လောဟိစ္စသုတ်

ဤလောဟိစ္စသုတ်တွင် အမှန်တရားကို လူတိုင်းဖြန့်ဝေအပ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။ ဤသုတ်အလိုအရ လူတိုင်းသည် ပညာရပ်များကို ဆည်းပူးခွင့်ရှိရမည်။ လူတိုင်းလူတိုင်းပင် တပါးသူတို့အား သင်ကြား ပြသပေးစွမ်းနိုင်မည့် အရည်အချင်းများနှင့် ပြည့်စုံလေရာ လူတိုင်းလူတိုင်း ပညာများကို ဖြန့်ဝေပေးခွင့်ရှိမည်။ ဤသို့ ဖြန့်ဝေရာ၌ အာစရိယဟတ္ထမုဋ္ဌိ (ဆရာ့ လက်ဆုပ်၊ မှန်တုပ်) မရှိစေရ။ မိမိကိုယ်တိုင် အမှန်တရားကို မလေ့လာမသင်ယူဘဲလျက် တပါးသူကို သင်ကြားပြသမပေးရ။[1]

အကိုးအကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.