ဝီစကီ

ဝီစကီ သို့ ဝစ်စကီသည် မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုး ဖြစ်ပြီး ဂျုံစေ့ကို အရက်အဖြစ် ချက်လုပ်ပြီး သစ်သား သေတ္တာအတွင်းတွင် သိုလှောင်ထားခြင်းဖြင့် ရရှိသည်။

စကော့တလန်၊ အမေရိကန် နှင့် ကနေဒါမှ ထုတ်လုပ်သော ဝီစကီများ
အရောင်းရဆုံး မုယောဖြင့် ချက်ထားသော ဝီစကီ

ဝီစကီ ဆိုသည့် အမည်မှာ စကော့နယ်သုံး ဘာသာစကားတစ်မျိုး ဖြစ်သည့် ဂေးလစ် ဘာသာစကားမှ ဆင်းသက်လာသည်။ စကော့တလန်နှင့် ကျန်သော ဂရိတ်ဗြိတိန်နယ်တွင် စကော့ဝီစကီ သို့မဟုတ် စကော့ဟုသာ သုံးနှုန်းကြသည်။ ကွဲပြားခြားနားသော ဂေးလစ် ဘာသာစကားကို အသုံးပြုသော အိုင်ယာလန်တွင်မူ E အသံ ထည့်၍ ဝစ်စကေး (whiskey) ဟု ခေါ်ကြသည်။ အမေရိကန်တွင် ပြုလုပ်သော ဝီစကီမှာ အိုင်ယာလန်သုံး စာလုံးပေါင်းကို အသုံးပြုထားသည်။

ဝီစကီ အမျိုးအစား အမျိုးမျိုး ရှိသည်။ အထင်ရှားဆုံး အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဆင်ဂယ်မော့တ် (Single-malted)
  2. စကော့ သို့မဟုတ် ဘလင်းန်ဒက် (Blended whisky or Scotch)
  3. အိုင်းရစ်ရှ် ဝီစကီ (Irish Whisky)
  4. ဘော်ဘွန်း (Bourbon)
  5. ရိုင်း (Rye)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.