သတင်းစာပညာ

သတင်းစာပညာသည် ဖြစ်ပျက်နေသောအကြောင်းအရာများကို စုံစမ်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်း၊ ထုတ်ပြန် ခြင်းနှင့်ကျယ်ပြန့်သော ပရိသတ်အတွင်းသို့ စီးဝင်ရောက်ရှိစေခြင်းတို့ဖြစ်ပါသည်။ သတင်းစာပညာတွင် ကွဲလွဲသော အကြောင်းအရာများ များစွာရှိသော်လည်း ရည်ရွယ်သည်မှာ ပြည်သူတစ်ရပ်လုံးအား သတင်းအချက်များပေးပို့ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင်လျှို့ဝှက်သောအဖွဲ့အစည်း နှင့် အစိုးရကဲ့သို့သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအနုပညာနှင့် ဖျော်ဖြေမှုကဲ့သို့သော ယဉ်ကျေးမှုရှုထောင့်မှ လူမှုရေးဆိုင်ရာတို့ကိုပါ လွှမ်းမိုးထားသည့် သတင်းစာပညာတို့ဖြစ် သည်။ ယင်းနယ်ပယ်တွင် တည်းဖြတ်ခြင်း၊ ဓာတ်ပုံသတင်းပညာ နှင့် မှတ်တမ်းမှတ်ရာအဖြစ် တင်ပြခြင်းများတို့ ပါဝင်ပါသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားအား ဓာတ်ပုံရိုက်ကူးနေသော ဓာတ်ပုံဂျာနယ်လစ်များ (နိုဝင်ဘာ ၂၀၁၃)

ဂိုဟန်ကာလို့(စ်)၏ ၁၆၀၅ ခုနှစ်က စထရာဘတ်(စ်)တွင် ထုတ်ဝေခဲ့သော Relation aller Fürnemmen und gedenckwürdigen Historien သည် ပထမဦးဆုံး သတင်းစာ အဖြစ် ရံဖန်ရံခါ အသိအမှတ်ပြုကြသည်။ ပထမဦးစွာ အောင်မြင်ခဲ့သောအင်္ဂလိပ်နေ့စဉ် ဒေးလီးကိုးရန်(တ်) ကို ၁၇၀၂ခုနှစ်မှ ၁၇၃၅ခုနှစ်အတွင်း ထုတ်ဝေခဲ့ပါသည်။ ခေတ်မီသော လူမှုအဖွဲ့အစည်းများအတွင်း သတင်းမီဒီယာသည် ပြည်သူလူထု အရေးကိစ္စများအပေါ် ထင်မြင်ချက်များကို သတင်းအချက်အလက်အဖြစ် အဓိကပံ့ပိုးသယ်ဆောင်ပေးခြင်းကို ဖြစ်ပေါ်စေခဲ့ပါသည်။ သို့ရာတွင် သတင်းစာပညာ၏အခန်းကဏ္ဍ နှင့် အဆင့်အတန်းသည် အခြားသော လူထုမီဒီယာများ နှင့် အတူ အင်တာနက် အထူးအားဖြင့် ဝက်(ဘ်) ၂.၀ မှ ထွက်ပေါ်လာသည့် အပြောင်းအလဲများအောက်တွင် တွေ့ကြုံခံစားနေပါသည်။[1]

အခြားအသွင်အပြင်များ

သတင်းစာများနှင့် မဂ္ဂဇင်းများ ဂျာနယ်များတို့သည် သတင်းစာဆရာများ ရေးသားသောဝိသေသများ (ဝိသေသအသွင်အပြင် ကြည့်ပါ) မကြာခဏပါဝင်သည်။ ၎င်းတို့အများစုသည် ဤကဲ့သို့ပုံစံများကို အထူးပြုထားသည်။ဝိသေသကိုဖေါ်ပြသော ဆောင်းပါးများသည် ထုံးစံအတိုင်း ရှည်လျားသော အရေးအသားပုံစံများ ဖြစ်ကြပါ သည်။ တိုက်ရိုက်သတင်းအစီရင်ခံခြင်းထက် အသွင်အပြင်ကို ပိုမိုဂရုပြုတတ်ကြပါသည်။ ၎င်းတို့သည် မကြာခဏဓာတ်ပုံများ၊ ပန်းချီပုံများ သို့မဟုတ် အခြားအနုပညာများတို့ဖြင့် ပေါင်းစပ်ထားတတ်ကြပါသည်။ ၎င်းတို့သည် ပုံနှိပ်စက်ရိုက်ပညာ၏ အကျိုးသက်ရောက်မှု သို့မဟုတ် အရောင်အသွေးတို့ဖြင့် ချယ်မှုန်းထားတတ်ကြ ပါသည်။

ရေးသားထားသည့် ဝိသေသများကို ဖြောင့်စင်းသည့် သတင်းပုံပြင်များထက် ပိုမို၍ လိုလား ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာဆရာသည် အကြောင်းအချက်များကို မှန်ကန်စွာ စုဆောင်း အစီရင်ခံနိုင်ရန် ညီမျှသည့် ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ရပါမည်။ ထို့အတူပင် သတင်းစာဆရာသည် တီထွင် ဆန်းသစ်စေရန်နှင့် စိတ်ဝင်စားဖွယ်ရာ ရေးသားသင့်သည်။ ထိပ်ဆုံးပိုင်း သို့မဟုတ် ဖြစ်ရပ်များ၏ (ပထမ စာပိုဒ် အနည်းငယ် နတ်ဂရပ်) သည် ဖတ်ရှုသူ၏ အာရုံစူးစိုက်မှုကို ဆုပ်ကိုင်နိုင်ရမည်ဖြစ်ပြီး၊ ဆောင်းပါး၏ အတွေးအခေါ်များကိုလည်း မှန်ကန်စွာ ရုပ်လုံးဖော်နိုင်ရမည် ဖြစ်ပါသည်။ [2]

