လူမင်း

လူမင်းသည် ၁၉၇၀-ခုနှစ်၊ မေလ၊ ၅-ရက်နေ့တွင် အဖ ဦးသိန်းလှိုင်နှင့် အမိ ဒေါ်ရီရီလှိုင်တို့မှ ရှမ်းပြည်နယ်အောင်ပန်းမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မောင်မင်းမင်းလှိုင် ဖြစ်သည်။

လူမင်း
မွေးဖွားရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့၊မိုးကောင်းရပ်ကွက်
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ
ကျော်ကြားမှုအရင်းခံနိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊
သားသမီးဧရာဝတီလူမင်း၊ ဧဝရတ်လူမင်း
မိဘ(များ)ဦးသိန်းလှိုင်+ ဒေါ်ရီရီလှိုင်

၁၉၉၅ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်ရောက်လာကာ ၂၀၀၂-ခုနှစ်တွင် ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင် ဇာတ်ကားဖြင့် အကယ်ဒမီ ရခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျန်စစ်မင်း ရုပ်ရှင်ကိုရိုက်ကူးပြသကာ အကယ်ဒမီ ထပ်မံ ရရှိပြန်သည်။ လူမင်းသည် မြန်မာ့ အနုပညာလောကမှာ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ကျန်စစ်သား ဇာတ်ကားကို မလေးရှား၊ စင်္ကာပူ၊ ဩစတြေးလျနှင့် တရုတ်နိုင်ငံတိုတွင် ရုံတင်ပြသခဲ့သည်။

၂၀၀၄-ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ခင်စံပယ်ဦး (ခင်စပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်)(သီဟတင်စိုး၊ စည်သူတင်စိုးတို့၏ ညီမ) နှင့် လက်ထပ်ခဲ့သည်။ ဧရာဝတီလူမင်းအမည်ရှိသော သမီးလေးတစ်ယောက် ထွန်းကားသည်။

ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ

လူမင်း ရရှိခဲ့သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ဆုအမည် ခုနှစ် ဆုအမျိုးအစား ဇာတ်ကား မှတ်ချက်
‌မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၂၀၀၂ အမျိုးသားဇာတ်ဆောင်ဆု ရွှေမှုန်ကြဲတဲ့မိုးကောင်းကင် ဆုရရှိ
၂၀၀၅ အမျိုးသားဇာတ်ဆောင်ဆု ကျန်စစ်မင်း ဆုရရှိ
ရုပ်ရှင်ဇာတ်ကားဆု (ဧဝရတ် ရုပ်ရှင်ထုတ်လုပ်ရေး) ကျန်စစ်မင်း ဆုရရှိ
၂၀၁၆ အမျိုးသားဇာတ်ပို့ဆု ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ဆုရရှိ
Star Awards ၂၀၁၉ အမျိုးသားဇာတ်ပို့ဆု ငယ်ကျွန် ဆုရရှိ


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.