာတွင် အချို့သောနိူင်ငံများ၌ သာအောင်မြင်ပြီး၊ တချို ့နိုင်ငံများတွင် မအောင်မြင်ချေ၊ အောင်မြင်သော နိူင်ငံများတည်းတွင်၊အာရှတိုက် မှအန္ဒိယ နိုင်ငံသည် ၊ကမ္ဘာ့အကြီးဆုံး လစ်ဘရယ်ဒီမိုကရေစီ စနစ်ကျင့်သုံးသော ၊နိုင်ငံဖြစ်လာသည်၊၊ အချို့သော နိုင်ငံများ ၌ လစ်ဘရယ် ဒီမိုကရေစီၤစနစ်၊ မအောင်မြင်ဘဲ၊ ပြို ပျက်သွားရခြင်းမှာ၊ စက်မူအရင်း ရှင်စနစ် မထွန်းကား ၍တကြောင်းနှင့် ၎င်းနိုင်ငံများ၏ တိုင်းရင်းဖြစ် နိုင်ငံရေး ယဉ်ကျေး မူသဘော၀ တို့ကြောင့် တကြောင်းဖြစ်သည်၊၊ ထိုကဲ့သို့သော နိုင်ငံများ၏ ၊တိုင်းရင်းဖြစ် နိုင်ငံရေး ယဉ်ကျေးမူများနှင့်မတူဘဲ ၊အနောက်နိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမူသည်၊ လစ်ဘရယ် -အရင်းရှင်စံနူန်း (Liberal- Capitalist Values) များ၊အခြေခံ အုပ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်၊၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်နှင့်လွတ်လပ်စွာ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် ....စသော၊လစ်ဘရယ် ဝါဒ အတွေးအခေါ်များသည်၊ အနောက်တိုင်း လူ့အဖွဲ့အစည်းများ၌ ၊ယုံမှား သံသယဖြစ်ခြင်း ၊ငြင်းဆို ကန့်ကွက် ခြင်း မရှိတော့ဘဲ ၊မဖေါက်မပြန် မြဲ မြန်သော နိင်ငံ ရေး ယဉ်ကျေးမူ အဖြစ်၊နက်နက် ရိူင်းရိူင်း အမြစ်တွယ်နေပြီးဖြစ်သည်၊၊ လစ်ဘရယ် ဝါဒသည်၊ စက်မူဖွံ့ဖြိုးသော အနောက်တိုင်း ၌၊ ဩဇာတိက္ကမ ကြီးမားသော၊နိုင်ငံရေး သဘောတရား တရပ် ဖြစ်နေပြီဖြစ်သည်၊၊တချို့သော နို်င်ငံရေး တွေးခေါ်ရှင်များက လစ်ဘရယ်ဝါဒ နှင့်အရင်းရှင် ဝါဒတို့အကြား၊ ပေါင်းကူးဆက်စပ် မူသည် မလွဲမသွေ လိုအပ်သည်ဟု ဆိုကြသည်၊၊ မက်(စ်) ဝါဒီများကမူ လစ်ဘရယ် အတွေးအခေါ်များသည် အရင်းရှင် လူမူအဖွဲ့အစည်းအတွင်း ၊ ဓနဥစ္စာ ပိုင်ဆိုင်သော၊ အုပ်ချူပ် သူလူတန်းစား၏ စီးပွားရေး အကျိုးအမြတ် ကိုထင်ဟပ်သည် ဟုယုံကြည်ကြသည်၊၊ သူတို့က လစ်ဘရယ်ဝါဒကို ဘူဇွာ သဘောတရား (Bourgeois Ideology)ဟု သမုတ်ကြသည်၊၊ အခြား တဖက်တွင်၊ Friendrich Hayek ကဲ့သို့သော၊ လစ်ဘရယ်အတွေးခေါ် ရှင်များကလည်း၊ "ပုဂ္ဂလိက ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့်၊အသုံးပြုခွင့် နှင့်ထုခွဲ ရောင်းချ ပိုင်ခွင့် စသော၊ စီးပွားရေး လွတ်လပ် ခွင့် (Economic freedom) ကို၊ နိုင်ငံရေး လွတ်လပ်မူ (Political Liberty) ရှိရန် အတွက်၊မဖြစ်မနေ အာမခံချက်ပေးရမည်။ ထို့ကြောင့် လလစ်ဘရယ် ဒီမိုကရေစီ နိင်ငံရေး စနစ် နှင့် ပြည်သူလူထုတို့၏ လွတ်လပ်ခွင့်များကို ၊လေးစားအသိအမှတ် ပြုမူတို့သည်၊ အရင်းရှင် စီးပွားရေး