ဝင်းစိန်ရတနာတောင်တောရ ဆရာတော်

မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ ဝင်းစိန်တောရကျောင်း ဆရာတော်ဘဒ္ဒန္တကေသရ၏ ထေရုပ္ပတ္တိအကျဉ်း

ဆရာတော်ဘဒ္ဒန္တကေသရ
ကျာ်ဇၞော်ဘာဝင်စိင်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ကျော်ကြားမှုဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်
ဓမ္မအမည်ဘဒ္ဒန္တကေသရ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသားမြန်မာရွှေမွန်
မွေးဖွားမောင်ပိန်
ကောဇာသက္ကရာဇ် ၁၂၈၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ဝ ရက်
သာသနာသက္ကရာဇ် ၂၅၃၅ပြည့်နှစ်။
မွန်ပြည်နယ်မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ။
ကွယ်လွန်ဧပြီလ ၂၆ ၂ဝ၁၅
ကောဇာသက္ကရာဇ် ၁၃၇၇ပြည့်နှစ် ကဆုန်လဆန်း ၉ရက် တနင်္ဂနွေနေ့
သာသနာသက္ကရာဇ် ၂၅၅၉ပြည့်နှစ်။
ရန်ကုန်၊ အာရှတော်ဝင်ဆေးရုံ။
သားသမီးသားသမီး၅ယောက်၊
မြေး၁၀ယောက်
မိဘအဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မ
ရာထူး တာဝန်
ဌာနမွန်ပြည်နယ်မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာဝင်းစိန်တောရကျောင်း။
ဂုဏ်ဒြပ်ဆရာတော်
ဂုဏ်ပြုခံရမှုများထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းဗုဒ္ဓတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (၂၀၁၄)
မြန်မာနိုင်ငံ

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက (၂၀၁၄)

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ (၂၀၀၁)

ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာကို မွန် ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက် ကျေးရွာ၌ အဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မတို့မှ ၁၂၈၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ဝ ရက် (တနင်္လာနေ့)တွင် ဖွားမြင်တော်မူခဲ့သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း

၁၃၃၃ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဈေးကြိုရပ်၊ ဇောတိ ကာရာမကျောင်း ခဏ္ဍသိမ်၌ ဇောတိကာရာမကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း

ဆရာတော်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတိုးကော့နှပ် ကျောင်းဆရာတော်နှင့် ကျောင်းသစ်ကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လ တို့ထံတွင် ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့သည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် သာသနာပြုသက်တမ်း နှစ် ၅ဝ အတွင်း မြန်မာပြည်အရပ်ရပ်ရပ်ရှိ သုဿာန်ပေါင်း ၁၃၃ ခုတွင် ကမ္မဋ္ဌာန်းအားထုတ်ခြင်း နှင့် ဓုတင် ၁၃ ပါးကို ပြင်းပြင်းထန်ထန် ကျင့်ကြံတော်မူပြီး ကရင် ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင် သာသနာပြုစခန်း၊ မုဒုံမြို့နယ် ခပ်ရ ခပ်ယူ သာသနာပြုစခန်း၊ ကမာချိုင့် သာသနာပြုစခန်း၊ ကမာတာ သာသနာပြုစခန်း၊ ကမာခရဲသာသနာပြုစခန်း၊ ကော့ဟဘင်ကွင်း ကလေးသာသနာပြု စခန်း၊ ကွေ့ဝမ်းကျေးရွာ သာသနာပြုစခန်း၊ နိုင်းပြိုင်ကျေးရွာသာသနာပြုစခန်း၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာသာသနာပြုစခန်းတို့ကို ထူထောင်၍ ပဋိပတ္တိသာသနာတော်ကို စွမ်းစွမ်း တမံ ဆောင်ရွက်တော်မူခဲ့ပါသည်။ ဝင်းစိန်တောရသာသနာပြု စခန်း တွင် အတောင် ၄ဝဝ ပြည့် ဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီး တည်ထားကိုးကွယ်ခြင်းအပါအဝင် စေတီပုထိုးပေါင်း ၆ဝဝ ကျော်တို့ကို ပြုပြင်မွမ်းမံတည်ထားခြင်း၊ သာသနိကအဆောက်အအုံ ၃ဝ ကျော်တို့ကို ပြုပြင်မွမ်းမံတည်ဆောက်ခြင်းများအပြင် ပြည်ပနိုင်ငံများ သို့ကြွရောက်သာသနာပြုခြင်း၊ အခြေခံပညာမူလတန်းကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူမျိုးပေါင်းများစွာကို ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာအောင် ဆောင်ရွက်ခြင်းတို့ဖြင့် သာသနာ့တာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့သည်။

ဘွဲ့တံဆိပ် အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော လုံ့လ ဝီရိယ တို့ဖြင့် သယ်ပိုးဆောင်ရွက်တော်မူခြင်းကြောင့် သာသနာ့ဓုရာဝဟဂုဏ်၊ လဇ္ဇီပေသလ္လသိက္ခါကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်သည် ၂ဝ၁၄ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခဲ့သည်။ထိုင်းနိုင်ငံကလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဆပ်ကပ်ခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက် တော်မူရင်း သက်တော် ၉၄ နှစ်၊ သိက္ခါတော် ၄၄ ဝါအရ ၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် (၂၆-၄-၂ဝ၁၅) တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ အချိန်၊ နှလုံးရောဂါဖြင့် ရန်ကုန် အာရှတော်ဝင်ဆေးရုံတွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ ဆရာတော်ရုပ်ကလပ်ကို ညနေ ၄နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့သို့ ပြန်လည်ပင့်ဆောင်သွားသည်။ ထို့ပြင် ဆရာတော်ကို ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ၂၀၁၅ -ခု၊ မေလ ၁၀ရက်နေ့တွင်ဆက်ကပ် လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.