လွိုင်ကော်မြို့နယ်

လွိုင်ကော်မြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ လွိုင်ကော်မြို့ ဖြစ်သည်။

လွိုင်ကော်‌မြို့နယ်
မြို့နယ်
လွိုင်ကော်‌မြို့နယ်
လွိုင်ကော်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°40′27″N 97°12′34″E
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်လွိုင်ကော်‌ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့လွိုင်ကော်မြို့
ဧရိယာ
  မြို့နယ်၂၃၀.၉၁ စတုရန်းမိုင် (၅၉၈.၀၆ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၉၅၀ ပေ (၉၀၀ မီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၁၇)[1]
  မြို့နယ်၁၁၈,၆၈၃
  သိပ်သည်းမှု၅၁၀/sq mi (၂၀၀/km)
  မြို့ပေါ်၅၇,၄၃၃
  ကျေးလက်၆၁,၂၅၀
  ဒေသခံလူမျိုးများကယား (၃၈.၄၅%)
ဗမာ (၂၉.၇၆%)
ရှမ်း (၂၄.၅၃%)
ကရင် (၃.၄၇%)
ချင်း (၀.၃၁%)
ရခိုင် (၀.၂၇%)
မွန် (၀.၂၅%)
ကချင် (၀.၁၂%)
  ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

၁၈၃၈ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်) တွင် ဦးသီရိ က သီရိဒေါရွာအဖြစ် တောင်ကွဲတောင်အနီးတွင် စတင်တည်ထောင်ခဲ့သည်။ ရှမ်းဘာသာစကားဖြင့် လွိုင်ခေါ် ဟု ခေါ်ဝေါ်ခဲ့ပြီး လွိုင် မှာ တောင်၊ ခေါ် မှာ တကွဲတပြားစီ ဟု အဓိပ္ပာယ်ရသည်။ လွိုင်ခေါ်မှ လွယ်ကော်၊ လွိုင်ကော်ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။၂၀.၄.၁၈၈၈တွင် ကန္ဒရဝတီ​စော်ဘွား စဝ်လဝီက လွိုင်​ကော်မြို့​ဟော်နန်းကို စိုက်ထူခဲ့သည်။၁၉၅၁ခုနှစ်တွင် ကယားပြည်နယ်အဖြစ် သတ်မှတ်ကာ လွိုင်​ကော်မြို့ကို မြို့​တော်အဖြစ် သတ်မှတ်ထားသည်။

၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ်ကို ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခု၊ ကျေးရွာ ၁၂၇ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။၁၇.၃.၂၀၁၆တွင် ​ကျေးရွာအုပ်စုများမှ အချို့ကို ရပ်ကွက်အဖြစ် တိုးမြှင့်ခဲ့ခြင်း​ကြောင့် လက်ရှိအချိန်တွင် လွိုင်ကော်မြို့နယ်တွင် ရပ်ကွက် ၁၉ ခု၊ ကျေးရွာအုပ်စု ၁၂ ခုနှင့် ကျေးရွာပေါင်း ၁၂၃ ရွာ ပါဝင်သည်။[1][2]

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၄ မိနစ်နှင့် ၂၀ ဒီဂရီ ၅၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၇ မီနစ်နှင့် ၉၇ ဒီဂရီ ၂၂ မိနစ်အကြားတွင် တည်ပြီး အကျယ်အဝန်းမှာ ၅၉၈.၀၆ စတုရန်းမိုင် (၁,၅၄၉.၀ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[3]

နယ်နိမိတ်

လွိုင်ကော်မြို့နယ်၏ အရှေ့ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်၊ တောင်ဘက်တွင် ဘော်လခဲမြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိသည်။[3]

မြေမျက်နှာသွင်ပြင်

လွိုင်ကော်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့်ပေ ၂၉၅၀ အထက်တွင် တည်ရှိသည်။ လွိုင်ကော်မြို့နယ်သည် တောတောင်နှင့် သစ်တောများ များပြားပြီး မြေပြန့်လွင်ပြင် နည်းပါးသည်။ ထင်ရှားသော တောင်များမှာ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့ ဖြစ်သည်။[1]

ရေဆင်း

လွိုင်ကော်မြို့နယ်အတွင်း စီးဆင်းလျက်ရှိသော ထင်ရှားသည့် မြစ်ချောင်းများမှာ ဘီလူးချောင်း၊ ပွန်ချောင်းတို့ဖြစ်သည်။ ဘီလူးချောင်းသည် အနောက်မှ အရှေ့ဘက်သို့ စီးဆင်းလျက်ရှိပြီး ရေချိုဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေအဖြစ် သုံးစွဲသည်။[1]

