ဝမ်ကြားပေါင်

ဝမ်ကြားပေါင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဖြစ်သည်။ ဝမ်ကြားပေါင်သည် ၁၉၆၈ ခုနှစ်တွင် ပေကျင်း ဘူမိဗေဒ တက္ကသိုလ် (ယနေ့ တရုတ် ဘူမိဗေဒ တက္ကသိုလ်) မှ ပါရဂူဘွဲ့ရ ဘူမိဗေဒ ပညာရှင် အင်္ဂျင်နီယာတစ်ဦးဖြစ်သည်။ ဘွဲ့ရပြီးနောက် ကန်းစုပြည်နယ်သို့ သွားရောက်ကာ အလုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပေကျင်းသို့ အလုပ်ပြောင်းခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီ အထွေထွေ ရုံးခန်း ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြန်သည်။ ၁၉၈၉ ခုနှစ် ထျန်းအန်းမင် အရေးအခင်း ကာလအတွင်း ထိုစဉ်က ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယံနှင့်အတူ ထျန်းအန်းမင်ရင်ပြင်သို့ သွားရောက်ကာ ဆန္ဒပြ ကျောင်းသား၊ လူထုကို တွေ့ဆုံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဝမ်ကြားပေါင်

အမည်ရင်း ဝမ်ကြားပေါင် (溫家寶)
မွေးသက္ကရာဇ် ၁၉၄၂ စက်တင်ဘာ ၁၅

နိုင်ငံသား  တရုတ်
ပညာရေး တရုတ် ဘူမိဗေဒ တက္ကသိုလ်
အလုပ်အကိုင် ဘူမိဗေဒ ပညာရှင်
ကြင်ဖော် 張培莉

၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးတက်လာပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ၏ စတုတ္ထမျိုးဆက် ခေါင်းဆောင်များအကြား အရေးပါသည့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ သူ၏ လုပ်ငန်းခွင် ကျင့်ဝတ်စောင့်ထိန်းမှုနှင့် စကားပြောဆိုရာတွင် ညင်သာ ပျော့ပြောင်းမှုကြောင့် ‘ပြည်သူ့ ဝန်ကြီးချုပ်’ ဟု ပြည်တွင်းရော ပြည်ပကပါ ခေါ်ဝေါ်သမှုတ်ကြသည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် တရုတ်မြန်မာ ချစ်ကြည်ရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။ ဝမ်ကြားပေါင်၏ ခရီးစဉ်သည် ၁၆ နှစ်တာ ကာလအတွင်း ပထမဦးဆုံးသော ဝန်ကြီးချုပ်အဆင့် ခရီးစဉ်လည်း ဖြစ်သည်။[1]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.