လားဘရင့်သ်
ဂရိဒဏ္ဍာရီတွင် လားဘရင့်သ် (အင်္ဂလိပ်: Labyrinth; ဂရိ: Λαβύρινθος, Labýrinthos) သည် အသေးစိတ်လုပ်ကိုင်ထား၍ ရှုပ်ထွေးလှစွာသော အဆောက်အအုံတစ်ခုဖြစ်ကာ ခနောဆပ်စ်ဒေသကြီးမှ ခရီးတီဘုရင် မိုင်းနော့စ်အတွက် ထူးချွန်ပြောင်မြောက်သော လက်မှု/စက်မှု အတတ်ပညာရှင် ဒက်ဒါလပ်စ်က ပုံစံဖော် တည်ဆောက်ပေးခဲ့သည်။ လုပ်ဆောင်ချက်မှာ မစ်နာတော သတ္တဝါကို ထည့်ထားရန်ဖြစ်သည်။ မစ်နာတော်ကို သူရဲကောင်း သီးဆီးယပ်စ်က အဆုံးသတ်၌ သုတ်သင်နိုင်ခဲ့၏။ ဒက်ဒါလပ်စ်သည် ပရိယာရ်ဉာဏ်များစွာဖြင့် လားဘရင့်သ်အားပြုလုပ်ပြီးနောက် ၎င်းကိုယ်တိုင်ပင် လွတ်မြောက်ရန် အတော်ကြိုးစားခဲ့ရပေသည်။[1]
အစောပိုင်း ခရီးတီးဒေသ အကြွေစေ့များတွင် ရံခါ၌ လမ်းကြောင်းခွဲပုံစံများ (multicursal) ကို ဖော်ပြထားကြသော်လည်း[2] လမ်းခွဲ (သို့) လမ်းပိတ် မပါဝင်ဘဲ လမ်းကြောင်း တစ်ကြောင်း (unicursal) ဖြင့် ခုနှစ်ဆင့်တည်ဆောက်ပုံ (ဂန္ထဝင်ပုံစံ) သည် ဘီစီ ၄၃၀ ခပ်စောစောဆီက အကြွေစေ့များ၌ပါဝင်သော လားဘရင့်သ်ပုံစံနှင့် ပို၍ ပတ်သက်ကြသည်။ (ထိုသို့သော ပုံစံမျိုး ယင်းခေတ် အကြွေစေ့များ၌ ပါဝင်ကြသည်။)[3] လမ်းခွဲမပါသော ပုံစံများကို လားဘရင့်သ်အား အမြင်ပုံဖော်တင်ပြရာ၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ကြသည်။ သို့သော်လည်း စာပေနှင့် ယုတ္တိဗေဒဆိုင်ရာ ဖော်ပြရေးဆွဲချက်များ၌ မစ်နာတောသည် ရှုပ်ထွေး၍ လမ်းကြောင်းခွဲပါသော ဝင်္ကပါမျိုး၌ ပိတ်မိနေသည်။[4] တည်ဆောက်မှုပုံစံများသည် ပို၍အသေးစိတ်ဖြစ်လာသော်တောင်မှ ဒဏ္ဍာရီလာ လားဘရင့်သ်ကို အမြင်ပုံဖော်ထားမှုများသည် ရောမခေတ်မှသည် ရီနေဆွန်းခေတ်မရောက်မချင်း အများအားဖြင့် ပြောင်းလဲမှုများ မရှိခဲ့ပေ။ ချံတန်းစည်းရိုး ဝင်္ကပါများ ရီနေဆွန်းခေတ်တွင် တွင်တွင်ကျယ်ကျယ် ရေပန်းစားလာသောအချိန်ရောက်မှသာလျှင် လမ်းခွဲပါသော ဝင်္ကပါမျကို ထပ်မံမိတ်ဆက်တင်ပြခဲ့ကြသည်။
=ကိုးကားအညွှန်း
- Doob 1992, p. 36
- Kern, Through the Labyrinth, 2000, item 43, p. 53.
- Kern, Through the Labyrinth, 2000, item 50, p. 54.
- Penelope Reed Doob, The Idea of the Labyrinth, pp. 40–41.
ကိုးကားရင်းမြစ်
- Hermann Kern, Through the Labyrinth, ed. Robert Ferré and Jeff Saward, Prestel, 2000, ISBN 3-7913-2144-7. (This is an English translation of Kern's original German monograph Labyrinthe published by Prestel in 1982.)
- Doob၊ Penelope Reed (1992)။ The Idea of the Labyrinth: from Classical Antiquity through the Middle Ages။ Ithaca: Cornell University Press။ ISBN 0-80142-393-7။CS1 maint: ref=harv (link)