ဝေလန်ဒရာ ရေကန်ဒေသ

ဝေလန်ဒရာ ရေကန်ဒေသ သည် ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် အနောက်ဖျားတွင် တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ [1] ဝေလန်ဒရာရေကန် ဒေသသည် ဩစတြေးလျ ရှေးဦးနေ လူမျိုးစုများ ဖြစ်ကြသော မူသီမူသီလူမျိုး၊ နျမ်ပါးလူမျိုး၊ ဘားကင်ဂျီလူမျိုးတို့၏ ရိုးရာ တွေ့ဆုံရာ ဒေသ ဖြစ်သည်။ ၅၉၀,၀၀၀ ဧက (၂၄၀,၀၀၀ ဟက်တာ) ကျယ်ဝန်းသော ထိုဒေသကို ယူနက်စကို ကမ္ဘာ့အမွေ နှစ်ကော်မတီမှ ၁၉၈၁ ခုနှစ် ပဉ္စမအကြိမ် အစည်းအဝေးတွင် အောက်ပါအတိုင်းဖော်ပြ၍ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်း ခဲ့သည်။ [1] {{quotation|... ကမ္ဘာဦးအစကတည်းက ကြွင်းကျန်ရစ်သော ကန်ရေပြင်စနစ်၏ အနယ်အနှစ်များ၊ ဘူမိရုပ်သွင်ဆိုင်ရာ အထောက်အထားများ နှင့် မြေသားတို့တွင် အနိမ့်ပိုင်း ရေခဲဖုံးလွှမ်းခြင်းမခံခဲ့ရသော ပလိုင်စတိုဆင်း သွင်ပြင်များ၏ အထောက်အထားများကို တွေ့ရသည်။ ပလိုင်စတိုဆင်းခေတ်နှောင်းပိုင်း ရေခဲခေတ် နှင့် အပူပိုင်းခေတ်ကြား ရာသီဥတု အပြောင်းအလဲနှင့် ဆက်စပ်သော ထင်ရှားသော အထောက်အထားများလည်း ရှိပြီး အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀,၀၀၀ ကျော်မှ ဖြစ်သည်။ ရေကန်၏ ဂေဟစနစ် အနေနှင့် လွန်ခဲ့သော နှစ်ပေါင်း ၁၈,၅၀၀ ခန့်တွင် ရပ်တန့်ခဲ့သဖြင့် ဝေလန်ဒရော ရေကန်များသည် လူတို့အနေနှင့် ယခု ပုံပန်းသဏ္ဌန်သို့ ဆင့်ကဲပြောင်းလဲလာကြသော ပလိုင်စတိုဆင်းခေတ်အတွင်းက သက်ရှိတို့၏ အခြေအနေ အတွက် အကောင်းဆုံး မှတ်တမ်း ဖြစ်သည်။

ဝေလန်ဒရာ ရေကန်ဒေသ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဩစတြေးလျ
အမျိုးအစား ယဉ်ကျေးမှု ၊ သဘာဝ
ရွေးချယ်သည့်စံနှုန်း iii, viii
ကိုးကား ၁၆၇
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ


အပျက်အစီးမရှိသော ကျောက်လွှာများသည် ဟိုမိုဆေးပီးယန်း ဆေးပီးယန်း တို့၏ ဘောဂဗေဒ ဘဝကို ပြန်လည်တည်ဆောက်ရာတွင် ထင်ရှားသော သက်သေများ အဖြစ် တည်ရှိသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ အကြွင်းအကျန်များ ဖြစ်သော မီးဖို၊ ကျောက်သားလက်နက်များနှင့် ခရုခွံ အကြွင်းအကျန်များမှ ဒေသအတွင်း ရနိုင်သမျှ အရင်းအမြစ်များကို အံ့ဩဖွယ်ရာ အသုံးချနိုင်ခြင်းနှင့် ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ ယဉ်ကျေးမှုအကြား ဆန်းပြားစွာ ပေါင်းကူး ဆက်စပ်နိုင်ခြင်း ကို ပြသနေသည်။ မပျက်မစီးဘဲ ရှိသော ဧရာမ သားပိုက်ကောင်ကြီးများ၏ ကျောက်ဖြစ်ရုပ်ကြွင်း များကိုလည်း ဤနေရာတွင် တွေ့ရသည်။


ဝေလန်ဒရာဒေသတွင် အာဖရိက အပြင်ဘက် ဟိုမိုဆေးပီးယန်း နှင့် ဆေးပီးယန်းတို့၏ အစောဆုံးသော သက်သေများရှိသည်။ ထိုသက်သေများကြောင့် လူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၄၂,၀၀၀ ခန့်ကတည်းက ဩစတြေးလျသို့တိုင်အောင် ပျံ့နှံ့နေထိုင်ကြကြောင်း သိရသည်။ ထိုနယ်မြေတွင် လွန်စွာရှေးကျသော အချိန်က လူသေတို့ကို မြှုပ်နှံရာ နေရာများ လည်း ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ခန့်က မီးသင်္ဂြိုဟ်ရာ နေရာလည်း ရှိပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အခမ်းအနားဖြင့် မီးသင်္ဂြိုဟ်သော နေရာ ဖြစ်သည်။ ရှုပ်ထွေးသော အပင်များကို အစားအစာအဖြစ် စုဆောင်းသည့် စနစ်၏ သဲလွန်စများကိုလည်း တွေ့ရပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၈,၀၀၀ ခန့်က မြက်ရိုင်းစေ့ကို ဂျုံအဖြစ်ကြိတ်သည့် ကျောက်တုံးများကိုလည်း တွေ့ရပြီး အရှေ့အလယ်ပိုင်းတွင် အသုံးပြုသော အချိန်နှင့် တစ်ချိန်တည်းခန့်တွင် ဖြစ်သည်။ ဆိုးဆေးများကို ထိုကန်စပ်သို့ လွန်ခဲ့သော နှစ်ပေါင်း ၄၂,၀၀၀ ခန့်ကပင် သယ်ယူပို့ဆောင်ခဲ့ကြသည်။ ထိုဒေသမှ အထောက်အထားများကြောင့် ဩစတြေးလျ၏ အစောပိုင်း ကျောက်လက်နက်များကို အမျိုးအစား ခွဲခြားနိုင်ခဲ့သည်။


သတ်မှတ်ပြီးသည့် အချိန်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၁၉,၀၀၀ မှ ၂၃,၀၀၀ အတွင်းမှ လူတို့သွားရာလမ်းကြောင်း တစ်လျှောက် ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရသဖြင့် အစောပိုင်းလူတို့အနေနှင့် သူတို့၏ ပတ်ဝန်းကျင်နှင့် မည်သို့ အပြန်အလှန် ဆက်ဆံကြသည်ကို နားလည်နိုင်သည်။

ကိုးကား

  1. Willandra Lakes Region World Heritage List UNESCO (2014)။ 1 September 2014 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.