လေဟာနယ်
လေဟာနယ် သည် အရာဝတ္ထုကွက်လပ်၏ အာကာသ ကြားခံနယ်ဖြစ်သည်။ လက်တင်ဘာသာစကား vacuus မှ ဆင်းသက်လာပြီး လေဖိအားထက် နည်းပါးသော အငွေ့ဖိအားသက်ရောက်ရာ နယ်မြေကို လေဟာနယ်ဟု သတ်မှတ်သည်။[1] ရူပဗေဒပညာရှင်များက ပြီးပြည့်စုံသော လေဟာနယ်နှင့် တပိုင်းလေဟာနယ်ဟု သုံးနှုန်းကြသည်။ အဘယ်ကြောင့်ဆိုသော် လေဟာနယ်တုများကို ဓာတ်ခွဲခန်းများတွင် ဖန်တီးလုပ်ယူနိုင်သောကြောင့်ပင် ဖြစ်သည်။ အင်ဂျင်နီယာပညာရပ်နှင့် အသုံးချရူပဗေဒဆိုင်ရာများ၌ လေဟာနယ်အား လေထုဖိအားထက် နည်းပါးသော မည်သည့် ကြားခံနယ်မြေကိုမဆို ရည်ညွန်းခေါ်ဆိုသည်။[2]
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.