လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ (Radio Free Asia, RFA) သည် အမေရိကန် ကွန်ဂရက်လွှတ်တော်မှ ထူထောင်ပြီး ဖက်ဒရယ်အစိုးရမှ ပံ့ပိုးထားသည့် အသံလွှင့်ဌာန တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှ ၆ နိုင်ငံမှ ဘာသာစကား ၉ မျိုးဖြင့် ထုတ်လွှင့်လျက်ရှိသည်။ အာအက်ဖ်အေ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိ နိုင်ငံများ အထူးသဖြင့် သတင်းအမှောင်ချခံရသည့် နိုင်ငံများအတွင်း ဖြစ်ပွားနေသည့် သတင်းများကို အမှန်ဆုံးနှင့် အမြန်ဆုံး ထုတ်လွှင့်ပေးရေး ဖြစ်သည်။

လွတ်လပ်တဲ့ အာရှအသံ
Radio Free Asia
လုပ်ငန်းအသံလွှင့်
တည်ထောင်သည့်နှစ်1996
ဌာနချုပ်ဝါရှင်တန် ဒီစီ, အမေရိကန်ပြည်ထောင်စု
ဝန်ဆောင်မှု ဧရိယာအာရှတလွှား
အရေးပါ ပုဂ္ဂိုလ်များLibby Liu (President)
ဝက်ဘ်ဆိုက်rfa.org

ဘာသာစကားများ

Broadcasting Information
ဘာသာစကားစတင်ထုတ်လွှင့်သည့်နေ့နေ့စဉ် ထုတ်လွှင့်သည့် အချိန်
မြန်မာFebruary 19974 Hours
ကွမ်းတုန်May 19982 Hours
ခမာSeptember 19972 Hours
ကိုရီးယားMarch 19975 Hours
လာအိုAugust 19972 Hours
တရုတ်September 199612 Hours
တိဘက်December 199610 Hours
အူဂါDecember 19982 Hours
ဗီယက်နမ်February 19978 Hours

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.