ဝါဝါဝင်းရွှေ

ဝါဝါဝင်းရွှေ သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု သုံးကြိမ် ရရှိခဲ့သော မြန်မာ အမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

အကယ်ဒမီ
ဝါဝါဝင်းရွှေ
မွေးဖွားရန်ကုန်မြို့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ဦးသန်းထွဋ် (m. 1971)
သားသမီးဝင်းထွဋ်ဝင်း
ဝါဇင်
မိဘ(များ)ဦးထွန်းရွှေ
ဒေါ်သန်းတင်
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၃ ကြိမ်)

အစောပိုင်းဘဝနှင့် ပညာရေး

ဝါဝါဝင်းရွှေကို ဦးထွန်းရွှေနှင့် ဒေါ်သန်းတင်တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အငယ်ဆုံးသမီး ဖြစ်သည်။ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

ရုပ်ရှင်လောကသို့ ရောက်ရှိခြင်း

အသက် ၁၆ နှစ်အရွယ်တွင် စိတ် ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့သည်။ သူမသည် ရုပ်ရှင်ဇာတ်ကားပေါင်းရာကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်း ၅၀ ကျော်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ သူမသည် ချစ်သမီး (၁၉၆၅)၊ ချောင်းကိုပစ်၍ မြစ်ကိုရှာ (၁၉၇၉)နှင့် မိန်းကလေးရှင်ရဲ့ဆန္ဒ (၁၉၇၉) ဇာတ်ကားတို့ဖြင့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကို သုံးကြိမ်ရရှိခဲ့သည်။[1]

စီးပွားရေးလုပ်ငန်းများ

၁၉၇၀ ခုနှစ်တွင် ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့သည်။ သူမသည် ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင်လည်း စိတ်ပါဝင်စားမှုရှိခဲ့သည်။[2] ဝါဝါဝင်းရွှေသည် ဆုထူးပန်ရုပ်ရှင်ရုံ၏ ပိုင်ရှင်လည်းဖြစ်ပြီး[2] ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်ရုံအား အထပ် ၁၄ ထပ်ပါ ကွန်ဒိုမီနီယမ်အဖြစ် ဆောက်လုပ်ရန် Great Father Land ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးတွဲ လုပ်ဆောင်ခဲ့သည်။[3] ဆောက်လုပ်ရေးကုမ္ပဏီဖက်မှ အဆိုပါနေရာတွင် ဝါဝါဝင်းရွှေအား အင်းချကာ အောက်လမ်းနည်းဖြင့် စီရင်ခဲ့သည်ဟု ဝါဝါဝင်းရွှေက ပြောဆိုခဲ့ကာ နှစ်ဖက် မပြေလည်မှုများ ဖြစ်ပွားခဲ့သည်။[4] ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကျပ် ၁.၂ ဘီလီယံ ပေးချေရန် စာချုပ်မှ နောက်ဆုတ်ခဲ့သည်ဟုဆိုကာ ကုမ္ပဏီက ဝါဝါဝင်းရွှေအား စွပ်စွဲခဲ့ကာ ဇွန်လတွင် အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့သည်။[4] ယင်းနှစ်ဇူလိုင်လတွင် Father Land ဆောက်လုပ်ရေးကုမ္ပဏီက တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့သည်။[1]

မိသားစုဘဝ

ဝါဝါဝင်းရွှေသည် သရုပ်ဆောင်တစ်ဦးဖြစ်သော သန်းထွဋ်နှင့် ၁၉၇၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ဝင်းထွဋ်ဝင်းနှင့် ဝါဇင်အမည်ရှိ သားနှစ်ဦး ထွန်းကားခဲ့သည်။ သူမသည် ကိုးကန့်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သော အိုလစ်ဖ်ယန်းနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။[5]

မှတ်စုများ

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.