လာဖော်တာလဲဇာ

လာဖော်တာလဲဇာ သည် ပြူရီတိုရီကို ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တရားဝင်နေအိမ်တော် ဖြစ်သည်။ ၎င်းအား ၁၅၃၃ ခုနှစ် နှင့် ၁၅၄၀ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့ပြီး ဆန်ဂွမ်းသင်္ဘောဆိပ်အား ကာကွယ်ရန် ဖြစ်သည်။ ထိုအဆောက်အဦးအား "ပလာစီယို ဒီ ဆန်တာ ကက်တလီးနား" (ဆန်တာ ကက်တလီးနား နန်းတော်) ဟုလည်း ခေါ်ကြသည်။ ၎င်းသည် ကမ္ဘာသစ်၌ ဆက်တိုက်အသုံးပြုလျှက်ရှိသော ရှေးအကျဆုံး အရာရှိစံအိမ် ဖြစ်သည်။ ၎င်းအား ၁၉၈၃ ခုနှစ်တွင် ယူနက်စကိုမှ "ပြူရီတိုရီကို ရှိ လာဖော်တာလဲဇာ နှင့် ဆန်ဂွမ်း နိုင်ငံတော်သမိုင်းဝင်နယ်မြေ" ၏ တစ်စိတ်တစ်ဒေသ အဖြစ် ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။

ပြူရီတိုရီကို ရှိ လာဖော်တာလဲဇာ နှင့် ဆန်ဂွမ်း နိုင်ငံတော်သမိုင်းဝင်နယ်မြေ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း vi
ကိုးကား ၂၆၆
ဒေသ** ဥရောပ နှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

၁၆၄၀ ခုနှစ် တွင် ပြန်လည်တည်ဆောက်ရာ၌ နဂိုမူလက တံတိုင်းအပြင်ဘက်တွင်ရှိသော ဆန်တာ ကက်တလီးနား ဝတ်ပြုဆောင်အား ဖြိုချ၍ အဆောက်အဦး၏ နံရံများအတွင်း ထည့်သွင်း တည်ဆောက်ခဲ့သဖြင့် ဆန်တာ ကက်တလီးနား နန်းတော် ဟူသော အမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.