လေရူးသုန်သုန်

လေရူးသုန်သုန်ဝတ္ထု (အင်္ဂလိပ်: Gone With The Wind) သည် ၁၉၃၆ ခုနှစ်တွင် မားဂရက် မစ်ချယ် (Margaret Mitchell)က ရေးသားခဲ့ပါသည်။ ထိုဝတ္ထုကို မြသန်းတင့်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရာ ၁၉၇၈ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်)ကို ရရှိခဲ့ပါသည်။[1] လေရူးသုန်သုန်၏ အင်္ဂလိပ် ဝတ္ထူဖြစ်သော Gone With The Wind သည် မူရင်းထုတ်ဝေရာဒေသဖြစ်သော အမေရိကန်နိုင်ငံ၏ စာဖတ်သူများအကြားတွင် ရေပန်းစားခဲ့ပြီး ထုတ်ဝေသောနှစ်နှင့် ၁၉၃၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ရောင်းအားအကောင်းဆုံး စိတ်ကူးယဉ်ဝတ္ထုထဲမှ တစ်ခုဖြစ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ဟဲရစ်ပူးလ်မှ အမေရိကန်ရှိ စာဖတ်သူများ၏ ခရစ်ယာန်ကျမ်းစာပြီးလျှင် ဒုတိယ အနှစ်သက်ဆုံး စာအုပ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတွင် စာအုပ်ပေါင်း သန်း ၃၀ကျော် ထုတ်ဝေခဲ့ပါသည်။

Gone with the Wind
ပထမအကြိမ် ပုံနှိပ် မျက်နှာဖုံး
စာရေးသူမာဂရက် မစ်ချယ်
နိုင်ငံအမေရိကန်စာပေ
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားHistorical Fiction
ထုတ်ဝေသူMacmillan Publishers
ထုတ်ဝေသည့်ရက်
June 10, 1936
မီဒီယာ အမျိုးအစားPrint (hardback & paperback)
စာမျက်နှာ1037 (first edition)
1024 (Warner Books paperback)
ISBN978-0-446-36538-3 (Warner)
OCLC28491920
နောက်ထွက်စာအုပ်Scarlett
Rhett Butler's People

ကျွန်ပိုင်ရှင်များ၏ဖက်မှနေကာ ရေးထားသော စိတ်ကူး ယဉ်ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုသည် နောက်ပိုင်းတွင်အခြားစာရေးဆရာများ၏ တောင်ပိုင်းပြည်နယ်နှင့် လူဖြူ ၊ လူမည်းအကြောင်း ရေးသားရာတွင် မှီးငြိမ်းကိုးကားချက်ဖြစ်လာသည်။ အမေရိကန်တက္ကသိုလ်ကျောင်းသားများသည်လည်း သူတို့၏ စာတမ်းပြုစုမှုနှင့် လေ့လာမှုများတွင် ကိုးကားချက်အဖြစ် အသုံးပြုကြသည်။

စာရေးဆရာမ မားဂရတ် မစ်ချယ်လ်သည် အရောင်များကို သင်္ကေတအဖြစ် အသုံးပြု၍ စိတ်ကူးပုံဖော်ခဲ့သည်။ အထူးသဖြင့် အနီနှင့် အစိမ်းရောင်များဖြစ်သည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.