သင်္ဃန်းကျွန်းမြို့နယ်

သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′41″N 96°11′3″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
ခရိုင်ရန်ကုန်အရှေ့ပိုင်းခရိုင်
မြို့နယ်သင်္ဃန်းကျွန်းမြို့နယ်
စာပို့သင်္ကေတ၁၁၀၇၁၊ ၁၁၀၇၂

တည်နေရာ

သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်၏ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်၊ တောင်ဘက်တွင် သာကေတမြို့နယ်တို့ တည်ရှိသည်။

ခေါ်တွင်ပုံ

မွန်ဘာသာအရ သံဃာကျွန်းဟု အဓိပ္ပါယ်ရသည်။[1] သင်္ဃန်းကျွန်းသည် ကံသင်၊ ကအ်သင်-ဆိုသော မွန်ဝေါဟာရမှ ဆင်းသက်လာပြီး ကံ၊ ကအ်-က ကျွန်း၊ သင်-က သင်္ဃာ၊ သင်္ဃာတော်တွေ စုဝေးနေထိုင်ရာဖြစ်၍ သင်္ဃန်းကျွန်း (သင်္ဃာကျွန်း) ခေါ်သည် ဟု အဆိုအမိန့်တွေရှိပါသည်။ [2] သင်္ဃန်းကျွန်းသည် "သင်္ဃန်းပင်ကျွန်း"မှ ရွှေ့လျားလာသော အမည်။ [3] သင်္ဃန်းကျွန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၃၈)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၄၀) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းရှိသည်။


ထင်ရှားသော အဆောက်အဦးများ

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကဆံ ဆံတော်ရှင်စေတီ‌တော်ကျိုက်ဒေးယျုံစေတီတော်ရွှေနားပန်ဘုရားသံယုတ်ဘုန်းကြီးကျောင်းစိန့်ဂျိုးဇက်ခရစ်ယာန်ဘုရားကျောင်း သင်္ဃန်းကျွန်းပညာရေးကောလိပ်သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)သုဝဏ္ဏအမျိုးသားအားကစားရုံသုဝဏ္ဏအမျိုးသားဘောလုံးကွင်းသုဝဏ္ဏဘူမိအခမ်းအနားပြင်ဆင်ကျင်းပကွင်းThe One Entertainment အခမ်းအနားပြင်ဆင်ကျင်းပကွင်းစံပြဆေးရုံအောင်ရတနာပုဂ္ဂလိကအထူးကုဆေးရုံသင်္ဃန်းကျွန်းဈေးစံပြဈေးAKK ဈေးဝယ်စင်တာCity Mart SupermarketOrange Shopping Center တို့ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အအုံများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည်အမျိုးအစားလိပ်စာမှတ်ချက်
ကျိုက္ကဆံ ဆံတော်ရှင်စေတီ‌တော်ဘုရားကျိုက္ကဆံဘုရားလမ်း
စိန့်ဂျိုးဇက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၁-၃၊ သီရိမာရီယာလမ်း
သံယုတ်ဘုန်းကြီးကျောင်းဘုန်းကြီးကျောင်းကျောက်စာတိုင်လမ်း

ကိုးကား

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  2. မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)
  3. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်




This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.