ဝိဇယ ပြဇာတ်

ဝိဇယ ပြဇာတ် သည် မင်းတုန်းမင်းလက်ထက်၌ ဦးပုည ရေးခဲ့သည့် ပြဇာတ်တစ်ပုဒ် ဖြစ်သည်။

ရေးသားဖြစ်ပုံ

မင်းတုန်းမင်း၏ မြင်ကွန်းမင်းသားအပါအဝင် အခြား ဆိုးသွမ်းသားတော်များကို ပညာပေးရန် ရေးသားခဲ့သည်။ ဤဇာတ်ကို ပါးစပ်ဖြင့် စီပြီး မောင်သာထွန်းက လိုက်ရေးပေးရာ နှစ်ရက်ခန့်တွင် နားနားနေနေပြီးသည် ဆို၏။ [1]

ဇာတ်လမ်းအကျဉ်း

တစ်ညတာ အကိုက်ကနိုင်သည့် ပြဇာတ်ဖြစ်လေရာ အောက်ပါအတိုင်း အခန်းခွဲထားသည် -

  • ဝိဇယမင်းသားကို တိုင်းပြည်မှ နှင်ခန်း
  • သိကြားမင်းနှင့် ဥပ္ပလပတ္တနတ်တို့ လူ့ပြည်သို့ သက်ဆင်းခန်း
  • ဝိဇယမင်းသားနှင့် တွေ့ခန်း
  • မယ်ကုဝဏ်၏ကျွန်မ မိဒက္ခ ခွေးယောင်ဆောင်ခန်း
  • ဝိဇယမင်းသားနှင့် မယ်ကုဝဏ် တွေ့ခန်း
  • ဘီလူးမင်းကြီး ဘိသိက်ပွဲ
  • ဘီလူးတို့ရန်ကို အောင်မြင်ခန်း
  • မဓုရမင်း၏သမီးတော်ကို တောင်းခန်း
  • မယ်ကုဝဏ်ကို နှင်ခန်း
  • မဓုရပြည် မင်းသမီးနှင့် ဘိသိက်ခံခန်း
  • ညီတော်ကို တောင်းခန်း
  • ဝိဇယမင်း တောထွက်ခန်း
  • ဘဒ္ဒကဉ္ဇာမင်းသမီးကို ရေမျှောခန်း
  • မင်းသမီးကို ဘိသိက်သွန်းခန်း

ကိုးကား

  1. တင်ထွေး။ "ဦးပုည၏ စာပန်းကုံးများ"၊ ပထမတွဲ။ ကြေးမုံသတင်းစာတိုက်၊ ရန်ကုန်။ ၁၉၉၁၊ စက်တင်ဘာ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.