စနစ် ဘောင်အတွင်း မှာသာဖြစ်နိုင်သည် " ဟု ယုံကြည်ကြသည်၊၊ လစ်ဘရယ် ဝါဒသည်၊တဖက် ကအောင်မြင်မူ ရလာသကဲ့သို့အခြားတဖက် ၌လည်း အခက်အခဲ့များနှင့် ရင်ဆိုင်ရသည်၊၊ အနောက်တိုင်း၌ လစ်ဘရယ်ဝါဒ နှင့် အနောက်တိုင်း ယဉ်ကျေးမူ တို့ကိုခွဲ ခြား၍ မရလောက်အောင်၊ နိူင်ငံရေး နှင့် စီးပွားရေး ဘ၀ တိ်ု့တွင်၊လစ်ဘရယ် အတွေးအခေါ် များနှင့် စံနူန်းများသည် ၊နက်နက် ရိူင်းရိူင်း အမြစ်တွယ်လာသောကြောင့်ဖြစ်သည်၊၊ ထို့အပြင် လစ်ဘရယ် ဝါဒကို ပြိုင်ဖက်ဖြစ်သော ကွန်ဆားဗေးတစ်ဝါဒ ၊ ဆိုရှယ်လစ်ဝါဒ တို့နှင့် အလွယ် တကူခွဲ ခြား၍ မရ နိုင်လောက်အောင် အတွေးအခေါ် များ ရောလုံး ယှက်တင် ဖြစ်လာ၍ လည်းဖြစ်သည်၊၊ ဤကဲ့သို့ဖြစ်ရခြင်း မှာ ၊ကွန်ဆာဗေးတစ် ဝါဒ နှင့်ဆိုရှယ်လစ် ဝါဒ တို့သည်၊လစ်ဘရယ် ဝါဒကို အတုခိုးနည်း ယူလာကြသော ကြောင့်ဖြစ်သည်၊၊ အကျိုးရလဒ် အားဖြင့် လစ်ဘရယ် နိုင်ငံရေး ပါတီများ အနေဖြင့်၊ရွှေးကောက်ပွဲ များ၌၊ ၎င်းတို့၏ ဆွဲ ဆောင်မူ စွမ်းအားကို၊ ထိန်းသိမ်း ထားရန် အခက်အခဲ နှင့် ရင်ဆိုင်လာကြရသည်၊၊ သာဓက အားဖြင့် အင်္ဂလန် နိူင်ငံတွင် လစ်ဘရယ်ပါတီသည် ၁၉၈၁ ခုနှစ်၌၊ ဆိုရှယ် ဒီမိုကရက် ပါတီနှင့် ရွေးကောက်ပွဲ မဟာမိတ် ပြုလုပ်ခဲ့ရပြီး၊ နောက်ပိုင်း ၁၉၈၈ ခုနှစ်၌ ၊၎င်းပါတီနှင့် ပူးပေါင်းကာ၊ လစ်ဘရယ် ဒီမို ကရက်တစ်ပါတီ ကို ထူထောင်လိုက်ရခြင်းမျိုးဖြစ်သည်၊၊ (၂၀) ရာစုနှစ်များ အတွင်း၊လစ်ဘရယ်ပါတီသည် လစ်ဘရယ်ဝါဒ အတွေးအခေါ် မူများနှင့် ဆင်တူယိုးမှား ကျင့်သုံးလာသော၊ လေဘာပါတီ နှင့်ကွန်ဆာဗေးတစ်ပါတီများ ကို ရွေးကောက်ပွဲ များ၌ အရူံး နှင့်ချည်း ရင်ဆိုင်ခဲ့ရသည်၊၊ ဥပမာ ၁၉၄၅ ခုနှစ် William Beveridge ၏ လေဘာပါတီစီမံ ကိန်းဖြစ်သော ၊တိုးချဲ ပြည်တော်သာစီမံကိန်းသည် ၊လစ်ဘရယ် အတွေးအခေါ် သာဖြစ်သည်။ ထို့အပြင် မာဂရက် သက်ချာ လက်ထက်၊ ကွန်ဆာဗေးတစ် ပါတီ၏ "ဈေးကွက် စီးပွားရေးစနစ်"သည်လည်း ၊ကနဦးလစ်ဘရယ် စီးပွားရေး တွေးခေါ်ရှင် အဒမ်စမစ် (Adam Smith) ၏ လစ်ဘရယ် အတွေးအခေါ် များကို လုံး၀ အတုခိုး နည်းယူထားခြင်းသာဖြစ်သည်။ ၁၉ ရာစု နှင့် ၂၀ ရာစု အတွင်း၊ သမိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မူများသည်၊ လစ်ဘရယ် သဘောတရား အပေါ်များစွာ ၊ဩဇာ သက်ရောက်မူရှိ်ခဲ့သည်။ အသစ်ပေါ် ထွန်းလာသော အလယ်လတ် တန်းစားလူတန်းစား များ၏၊ နိုင်ငံရေး နှင့်စီးပွားရေး အောင်မြင်မူ ရှိလာသည်နှင့် အမျှ၊လစ်ဘရယ် ဝါဒ၏ အသွင်လက္ခဏာသည်လည်း၊ပြောင်းလဲလာခဲ့သည်၊၊ လစ်ဘရယ် ဝါဒ၏ အောင်မြင်မူ နှင့်အတူ ၊ပြုပြင်ပြောင်းလဲရေး နှင့်တော်လှန်ပြောင်းလဲ ပစ်လို