လီမာမျောက်

လီမာမျောက်

မျောက်နှင့်တူသော လီမာမျောက်များသည် တိရစ္ဆာန်လောကတွင် အတော်စိတ်ဝင်စားဖွယ်ကောင်းသော အစိတ် အပိုင်း များဖြစ်ကြသည်။ လီမာမျောက်တွင် မြေခွေးဦးခေါင်းကဲ့သို့ ချွန်သောဦး ခေါင်းရှိ၍ ပုံဏ္ဌာန်နှင့် သွားပုံလာပုံ အမူအရာမှာလည်း ခြေလေးချောင်း တိရစ္ဆာန်များအတိုင်းဖြစ်ရာ သာမန်အပေါ် ယံကြည့်ခြင်းအားဖြင့် မျောက်နှင့် တူသော အချက်အလက်များကို ထင်ရှားစွာမတွေ့နိုင်ပေ။ သို့သော် ကိုယ် အဂ‡ါအနေအထားအရ လီမာမျောက်သည် မျောက်မျိုးတွင် ပါဝင်သည်ဟူ သောအကြောင်း ပြချက်မှာ မျောက်ကဲ့သို့ကိုင်တွယ်နိုင်သောအခြေချောင်းလက်ချောင်း များရှိခြင်းကြောင့်ဖြစ်သည်။ မျောက်မျိုးတွင် အသိဉာာဏ်အနည်း ဆုံး တိရိစ္ဆာန်များဖြစ်ကြသည်။

လီမာမျောက်တွင် အရွယ်အစားစား၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ အလေ့ အထအဖုံဖုံရှိကြရာ တစ်မျိုးနှင့်တစ်မျိုး အလွန်ကွဲပြားကြ၏။ ပုံစံ အားဖြင့် အကောင်ကြီး အင်ဒရီလီမာမျောက်သည် နှာခေါင်းမှ အမြီးရင်းအထိ နှစ်ပေ ရှည်၍ ကြွက်လီမာမျောက်မှာ ကြွက်အရွယ ်မျှသာရှိသည်။ အချို့လီမာမျောက် များသည် မျောက်ကဲ့သို့ ပေါ့ပါး လျင်မြန်၍ လိုရစ်ခေါ် နှာတံရှည် လီမာ မျောက်မျိုးနှင့် နှေးကွေး သော လီမာမျောက်မျိုးတို့မှာ အလွန်အေးအေးဆေး ဆေး နေထိုင ်သွားလာလေ့ရှိသည်။ အချို့သော လီမာမျောက်များသည် နေ့ အချိန်တွင်သာထွက်၍ အချို့သည် ညဉ့်တွင်သာ ထွက်လေ့ရှိသည်။ များ သောအားဖြင့်ညဉ့်အချိန်ထွက်ကြသည်။အပင်စားလီမာမျောက်၊ သားစား လီမာမျောက်၊ ဆူညံကြမ်းတမ်းသော လီမာမျောက်၊ စိတ်ဆိုး၍ ထိတ်လန့် သည့် အခါမှအပ မည်သည့်အခါမျှ အသံမပြုတတ်သော လီမာမျောက်၊သစ်ပင်ပေါ်မှ ဆင်းလေ့မရှိသော လီမာမျောက်၊ ကျောက်တောင်များ၌ နေလေ့ရှိသော လီမာမျောက်၊ အမွေးဖွား၍ ရှည်သောအမြီးရှိသည့် လီမာ မျောက်၊ တိုတုတ်သော အမြီးရှိသည့် လီမာမျောက်၊ အမြီးအရှင်းမရှိသည့်လီမာမျောက်ဟူ၍ အစားစားရှိသည်။ အမြီးရှည်ရှိသော လီမာမျောက်များ သည် အချို့သောမျောက်များကဲ့သို့ အမြီးဖြင့်သစ်ကိုင်းတွင် တွဲလဲဆွဲ၍ မနေ နိုင်ကြပေ။လီမာမျောက်များ၏နောက်ခြေများသည် လက်များထက် ရှည်သောကြောင့် လေးဖက်ထောက်လျှောက်ရာ၌ ကုံးကုံးကွကွ ဖြစ်နေတတ်သည်။

လီမာမျောက်များသည် ညဉ့်အချိန်တွင် ပြူး၍တောက်ပြောင်သော မျက်လုံးများနှင့် တစ္ဆေ မှင်စာများပမ အသံမမြည်အောင် သွားလာ လေ့ရှိ သောကြောင့် အချို့ကြောက်လန့်ကြသည်။ နေ့အချိန်၌ ထွက်လေ့မရှိဘဲ သစ် ပင်ခွကြား၌သော်လည်းကောင်း၊ သစ်ခေါက် ထဲ၌သော်လည်းကောင်း ကွေး၍ အိပ်နေတတ်ကြသည်။မှောင်စပျိုး သည်နှင့် အိပ်ရာမှထ၍ တစ်ပင်ဆင်း တစ်ပင်တက် အစာရှာထွက် ်ကြသည်။ ကြက်၊ ငှက်၊ ဖား၊ ပုတ်သင်၊ ပင့်ကူ၊ ငှက်ဥ၊ သစ်သီး စသည်တို့ကိုစားသည်။ အရုဏ်ကျင်း၍ လင်းလုနီးတွင် မိမိ တို့ခို အောင်းရာသို့ ပြန်ကြသည်။

လီမာမျောက်မျိုးပေါင်း ကိုးဆယ်ကျော်ခန့်ရှိရာ ငါးဆယ်ကျော် ကျော်လောက်ကို မက်ဒါဂက်စကာ ကျွန်းတွင်တွေ့ရသည်။ အားလုံး သော လီမာမျောက်များသည် အာဖရိကတိုက်၊ အိန္ဒိယနိုင်ငံ၊သီဟိုဠ ်ကျွန်း၊ ဖိလစ်ပိုင်ကျွန်း စသော ကမ္ဘာဟောင်းတောင်ပိုင်းဒေသများ တွင် နေထိုင်ကြသည်။ သို့သော် လီမာမျောက်အစစ်များကိုကား မက်ဒါဂက်စကာနှင့် ကိုမိုရိုကျွန်း များတွင်သာ တွေ့ရသည်။ အမွေးဖွား၍ ရှည်သောအမြီးတွင် အဖြူတွင် အဖြူတစ်ရစ်၊ အမည်းတစ်ရစ်ဖြင့်အရစ်များရှိသည့်လီမာကက်တာခေါ်လီမာမျောက် မျိုးသည် လှပ၍ထူးဆန်း၏။ ယင်းသည် ညဉ့်အချိန်မထွက်ဘဲ နေ့အချိန်၌သာ အစာရှာထွက်လေ့ရှိလေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.