ဝိနည်းမဟာဝါ
မဟာဝါ (သို့) ဝိနည်းမဟာဝါ (ပါဠိ: မဟာဝဂ္ဂ) သည် ဝိနည်းကျမ်းများအနက် တတိယမြောက်ကျမ်းစာဖြစ်သည်။[1] ၎င်း၏ရှေ့ကျမ်းနှစ်ခုတွင် မပါဝင်သေးသော သံဃာများနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြထား၏ ။ ဤ မဟာဝဂ် (သို့) မဟာဝဂ္ဂ ပါဠိတော်ကို ခန္ဓကပါဠိတော်အပိုင်းများဖြင့် တည်ဆောက်ထား၍[2] ခန္ဓကပါဠိတော်များတွင်
- မဟာခန္ဓက
- ဥပေါသထခန္ဓက
- ဝဿူပနာယိကက္ခန္ဓက
- ပဝါရဏာက္ခန္ဓက
- ဓမ္မက္ခန္ဓက
- ဘေသဇ္ဇက္ခန္ဓက
- ကထိနက္ခန္ဓက
- စီဝရက္ခန္ဓက
- စမ္ပေယျက္ခန္ဓက
- ကောသမ္ဗကက္ခန္ဓက စသည့်အပိုင်းကြီး (၁၀) ပိုင်းဖြင့် တည်ဆောက်ထားသည်။
မဟာခန္ဓကကို ဗုဒ္ဓဖြစ်တော်မူခြင်းဟူသော အခန်းဖြင့် စတင်ထား၍ ဆိတ်ကျောင်းညောင်ပင်တွင် စံတော်မူခြင်း၊ ဗြဟ္မာတောင်းပန်းခြင်းစသည့် အကြောင်းအရာများပါရှိသကဲ့သို့ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ် များလည်းပါဝင်သည်။
ဥပေါသထခန္ဓကတွင် သံဃာများစည်းဝေးခြင်း၊ ပါတိမောက်၊ ဥပုတ်၊ သိမ်၊ ဝိနည်း မေးခြင်း၊ ဖြေခြင်း၊ စောဒနာ စသည့် အကြောင်းအရာများပါရှိသည်။[2][3]
ကိုးကား
- ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅)။ ပါဠိတော်မြန်မာကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့။
- Ko Lay (1991)။ Myanmar Pitaka Association (ed.)။ Guide to Tipitaka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple။
- မဟာဝဂ်ပါဠိတော် (မြန်မာပြန်)။ ရန်ကုန်မြို့: သာသနာရေးဦးစီးဌာန။ ၁၉၇၅။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.