သော၊အတွေးအခေါ် များလည်း မှေးမှိန်သွားခဲ့ရသည်။ ပြုပြင်ပြောင်းလဲ မူထက်၊ ရှိဆဲ လစ်ဘရယ် ဝါဒသည် တဖြည်းဖြည်း ကွန်ဆာဗေးတစ် ဆန်လာခဲ့သည်း။ သို့သော် လစ်ဘရယ် အတွေးအခေါ် များအား ရပ်တန့်မသွားခဲ့ချေ။ ၁၉ ရာစု နောက်ဆုံးပိုင်းကာလမှ စ၍၊ စက်မူဖွံ့ဖြိုးတိုးတက်လာမူသည်၊ လစ်ဘရယ် ဝါဒီများကို ၊ရှေးဟောင်း လစ်ဘရယ် အတွေးအခေါ် များအား၊ ပြန်လည်ပြင်ဆင် ရန်တွန်အားပေးခဲ့သည်၊၊ ရှေးဟောင်း လစ်ဘရယ်ဝါဒီများက ၊ပြည်သူလူထု အရေးအရာ ကိစ္စများ၌၊ အစိုးရ စွက်ဖက်မူ နည်းနိုင်သမျှ နည်းရန် ကိုသာလို လားခဲ့သော်လည်း၊ ခေတ်သစ် လစ်ဘရယ် ဝါဒီများသည်၊ အစိုးရ အနေဖြင့်၊ ကျမ်းမာရေး၊အိုး၊အိမ်၊ပညာရေး၊ အိုမင်းမစွမ်းသူများ အားစောင့်ရှောက်ရေးစသော လူမူဖုံလူုံရေး လုပ်ငန်းများကို တာဝန် ယူသင့်သည်ဟု ယူဆလာကြသည်၊၊ ထို့အပြင်၊အစိုးရ အနေဖြင့်၊ စီးပွားရေးတွင် လည်း စီမံခန့်ခွဲပေးရန် လိုအပ်သည်ဟု ယုံကြည်လာကြသည်။ ဤသို့ဖြင့် လစ်ဘရယ် ဝါဒ တွင်၊ ရှေးဟောင်း လစ်ဘရယ်ဝါဒ နှင့် ခေတ်သစ် လစ်ဘရယ် ဝါဒ အတွေးအခေါ် များဟူ၍၊လစ်ဘရယ် အတွေးအခေါ် အစဉ်အလာ နှစ်ခု ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရသည်၊၊ (၂) လူတဦးချင်း ကောင်းစားရေး ဝါဒ (သို့)ပုဂ္ဂလိက ဝါဒ (Individulism)

(က) လူတဦးချင်း (The Individual) လူတဦးချင်း ကောင်းစားရေ ဝါဒ (သို့) ပုဂ္ဂလိက ဝါဒ (Individualism) သည်၊လူတဦးချင်းစီ၏ အဓိက အရေးပါမူ ကို၊ယုံကြည် သော ဝါဒဖြစ်သည်။ လစ်ဘရယ်တွေးအခေါ် များသည်၊ လူအုပ်စု၊လူ့society အဖွဲ့အစည်း (သို့) စုပေါင်း အကျိုးစီးပွား ထက်၊ လူတဦးချင်း စီ၏ အကျိုးစီးပွား နှင့် လိုအပ်ချက် များကို အဓိက ထားသည်၊၊ မြေရှင်ပဒေသရာဇ် ခေတ်က လူ့society အဖွဲ့အစည်း အတွင်း ၊လူပုဂ္ဂိုလ် တဦးချင်းစီ၏ ၊အကျိုးစီးပွားနှင့် အရေးပါမူကို၊ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ချေ၊၊ လူများကို သူတို့နှင့် သက်ဆိုင်သော၊လူတန်းစား ကျေးရွာ ၊မိသားစု၏ အသွင်လက္ခဏာကို ကြည့်၍၊ မည်သူ မည်ဝါ ဟု ဆုံးဖြတ်သည်၊၊ သို့သော် မြေရှင်ပဒေသရာဇ် စနစ်ကျဆုံးသွားသော အခါ ၊ လူတဦး ချင်းစီအတွက် ၊လူမူရေး ဖြစ်နိုင်ခြေ ရွှေးချယ် စရာများ ရှိလာသည်၊၊ လူတဦးချင်း စီသည် ၊ မိမိအတွက် စဉ်းစားရန် အခွင့်အရေး ရလာသည်၊၊ ဥပမာ -မြေကျွန် တဦးအနဖြင့်၊ သူ့ကျွန်ခံနေ ရသော၊ အရှင်သခင်၏ မြေယာ၌ ၊ တသက်လုံး နေထိုင်ကာ ၊ထွန်ယက် စိုက်ပျိုးရသည့် အလုပ်တခုတည်း ကိုသာ နေထွက်မှ နေဝင် လုပ်ကိုင်နေ စရာမလို တော့ချေ၊ လွတ်လပ် သူဖြစ်လာ၍၊ စည်ပင်လာသည့် မြို့ပြသို့သွားရောက်ကာ၊ သူနှစ်သက်သော