လှိုင်ဘိုဘို (ဘောလုံးသမား)

လှိုင်ဘိုဘို(၈ ဇူလိုင် ၁၉၉၆ ခုနှစ်)သည် စိတ်ဓာက်မကောင်းသော ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရတနာပုံ ဘောလုံးအသင်းတွင် ကစားလျက်ရှိသည်။[2] သူသည် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ လက်ရွေးစင် အားကစားသမား တစ်ဦးလည်း ဖြစ်သည်။[1]

လှိုင်ဘိုဘို
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ လှိုင်ဘိုဘို
မွေးသက္ကရာဇ် (1996-07-08) ၈ ဇူလိုင်၊ ၁၉၉၆[1]
မွေးရပ်ဇာတိ  မြန်မာ
အရပ်အမြင့် ၁.၇၉ m (၅ ft ၁၀  in)
ကစားသည့်နေရာ အလယ်တန်း
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရတနာပုံ
အင်္ကျီနံပါတ် ၁၉
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၄- ရတနာပုံ
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၄- မြန်မာ ယူ-၂၃ ၁၃ (၂)
၂၀၁၅- မြန်မာ (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ အောက်တိုဘာ ၁၃၊ ၂၀၁၅ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကလပ်ကစားသမားဘဝ

လှိုင်ဘိုဘိုသည် ရတနာပုံအသင်းနှင့်အတူ 2015 AFC Cup ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲ၊ အုပ်စုပွဲစဉ်တွင် Pahang FA အသင်းနှင့်ကစားသော ပွဲတွင် ၂ ဂိုးသွင်းယူခဲ့သည်။ ထိုပွဲတွင်ပဲ အဝါကတ်ပြခံခဲ့ရသည်။[2][3]


နိုင်ငံတကာကစားသမားဘဝ

မြန်မာ ယူ-၂၃

လှိုင်ဘိုဘိုသည် နိုင်ငံကိုယ်စားပြု မြန်မာ ယူ-၂၃ အသင်းနှင့်အတူ 2016 AFC U-23 Championship qualification ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် တရုတ် တိုင်ပေ ယူ-၂၃ အသင်းနှင့် ကစားသော ပွဲတွင် ၂ ဂိုးသွင်းယူခဲ့ပြီး ရလဒ် ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။[4] သို့သော် နောက်ပွဲစဉ်ဖြစ်သည့် ဟောင်ကောင် ယူ-၂၃ အသင်းနှင့် ကစားသော ပွဲတွင် အနီကတ်ပြ[5]ခံခဲ့ရကာ နောက်ပွဲစဉ်များ လွဲချော်ခဲ့ရသည်။
ထို့ပြင် သူသည် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အသင်းကစားသော ပွဲတိုင်းတွင် ပါဝင်ခဲ့ပြီး မြန်မာ ဘောလုံးအသင်းကို ဗိုလ်လုပွဲသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုပွဲစဉ်များတွင် သူကို လှပသေသပ်စွာ ကစားတက်သော မြန်မာကစားသမားများထဲက တစ်ယောက်ဟု ဆိုကြသည်။ [6]

မြန်မာအမျိုးသားဘောလုံးအသင်း

သူသည် စီနီယာတန်းကစားသမား တစ်ဦးအဖြစ် နယူးဇီလန် အမျိုးသား ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးပွဲတွင် ပထမဆုံး ပါဝင်ခဲ့သည်။[1]


ကိုးကား

  1. လှိုင်ဘိုဘို at National-Football-Teams.com
  2. လှိုင်ဘိုဘို profile at Soccerway
  3. Pahang FA vs Yadanarbon FC AFC Match report
  4. Hlaing Bo Bo leads Myanmar to 3-0 victory over Chinese Taipei in AFC U-23 Championship 2016 qualifying Box Scores (27 March 2015)။ 30 September 2015 တွင် ပြန်စစ်ပြီး။
  5. Hong Kong U-23 vs Myanmar U-23 AFC Match report
  6. Noveanto၊ Eric (15 June 2015)။ Myanmar v Thailand: Three key battles in the SEA Games final Football Channel Asia 18 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2015 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.