လေတပ်

အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံတော် စစ်လေယာဉ်များနှင့်တကွ ယင်းတို့ကိုမောင်းနှင်၍ အချိန်အခါမရွေး အစဉ်အရန် သင့်ဖြစ်အောင်ထားရှိသော လေတပ်သားများအပါအဝင် ပေါင်းစပ်ထားသော အဖွဲ့အစည်းကို လေတပ်ဟုခေါ်သည်။ လေတပ်တွင် တာဝန်ဝတ္တရား အမျိုး မျိုးမြောက်မြားစွာရှိ၏။ တစ်ခါတစ်ရံ သီးခြားဆောင်ရွက်ရ၏။ တစ်ခါတစ် ရံ ကြည်းတပ်နှင့်ဖြစ်စေ၊ ရေတပ်နှင့်ဖြစ်စေ ပူးတွဲဆောင်ရွက်ရသည်။ လေ တပ်သည် လှည့်လည်ကင်းထောက်ရာ၌ ကြည်းတပ်၊ ရေတပ်တို့၏ မျက်စိ သဖွယ် ဖြစ်သည့်အလျောက် ရန်သူတို့၏ လှုပ်ရှားမှု၊ စုရုံးမှုများကို ဌာန ချုပ်သို့ အစဉ်သတင်းပေးပို့နေရသည်။