အလုပ်ရှင် နှင့် အလုပ် အကိုင်ကို၊ သူသဘောအတိုင်း ရွှေးချယ်လုပ်ကိုင်ခွင့် ရှိလာသည်၊၊ မြေရှင်ပဒေသရာဇ် စနစ်ပျက်သုန်း သွားသောအခါ ၎င်းနေရာ၌ ၊စဉ်းစားတွေးခေါ် မူ အသစ်နှင့် ခေတ်သစ်သို့ရောက်ရှိလာသည်။ ညဏ် အမြင် ပွင့်လင်းလာသော ခေတ် (The Age of Enlightement) (သို့) ဆင်ခြင်ညဏ် အသုံးပြုသော ခေတ်(The Age of Reason) ဟု ခေါ်ဆိုကြသည်၊၊ အစဉ်အလာ ဘာသာရေး အတွေးအခေါ်၊ သီ၀ရီများနေရာတွင် ၊အကျိုးအကြောင်း ဆီလျှော်ပြီး၊ သိပ္ပံ နည်းကျသော ဖြေရှင်းချက် များသီ၀ရီများ တဖြည်းဖြည်း ဝင်ရောက် နေရာယူလာသည်။ လူ့အဖွဲ ့အစည်း (society) ကို လူတဦးချင်း စီဖြင့် ပါဝင်ဖွဲ့စည်းထားသည် ဟူသည့် အမြင် ရူထောင့် မှ နားလည်လာကြသည်၊၊ လူတဦးချင်းစီသည် တန်ဖိုးရှိသည် ၊ ထူးခြားသော အရည်အချင်း ကိုယ်စီ ရှိသည်ဟု နားလည်လက်ခံလာကြသည်၊၊ ဤအချက် ကို ၁၆ ရာစု နှင့် ၁ရ ရာစုများအတွင်း၊ဖွံ့ဖြိုးတိုးတက်လာသော "သဘာ၀ အခွင့်အရေး သီ၀ရီများ" (Natural Right Theories) က သက်သေထူသည်။ "သဘာ၀ အခွင့်အရေး သီ၀ရီများက၊လူသားတဦးချင်းစီ တွင် ဘုရားသခင်က ပေးထားသော၊ သဘာ၀ အခွင့်အရေး များရှိသည်" ဟုဆိုကြသည်၊၊ ဂျွန်လော့(စ်) (John Locke)က၊ ၎င်းသဘာ၀ အခွင့်အရေးများသည် ၊အသက်ရှင်နေထို်င်ခွင့်၊လွတ်လပ်ခွင့် နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် များဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်၊၊ လူတဦးချင်းစီသာ ဤအခွင့်အရေးမျးရှိသောကြောင့်၊လူတဦး ချင်းသည်၊ မည်သည့်လူအုပ်စု၊လူမူအဖွဲ့အစည်း မဆို ထက်ပို့၍အရေးင်္ကြီးသည်ဟု သဘာ၀ အခွင့်အရေး သီ၀ရီ ထုတ်သူများက ယုံကြည်ကြသည်၊၊ ထို့ကြောင့် လူ့အဖွဲ့အစည်း (Society) ကို လူတဦးချင်းစီ၏ ၏ အကျိုးစီးပွား နှင့် လိုအပ်ချက် တို့ကို အကာအကွယ်ပေးပြီး တည်ဆောက်သင့် သည်ဟု ၎င်းတို့က ထုတ်ဖော် တင်ပြခဲ့ကြသည်၊၊ ဤ လူတဦးချင်းစီ၏ အရေးပါမူကို ၊ လက်ခံယုံကြည်မူသည် လစ်ဘရယ်အတွေးအခေါ်များအပေါ် ဩဇာ သက်ရောက်ခဲ့ပြီး၊ လစ်ဘရယ် သဘောတရား၏ ထူးခြားသော ဂုဏ်အင်္ဂါလည်းဖြစ်လာခဲ့ရသည်၊၊ ဤ ယုံကြည်မူသည် ၊လစ်ဘရယ်ဝါဒီများအား ၊လူ့အဖွဲ့အစည်း (Society)သည်၊ လူတဦးချင်းစီ ပါဝင်သည့် အစုအစည်း ဖြစ်ကြောင်း ၊ထို အစုအစည်း ဖြစ်သော လူ့အဖွဲ့အစည်း ထည်းတွင်၊လူတဦးချင်းစီ သည်၊ ၎င်းတို့၏ အကျိုး စီးပွားနှင့်လိုအပ်ချက်များကို အားထုတ်ရှာဖွေ ကြကြောင်း အမြင်ရှိစေခဲ့သည်၊၊

