သင်္ချာအခြေခံ
သင်္ချာအခြေခံ (Foundations of mathematics) ဟူသည် သင်္ချာပညာရပ်၏ အထိုင်အုတ်မြစ်နှင့် သက်ဆိုင်သည့် ယုတ္တိဗေဒနှင့် ဒဿနိကဗေဒဆိုင်ရာ ကိစ္စရပ်များကို လေ့လာသည့် ဘာသာရပ်ဖြစ်သည်။ သာဓကအားဖြင့် အက်ဆီယမ်စနစ်တစ်ခု (axiom system) အတွင်း သဟဇာတဖြစ်မှု (consistency) ရှိ/မရှိ နှင့် ပြီးပြည့်စုံမှု (completeness)[မှတ်စု 1] ရှိ/မရှိ လေ့လာခြင်းမျိုးဖြစ်သည်။[2] သင်္ချာ၏ သဘောသဘာဝနှင့် ပတ်သက်သည့် အတွေးအခေါ်ဆိုင်ရာ သီအိုရီ သဘောတရားများ၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုများ စသည်တို့ကိုလည်း လေ့လာလေ့ရှိသည်။[3]
မှတ်စု (Notes)
- ပြီးပြည့်စုံမှု (completeness) ရှိသည့် အက်ဆီယမ်စနစ်ဆိုသည်မှာ ၎င်းစနစ်တွင်းရှိ closed sentences ခေါ် ဝါကျအပိတ် များကို မှန်သည်၊ သို့မဟုတ် မှားသည်ဟု၊ တစ်မျိုးတိတိသာ သက်သေပြနိုင်သည့် စနစ်တစ်ခုဖြစ်သည်။[1]
အညွှန်း (Citations)
ကျမ်းကိုး/အကိုးအကား (References)
- "Completeness"၊ Encyclopædia Britannica၊ Encyclopædia Britannica, Inc.၊ January 22, 2015 တွင် ပြန်စစ်ပြီး
- "Foundations of mathematics"၊ Encyclopædia Britannica၊ Encyclopædia Britannica, Inc.၊ January 22, 2015 တွင် ပြန်စစ်ပြီး
- "Philosophy of Mathematics"၊ Stanford Encyclopedia of Philosophy၊ Center for the Study of Language and Information (CSLI), Stanford University၊ January 22, 1015 တွင် ပြန်စစ်ပြီး
|accessdate=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.