သင်္ချာ(သံချာ)
ကပိလရသေ့စီရင်အပ်သော သံချာသူတြခေါ် ဒဿနိကဗေဒကျမ်းအရ သတ္တဝါသည်နိစ္စဖြစ်သော ပြဓါန(ပါဠိပါန၊အကြီးဖြစ်သော) ဟူ၍လည်းကောင်း၊ ပြကတေ့သဘောဟူ၍ လည်းကောင်း ခေါ်သော တတ္ထ သဘောတရားသည် ပုရိသ ဟုခေါ်သောအတ္တနှင့်ပေါင်းဆုံမိခြင်းကြောင့် ဖြစ်လှာကြောင်း စသည်တို့ကိုဖေါ်ပြသောသင်္ချာအတတ်။ ယင်းအတတ်ကို သင်္ချာခေါ်သည်ကား၊ ပကတိ အစရှိကုန်သော နှစ်ဆဲ့ငါးပါး ကုန်သောတတ္ထ(ပါဠိ·တတ္ထမှန်ကန်ခြင်း) သဘောတရားတို့ကို ရေတွက်အပ်သောကြောင့် သင်္ချာအတတ်ခေါ်လေသည်။
ယင်းအတတ်ကို သင်္ချာသူတြ(သက္ကတ·သူတြ၊ ပါဠိ·သုတ္တ၊ အနက်ကိုအကျဉ်းအားဖြင့်ပြသောစကား၊သုတ်။)၊ သင်္ချာကာရိကာ စသောကျမ်းတို့၌ ဖေါ်ပြလျက်ရှိသည်။ သို့ဖြစ်၍ ယင်းသင်္ချာသည်သာလျှင် အဋ္ဌာရသ ၁၈ ရပ်တွင် တစ်ပါးအပါအဝင်ဖြစ်သည်ဟု သက္ကတကျမ်းဂန် အတတ်ပညာရှင်များ ယူဆကြသည်။ ဂဏိတာအတတ်ကိုမူ ဂဏန်းသင်္ချာ၊ သို့မဟုတ် အက္ခရာသင်္ချာအတတ်ဟု ဆိုလိုသည်ကိုခွဲခြား၍ သိရာ၏။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)