ရာသီဥတု

လွိုင်ကော်မြို့နယ်သည် အေးမြခြောက်သွေ့ပြီး သင့်တင့်မျှတသော ရာသီဥတု ရှိသည်။ အမြင့်ဆုံး အပူချိန်သည် ၃၇.၂ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။[1]

လူဦးရေ

လွိုင်​ကော်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ဗမာ၊ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊မွန်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊အစ္စလာမ်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်လူဦးရေ၏ ၂.၈၁%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယ၊တရုတ်၊ဘင်္ဂလား​ဒေ့ရှ်၊ပါကစ္စတန်နှင့် အခြားစသည့်လူမျိုးများဖြစ်သည်။

လွိုင်ကော်မြို့နယ်၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ လူဦးရေမှာ ၁၁၉,၆၇၁ ဦး ဖြစ်သည်။ [1] [2]

စီးပွားရေး

လွိုင်ကော်မြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွား​ရေးအရ အချက်အခြာကျ​သော မြို့နယ်ဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။လွိုင်​ကော်စက်မှုဇုန်အပါအဝင် စက်ရုံ ၇၀၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၁၅ခုတည်ရှိသည်။

​ဈေးများ

  • သီရိမင်္ဂလာ​ဈေး

  • ကန္ဒရဝတီ ၂ထပ်​ဈေး
  • ဗဟို​ဈေး
  • ​နောင်ယား​ဈေး

ပို့​ဆောင်ဆက်သွယ်ရေး

လွိုင်ကော်မြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းကြောင်းများ ဆုံရာလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။လွိုင်ကော်လေဆိပ်မှ ရန်ကုန်မြို့သို့ ​နေ့စဉ်​လေ​ကြောင်းခရီးစဉ်ရှိသည်။သာစည်-လွိုင်​ကော်ရထားလမ်းသည် မြို့နယ်အတွင်း ၁၀မိုင်ခန့် ဖြတ်သန်းသွားသည်။ရှမ်းပြည်နယ် အင်း​လေးကန်နှင့် ဘီလူး​ချောင်းအတိုင်း ​ရေ​ကြောင်းခရီးဖြင့် သွားလာနိုင်သည်။​​အောင်ပန်း-လွိုင်​ကော်ကားလမ်း၊​တောင်ငူ-လိပ်သို-ယာဒို-လွိုင်​ကော်-ဟိုပုံးလမ်းတို့မှာ မြို့နယ်၏ အဓိကလမ်းမများဖြစ်သည်။[1]

လွိုင်​ကော်ဘူတာ

ပညာရေး

အဆင့်မြင့်ပညာ

အထက

အထက်တန်းကျောင်း ၁၂ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ၅
  • အထက ၆
  • အထက ၇
  • အထက ​လောပိတ
  • အထက ​လွိုင်လင်​လေး
  • အထက နွားလဝိုး
  • အထက ကုန်းသာ
  • အထက လွိုင်​လင်​လေး[2]

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ချိကယ်
  • အလက (ထ(ခွဲ)) နာနတ်​တော
  • အလက (ထ(ခွဲ)) ပန်ကန်း
  • အလက (ထ(ခွဲ)) ကွန်နား
  • အလက (ထ(ခွဲ)) ​လောဓမ္မ
  • အလက (ထ(ခွဲ)) ​ရှမ်းရွာ
  • အလက (ထ(ခွဲ)) ဝါရီ​ကောခူ
  • အလက ၂
  • အလက ၃
  • အလက ​ဒေါတမ
  • အလက ​​ထေးငှားလျား
  • အလက နိုးကိုး
  • အလက ​လောဓ​လေး

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၉၂ကျောင်းရှိသည်။ [1]

ကျန်းမာရေး

​ဆေးရုံများ

လွိုင်ကော်မြို့နယ်တွင် ပြည်နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၂ ခု၊ တိုက်နယ်ကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၉ ခု တည်ရှိသည်။

  • လွိုင်​​ကော်ပြည်သူ့​ဆေးရုံကြီး
  • ​လောဓ​လေး တိုက်နယ်​ဆေးရုံ
  • လွိုင်လင်​လေး တိုက်နယ်​ဆေးရုံ

[1]

ထင်ရှား​သော​နေရာများ

  • ဆု​တောင်းပြည့် မြို့နာမ်​စေတီ
  • သီရိမင်္ဂလာပုံ(​​ဟော်ကြီး​ကျောင်း)
  • ခရစ်​တော်ဘုရင် ဘုရား​ကျောင်း
  • နောင်ယားကန်

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.