ရန်သူ့တိုင်းပြည်မှ စက်မှုလက်မှုလုပ်ငန်းများ ဟန့်တားသွားစေရန် လည်းကောင်း၊ စက်ရုံ အလုပ်ရုံများ၊ သင်္ဘောဆိပ် လေဆိပ်များ၊ မီးရထား အလုပ်ရုံများကဲ့သို့သော အဆောက်အဦများကို ဖျက်ဆီးပစ်ရန်လည်းကောင်း လေတပ်ကို စစ်ပရိယာယ်တပ်အနေဖြင့် အထူးဖွဲ့စည်းထားလေသည်။ တိုက် စစ်ဆင်ရာ၌ လေတပ်သည် ကြည်းတပ်ကို တိုက်ရိုက်အကူအညီပြု၏။ ကြည်းတပ်မတက်မီ လေတပ်ကကြိုတင်၍ ရန်သူတပ်များ၏ ခုခံမှုမှန်သမျှ ဗုံးကြဲခြင်း၊ စက်သေနတ်၊ စက်အမြောက်တို့နှင့် ပစ်ခတ်ခြင်းတို့ဖြင့် ချေမှုန်း ပစ်ရသည်။ ထို့ပြင် လေတပ်သည် အမြောက်ကြီးတပ်ကဲ့သို့ အရေးကြီး သော လမ်းနှင့်တံတားများ၊ ရန်သူ့ခံစစ်ဖြစ်သော တင့်ကားနှင့် အမြောက် စသည် များကိုလည်း ဖျက်ဆီးချေမှုန်းပစ်ရသည်။ လေတပ်သည် ကြည်းတပ်၊ ရေတပ်တို့နှင့် ပူးတွဲဆောင်ရွက်ခြင်း မပြုဘဲ မိမိတစ်ဦးတည်းအနေဖြင့် မြို့ကြီးပြကြီးများ၊ စက်ရုံ အလုပ်ရုံများ နှင့် မီးရထားများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်အောင်နိုင်သည်ဟု အချို့က ယူဆကြသည်။ ဤသို့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် လူတို့အား စိတ် ဓာတ်ကျဆင်းစေပြီးလျှင် မိမိတို့အစိုးရအား စစ်ပြေငြိမ်းရန် အရေးဆိုကြ သည်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်က ဂျာမန်လေ တပ်သည် ဤနည်းကိုအသုံးပြုခဲ့သော်လည်း ဗြိတိန်၏ ပြည်စောင့်လေတပ် မတော်က ခုခံကာကွယ်ခဲ့သဖြင့် ဂျာမန်များအရေးရှုံးနိမ့်ခဲ့ရသည်။ ဗြိတိန်၏ ပြည်စောင့်လေတပ်သည် ပြည်ပသို့ထွက်၌ မတိုက်ခိုက်ဘဲ ပြည်တွင်းစောင့် ရှောက်ရန်အတွက် အထူးဖွဲ့စည်းထားသော လေတပ်ဖြစ်သည်။ ပထမဆုံးလေယာဉ်များကား မီးပုံးပျံများဖြစ်ကြသည်။ စစ်အတွင်း ရန်သူများကို ကင်းထောက်ရာ၌ မီးပုံးပျံများကို အသုံးပြုခဲ့သော်လည်း ယင်း တို့ကို လေတပ်ဟုမခေါ်နိုင်ပေ။ ဗြိတိန်နိုင်ငံတွင် ပထမဆုံးလေတပ်ကို ၁၉၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဘုရင့်အင်ဂျင်နီယာလေတပ် ဖွဲ့ စည်းစဉ်အခါက ဖွဲ့စည်းခဲ့သည်။ ထိုလေတပ်တွင် တပ်ခွဲနှစ်ခုရှိခဲ့၏။ တပ် ခွဲတစ်ခုသည် လေယာဉ်ပျံများကို အုပ်ချုပ်၍ အခြားတပ်ခွဲတစ်ခုသည် လေ သဘေ‡ာများကို အုပ်ချုပ်သည်။ ၁၉၁၂ ခုနှစ် ဧပြီလတွင် ထိုလေတပ်ရင်းကို ရေတပ်ဆိုင်ရာလေတပ်နှင့် ကြည်းတပ်ဆိုင်ရာလေတပ်ဟူ၍ နှစ်ပိုင်းခွဲကာ ဘုရင့်လေတပ်မတော်ထဲသို့ သွတ်သွင်းလိုက်လေသည်။ ရေတပ်ဆိုင်ရာ လေ တပ်ထဲမှ ဘုရင့်ရေတပ်ဆိုင်ရာလေတပ်ဟု ဖွဲ့စည်းပြီးလျှင် ၁၉၁၈ ခုနှစ်တွင် ထိုလေတပ်ကို ဘုရင့်လေတပ်မတော်နှင့် ပူးပေါင်းလိုက်လေသည်။ ထိုအချိန် မှစ၍ ဗြိတိန်နိုင်ငံသည် လေတပ်ဟူသောအမည်ဖြင့် ပထမဆုံး ဖွဲ့စည်းလိုက် လေသည်။ ဂျာမနီ၊ အီတလီစသော အခြားတိုင်းနိုင်ငံများမှလည်း မိမိတို့၏ သက်ဆိုင်ရာဘာသာအမည်များဖြင့် လေတပ်များ ဖွဲ့စည်းလာကြသည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံဘုရင့်လေတပ်မတော်နှင့် ပူးတွဲဆောင်ရွက်ခဲ့သော ပိုလန်လေ တပ်၊ ချက်ကိုဆလိုဗက်လေတပ်၊ နော်ဝေးလေတပ် စသည့် အမျိုးသားလေ တပ်များရှိခဲ့သည်။ ထိုလေတပ်များသည် ယင်းတို့နိုင်ငံများကို ဂျာမန်များ သိမ်းပိုက်ပြီးသည့်နောက် ဗြိတိန်နှင့် ဒိုမီနီယန်နိုင်ငံများ၌ လေ့ကျင့်ခဲ့သော လေတပ်များဖြစ်ကြသည်။ ပြင်သစ်လေတပ်ကား အစကတည်းကရှိခဲ့သည်။ ဒိုမီနီယန်လေတပ်များတွင် ဘုရင့်ဩစတြေးလီးယန်လေတပ်၊ ဘုရင့်ကနေဒီ ယန်လေတပ်၊ ဘုရင့်နယူးဇီလန်လေတပ်နှင့် ဘုရင့်အိန္ဒိယလေတပ်တို့ပါဝင် ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကြည်းတပ်ဆိုင်ရာလေတပ်၊ ရေ တပ်ဆိုင်ရာလေတပ်နှင့် ကမ်းတက်လေတပ်ဟူ၍ရှိသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် သီးခြားလေတပ်များကို လေတပ်သက်သက်နှင့် ရေတပ်၊ ကမ်းတက်တပ်နှစ်တပ်ကိုပေါင်း၍ ရေတပ်ဆိုင်ရာလေတပ်ဟူ၍ နှစ် မျိုးသာထားရှိလေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဧပြီလမှစတင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ကာကွယ်ရေးစီမံကိန်းများအရ ဖွဲ့ စည်းတည်ထောင်ခဲ့သောလေတပ်သည် ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ၏ တပ်မတော်(လေတပ်) အဖြစ်တည်ရှိနေလေသည်။

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.