လန်ဒန် ဟိသ်ရိုး လေဆိပ်

လန်ဒန် ဟိသ်ရိုး လေဆိပ် (သို့) ဟိသ်ရိုး (IATA: LHR, ICAO: EGLL) သည် လန်ဒန်မြို့တော် ဟီလင်ဒန်မြို့နယ်တွင် တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်းတွင် အကြီးဆုံး လေဆိပ်ဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်နှင့် ဥရောပတွင် ဒုတိယမြောက် ခရီးသည်ဝင်ထွက်မှု အများဆုံး လေဆိပ်ဖြစ်သည်။ [2] ဟိသ်ရိုးသည် BMI လေကြောင်း၊ ဗြိတိသျှလေကြောင်းတို့၏ ဗဟိုအချက်အချာ ဖြစ်ပြီး ဗာဂျင် အတ္တလန္တိတ် လေကြောင်း အခြေစိုက်ရာ လေဆိပ်ဖြစ်သည်။

လန်ဒန် ဟိသ်ရိုး လေဆိပ်
London Heathrow Airport
  • IATA: LHR
  • ICAO: EGLL
  • WMO: 03772
    LHR
    Location of airport in Greater London
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
ပိုင်ဆိုင်သူBAA Limited
စီမံကွပ်ကဲသူHeathrow Airport Limited
တည်နေရာလန်ဒန်မြို့ယူကေ
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
  • BMI
  • British Airways
ပင်လယ်မျက်နှာပြင် အထက်၈၃ ပေ / ၂၅ မီတာ
ဝက်ဘ်ဆိုဒ်www.heathrowairport.com
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
09L/27R 3,901 12,799 နိုင်လွန်ကတ္တရာ
09R/27L 3,660 12,008 နိုင်လွန်ကတ္တရာ
ကိန်းဂဏန်း အချက်အလက်များ (2009)
လေယာဉ် အဝင်အထွက်466,393
ခရီးသည်66,036,957
အခြေစိုက် လေယာဉ်~252
Sources: UK AIP at NATS[1]
Statistics from the UK Civil Aviation Authority

ဟိသ်ရိုးသည် လန်ဒန်မြို့လယ်ခေါင်၏ အနောက်ဘက် ၂၂ ကီလိုမီတာ (၁၄ မိုင်) အကွာတွင်[1] တည်ရှိပြီး အရှေ့မှအနောက်သို့ ပြိုင်တန်းနေသည့် လေယာဉ်ပြေးလမ်း ၂ လမ်းရှိသည်။ လေဆိပ် တာမီနာ အမှတ် ၅ ကို ၂၀၀၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အယ်လီဇဘက် ဘုရင်မမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.