ဤအမြင်ကို လူတဦးချင်း အခြေပြု ဝါဒ (သို့)အဏုမြူဝါဒ (Atomism)ဟု ခေါ်ဆိုကြသည်။ ဤအမြင်ဝါဒ တွင် လူတဦးချင်းစီကို လူ့အဖွဲ့အစည်း (Society) အတွင်း၌ သီးခြားစီ ရှိနေသော အခြေခံ အဏုမြူများ (Isolated Atomis) ဟုရူမြင်စဉ်းစားသည်၊၊ ဤအမြင်ဝါဒ အရ လူ့အဖွဲ့အစည်း (Society) သည် ၊အမှန်အားဖြင့် မရှိ၊၊စင်စစ်အားဖြင့် လူ့အဖွဲ့အစည်း (Society) ဆိုသည်မှာ မိမိကိုယ်မိမိ ယုံကြည် အားကိုးသော၊လူတဦးချင်းစီ ပါဝင်သော အစုအေ၀းသာ ဖြစ်သည်ဟု ယူဆကြသည်၊၊ ဤကဲ့သို့သော လူတဦးချင်းကောင်းစားရေး ဝါဒ (သို့)ပုဂ္ဂလိက ဝါဒ သည်၊လူတဦးချင်း စီသည် ကိုယ့်အကျိုးကိုသာ ကိုယ်ကြည့် တတ်သည်၊၊ ကိုယ့်အစွမ်းကို ကိုယ်အားကိုးကာ ၊ကိုယ်ကျိူးကိုသာ ရှာတတ်သည်၊ ဟူသော ယူဆချက်အပေါ်တွင် အခြေခံသည်၊၊ ထို့ကြောင့် C.B.Mae Pherson က ရှေးဟောင်း လစ်ဘရယ်ဝါဒ (Possessive Individualism) သာဖြစ်သည်၊၊ အဘယ်ကြောင့်ဆိုသော် ၊၎င်းဝါဒသည် လူတဦးချင်းစီ ကို၊ မိမိကိုယ်ကို မိမိ၏ အရှင်သခင် (သို့)မိမိကိုယ်ကို မိမိ စွမ်းပကား၏ ပိုင်ရှင် ဟုသဘော ထားသည်၊၊ လူ့အဖွဲ့အစည်း အပေါ်၌ မည်သည့် တာဝန်မှ မရှိဟု သဘောထားသောကြောင့် ဖြစ်သည်၊ ဟုေ၀ဖန် ထောက်ပြသည်၊၊ ၎င်းသဘောထား နှင့် ဆန့်ကျင်ဖက်အားဖြင့် ၊ခေတ်သစ် လစ်ဘရယ် ဝါဒီများသည် ၊လူ့သဘာ၀ ကို ပိုမို၍ အပြုသဘော ဆောင်သောအမြင် ဖြင့် ရူမြင်လာကြသည်၊၊ သူတို့က တဦးချင်းစီသည် တဦးနှင့်တဦး အပြန်အလှန် လူမူရေး တာဝန် ရှိသည်၊။ အထူးသဖြင့် မိမိကိုယ် မိမိ တာဝန်ယူ နိုင်စွမ်း မရှိသော သူများကို ကြည့်ရူစောင့်ရှောက် ရန်တာဝန် ရှိသည်ဟု လက်ခံယုံကြည် လာကြသည်၊၊ လူ့သဘာ၀သည် ကိုယ်ကျိုးကိုသာ ကြည့်တတ်သည် ဟူ၍၎င်း ၊အများအကျိုး ကိုကြည့်တတ် သည်ဟူ၍ လည်းကောင်း၊ အယူအဆ မည်သို့ပင် ကွဲပြားကြသော်လည်း ၊လူတဦးချင်း စီအနေုဖြင့် မိမိကိုယ် စွမ်းညဏ်စွမ်း ရှိသမျှ၊ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ခွင့်ရှိသော၊ လူ့အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်ရန် ကိစ္စ၌ူမူ ၊လစ်ဘရယ် ဝါဒများသည် အယူအဆ ကွဲပြားမူ မရှိကြ၊ တစိတ်တည်း တသဘောတည်း ရှိကြသည်၊၊ [2][3][4][5][6] ထိုအယူအဆများကို လူအများစုက လက်ခံထားကြပြီး လစ်ဘရယ်ဖြစ်သည်ဟု တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသော နိုင်ငံရေးအဖွဲ့အစည်းများပင် ပါဝင်သည်။

ကိုးကား

  1. Latin Dictionary and Grammar Aid University of Notre Dame. Retrieved 2010-02-20.
  2. Kathleen G. Donohue။ Freedom from Want: American Liberalism and the Idea of the Consumer (New Studies in American Intellectual and Cultural History) Johns Hopkins University Press 2007-12-31 တွင် ပြန်စစ်ပြီး။ “Three of them - freedom from fear, freedom of speech, and freedom of religion - have long been fundamental to liberalism.”
