လျှပ်စစ်လိပ်ကျောက်

လျှပ်စစ်လိပ်ကျောက်သည် မြေထဲပင်လယ်နှင့် မြောက်အမေရိကတိုက် ကမ်းခြေတဝိုက်တွင် တွေ့ရလေ့ရှိသော ငါးတမျိုးဖြစ်သည်။ ထိုငါး၏ ခန္ဓာကိုယ်မှာ ပြား၍ အမြီးဖက်သို့ ရှုးသွားသည်။ ပါးစပ်သည်ကိုယ်၏အောက်ဖက်တွင် ရှိ၏ ကိုယ်၏အပေါ်မှာ မည်း၍အောက်ပိုင်းမှာ ဖြူသည်။ ထိုငါးမျိုးသည် လေးပေအထိ ရှည်လေသည်။

လျှပ်စစ်လိပ်ကျောက်

ထိုငါးသည် ရေကူးနှေးသည့်အပြင် ပါးစပ်နှင့်သွားများမှာလည်း အစာဖြစ်သော အခြားငါးများကို ဖမ်းယူနိုင်စွမ်းမရှိကြချေ။ ထိုကြောင့် လျှပ်စစ်လိပ်ကျောက်သည် ပင်လယ်အောက်ခြေတွင် ငြိမ်သက်စွာ နေလေ့ရှိပြီးလျှင် မိမိ၏လျှပ်စစ်ဓာတ်အား သက်ရောက်နိုင်သောနေရာသို့ အစာဖြစ်မည့်ငါးတကောင် ရောက်ရှိလာသောအခါတွင်လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်လေသည်။ ထိုအခါ ငါး သည် လျှက်စစ်ဓာတ်ကြောင့် မေ့သွားသဖြင့် လွယ်ကူစွာပင်လျှက်စစ်လိပ်ကျောက်၏အစာ ဖြစ်သွားရလေသည်။ကြီးမားသန်စွမ်းသော လျှက်စစ်လိပ်ကျောက် တကောင်လူတယောက်ကို တခဏမျှမေ့သွားအောင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နိုင်လေသည်။ ထိုသို့မေ့သွားရာမှ ရေနစ်၍သေဆုံးသွားနိုင်လေသည်။လျှပ်စစ်လိပ်ကျောက်တွင် လျှပ်စစ်ဓာတ် ဖြစ်ပေါ်စေနိုင်သည်မှာ ငါး၏ ဦးခေါင်းအနီးတွင် ပရစ်ဇင် (သုံးမြှောင့်တုံး)ပုံသာဏ္ဌန်ဖြစ်သော ထောင်လိုက်တည်ရှိသည့် ကြွက်မျှင်ခန်းများအစုလိုက်တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ငါး၏အပေါ်ပိုင်းသည်လျှပ်စစ်ဓာတ် ဖြစ်ပေါ်သည့် နေရာ၏ အဖိုစွန်းဖြစ်၍ အောက်ပိုင်းသည် အောက်ပိုင်းသည် အမစွန်းဖြစ်သည်။ လျှက်စစ်လိပ်ကျောက်သာ ကုန်းပေါ်တွင်ရှိလျှင် လျှပ်စစ်ဓာတ် ဖြစ်ပေါ်စေရန် နှစ်နေရာတွင် ထိပေးရလေသည်။ ရေထဲတွင်မူ တနေရာတွင်သာ ထိပေးရန်လိုသည်။ ထိုသို့ဖြစ်ရသည်မှာ ရေသည်အကောင်းမွန်ဆုံး လျှပ်စစ်ကူးပစ္စည်းတမျိုးဖြစ်ခြင်းကြောင့်ဖြစ်သည်။

လျှပ်စစ်လိပ်ကျောက်သည် ရေးမျိုးရင်းတွင်ပါဝင်၍ယင်းကို ပါဏဗေဒ အလိုအရ တော်ပီဒို မာမိုရေတာဟုခေါ်သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.