ဝံပိုငှက်
ဝံပိုငှက်အုပ်များကို မြန်မာနိုင်ငံ မြစ်မကြီးများ၏ ကမ်းခြေတစ် လျှောက်နှင့် ထုံးအိုင်များ၏ ပတ်ဝန်းကျင်တွင် အစဉ်မပြတ် တွေ့ရသော် လည်း မည်သည့်နေရာတွင် သားပေါက်သည်ဆိုသည်ကိုမူ အတိအကျမပြော နိုင်ချေ။ သို့သော် ပတ်ဝန်းကျင်တွင် ဖြစ်လိမ့်မည်ဟူ၍ကား မှန်းဆနိုင်ပေ သည်။
ဝံပိုငှက်သည် စက္ကဝက်ငှက်မျိုးနှင့်အတူ ပယ်လီကင်နီဖောမီး မျိုး စဉ်မှ ပယ်လီကင်နီဒီး မျိုးရင်းတွင်ပါဝင်၍ ယင်းကိုပါဏဗေဒအလိုအားဖြင့် ပယ်လီကင်နပ် ဖိလစ်ပင်ဆစ် ဟု ခေါ်သည်။ ဝံပိုငှက်၏ အလျားသည် ၅၂ လက်မမှ လက်မ ၆ဝ အထိရှိသည်။ အရွယ်ရောက်ပြီးဝံပိုငှက်၏ သားပေါက်ချိန်အမွှေးရောင်မှာ အပေါ်ပိုင်း၌ မီးခိုးရောင်နှင့် အောက်ပိုင်းမှာ အဖြူရောင်ဖြစ်သည်။ နောက်ပိုင်းကျကျနှင့် အောက်ဘက်ပိုင်းတို့၏ အရောင်တွင် ပန်းရောင်သန်းနေလေသည်။သာမန်အချိန်တွင်မူ ဝံပိုငှက်၏ အတောင်ပံများ၊ အမြီးနှင့် ကိုယ်၏အောက်ဘက်ပိုင်းများတွင် အရောင်စက် ကလေးများရှိသော်လည်း ယင်းတို့ကို ကွင်းပြင်၌ရှိစဉ်တွင် မမြင်နိုင်ချေ။ ဝံပိုငှက်၏အသံမှာ အာခေါင်သံပါသည်။ ညည်းတွားပုံသာ ဖြစ်ပုံရသည်။
တစ်နှစ်ပတ်လုံးတွင် ဝံပိုငှက် အုပ်စုကလေးများကို ဧရာဝတီမြစ် ရိုးတစ်လျှောက်တွင်လည်းကောင်း၊ ဒီရေအတက်အကျရှိသော ချောင်းများတစ် လျှောက်တွင်လည်းကောင်း တွေ့မြင်နိုင်ပေသည်။ ဝံပိုငှက်များ၏ ပျံသန်းပုံ မှာလည်းထူးခြား၏။ မြစ်၊ သို့မဟုတ် ချောင်း၏ မျက်နှာပြင်နှင့် ကပ်၍ပျံ လေ့ရှိပြီးလျှင် ကိုက် ၅ဝ ခန့် လေဟုန်စီးပြီးတိုင်းတွင် အတောင်ပံကြီး များကို ခတ်နိုင်စေရန် တစ်ပေမျှမြင့်အောင် ပျံပြီးသည့်နောက်တွင် ယခင် အတိုင်းပင် မြစ်၊ သို့မဟုတ် ချောင်း မျက်နှာပြင်အနီးသို့ နှိမ့်ချလိုက်ပြန် သည်။ ပျံသောအခါတွင် ဦးခေါင်းကို ပခုံး၏နောက်ဘက်သို့ ရောက်သည် အထိ ဆွဲထားပြီးလျှင် ပျံလေ့ရှိသည်။ နှုတ်သီးကိုမူ ရေမျက်နှာပြင်နှင့် တစ် ပြေးတည်းဖြစ်အောင် ထားလေ့ရှိသည်။ မြေကြီးပေါ်တွင် ဝံပိုငှက်များ လမ်း လျှောက်သည်ကို ကြည့်ရသည်မှာ အချိုးအစား မကျသော်လည်း သဲသောင် ပြင်တွင် မြစ်၊ ကမ်းစပ်ရှိ ရွှံ့ပြင်ပေါ်တွင်ဖြစ်စေ မြင်ရလေ့ရှိသည်။ သစ်ပင် များပေါ်၌လည်း နားလေ့ရှိသည်။ ဝံပိုငှက်သည် များသောအားဖြင့် ငါးကို စားလေ့ရှိ၏။ ငါးကိုဖမ်းရာတွင် အမွှေးမရှိသည့် စလုတ်နှင့် ဆက်သွယ် လျက်ရှိသော နှုတ်သီးကို ရေထဲသို့ လျင်မြန်စွာထိုးနှစ်၍ ဖမ်းယူလေ့ရှိသည်။ ထိုစလုတ်ကို အစာများလျှင်များသလို ချဲ့နိုင်လေသည်။ ဝံပိုအုပ်များသည် မြစ် သို့မဟုတ် ချောင်းကိုဖြတ်၍ တန်းစီကာ ရေပေါ်တွင်နေပြီးလျှင် ယင်း တို့၏ တောင်ပံများကို ရိုက်ခတ်ခြင်းဖြင့် ငါးများကို ရေတိမ်ရာသို့ သွားစေ သည်ဟုဆိုသော်လည်း ထိုအပြုအမူမျိုးကို တွေ့ရခဲလေသည်။ ရွှေကျင်မြို့၏ တောင်ဘက်ရှိ စစ်တောင်းလွင်ပြင်သည် တစ်ခါက ဝံပိုငှက်များ ပေါက်ဖွားရာဒေသ ဖြစ်ခဲ့ဘူးသည်။ ငှက်ကြီးဝံပို [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)