  3. The Economist, Volume 341, Issues 7995-7997 The Economist 2007-12-31 တွင် ပြန်စစ်ပြီး။ “For all three share a belief in the liberal society as defined above: a society that provides constitutional government (rule by laws, not by men) and freedom of religion, thought, expression and economic interaction; a society in which ...”
  4. Sehldon S. Wolin။ Politics and Vision: Continuity and Innovation in Western Political Thought Princeton University Press 2007-12-31 တွင် ပြန်စစ်ပြီး။ “While liberalism practically disappeared as a publicly professed ideology, it retained a virtual monopoly in the ... The most frequently cited rights included freedom of speech, press, assembly, religion, property, and procedural rights”
  5. Edwin Brown Firmage, Bernard G. Weiss, John Woodland Welch။ Religion and Law: Biblical-Judaic and Islamic Perspectives Eisenbrauns 2007-12-31 တွင် ပြန်စစ်ပြီး။ “There is no need to expound here the foundations and principles of modern liberalism, which emphasizes the values of freedom of conscience and freedom of religion”
  6. John Joseph Lalor။ Cyclopædia of Political Science, Political Economy, and of the Political History of the United States Nabu Press။ 2007-12-31 တွင် ပြန်စစ်ပြီး။ “Democracy attaches itself to a form of government: liberalism, to liberty and guarantees of liberty. The two may agree; they are not contradictory, but they are identical, nor necessarily connected. In the moral order, liberalism is the liberty to think, recognized and practiced. This is primordial liberalism, as the liberty to think is itself the first and noblest of liberties. Man would not be free in any degree or in any sphere of action, if he were not a thinking being endowed with consciousness. The freedom of worship, the freedom of education, and the freedom of the press are derived the most directly from the freedom to think.”
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.