ချဉ်းကပ်နည်းများ

၂၀ရာစုနှစ် နောက်ဆုံးတစ်ဝက်တွင်၊ ဖြောင့်စင်းသည့် သတင်းအစီရင်ခံခြင်းနှင့် ဝိသေသကိုဖေါ်ပြသော အရေးအသားတို့အကြာ နည်းဗျူဟာသည် မရှင်းလင်းပါ။ သတင်းစာဆရာများနှင့် ပုံနှိပ်ထုတ်ဝေသူများ သည် အရေးအသားများကို ကွဲပြားခြားနားသည့် ချဉ်းကပ်နည်းများဖြင့် ယနေ့လက်တွေ့ စမ်းသပ်ကြည့်ကြပါသည်။ တွမ်ဝု(ဖ်)၊ ဂေးတယ်လီစီ၊ ဟန့်တား အက်စ် သွန်မဆင် တို့သည် ၎င်းတို့၏အချို့သောနမူနာများပင် ဖြစ်ကြပါသည်။ မြို့ပြနှင့်တစ်လှည့်စီထုတ်ဝေသော အပတ်စဉ်သတင်းဂျာနယ်များသည် ခြားနားမှုကို ပိုမို၍ မှုန်ဝါးစေပြီး၊ များစွာသောမဂ္ဂဇင်းတို့သည်လည်း ဖြောင့်စင်းသည့် သတင်းများထက် ဝိသေသကိုဖေါ်ပြသော ဆောင်းပါးများကို ပိုမိုထည့်သွင်းလာကြပါသည်။

အချို့သော ရုပ်မြင်သံကြားသတင်းများသည် ပုံသဏ္ဌာန်အပြောင်းအလဲများကို စမ်းသပ်ထုတ်လွှင့် ပြသကြသဖြင့် တီဗွီပြပွဲများအားသတင်းပြပွဲများဟု အခိုင်အမာပြောဆိုမှုများကိုရှေးရိုးဝေဖန်သူများ ကယင်းသို့မစဉ်းစားခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင်ပါဝင်မှုများနှင့် နည်းလမ်းများသည် သတင်းစာပညာအဆင့်အတန်းများဖြင့် လက်ခံနိုင်ရန်ခိုင်မာမှုမရှိ၍ဖြစ်ပါသည်။ အမျိုးသားလူထု ရေဒီယိုသည်လည်း အခြားတစ်ဘက်တွင်ကောင်းသည့် ဥပမာတစ်ခုအနေဖြင့် ဖြောင့်စင်းသည့် သတင်းအစီရင်ခံတင်ပြခြင်း၊ ဝိသေသများ၎င်းတို့နှစ်ဦးပေါင်းစည်းမှုများသည် ပုံမှန်အားဖြင့် မြင့်မားသောစံချိန်စံညွှန်းများ ပေါင်းဆုံစေပါသည်။ အခြားသော ယူအက်စ် လူထုရေဒီယို သတင်းအဖွဲ့အစည်းများကလည်း တူညီသော ရလဒ်များကိုရရှိကြပါသည်။

သတင်းစာပညာ၏ အဓိကပါဝင်သည့်အချက်များ

ဘေ(လ်)ကိုဗတ်နှင့် တွမ်ရိုစင်တီ(လ်)တို့၏စာအုပ် The Elements of Journalism အရဆိုပါမူ သတင်းစာ ပညာ၏ အဓိကပါဝင်သည့် အချက်(၉)ချက်ရှိပါသည်။သတင်းစာဆရာတစ်ယောက်အနေဖြင့် ပြည်သူလူထုကို သတင်းအချက်အလက်များပေးခြင်းအားဖြင့် ၎င်း၏တာဝန်ကို ပြီးမြောက်ပြည့်စုံစေရန် ၎င်းတို့သည် လွတ်လပ်၍ မိမိကိုယ်မိမိထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ၎င်းတို့သည် ဤလမ်းညွှန်ချက်များ ကို လိုက်နာရမည်ဖြစ်ပါသည် -

  1. သတင်းစာပညာ၏ ပထမတာဝန် သိစိတ်သည် အမှန်တရားဖြစ်သည်။
  2. ၎င်း၏ပထမသစ္စာတရားရှိမှုသည် နိုင်ငံသားများသို့ ဖြစ်သည်။
  3. ၎င်း၏အနှစ်သာရမှာ အမှန်တရားကို ရှာဖွေဖော်ထုတ် ခြင်း၏ စည်းကမ်းရှိမှုပင်ဖြစ်သည်။
  4. ၎င်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် ၎င်းတို့ဖော်ထုတ်တွေ့ရှိမှုများမှ လွတ်လပ်ခြင်းတစ်ခုကို မွမ်းမံထိန်းသိမ်းထားရမည်။
  5. ၎င်းသည် တန်ခိုးအာဏာတို့မှ လွတ်လပ်သည့် ဦးဆောင်သူ အဖြစ် တာဝန်ထမ်းဆောင်ရမည်။
  6. ၎င်းသည် အများပြည်သူဝေဖန်မှုနှင့် ညှိနှိုင်းမှုတို့အတွက် အခန်းကဏ္ဍတစ်ခု ဖွင့်လှစ်ထားရှိရပါမည်။
  7. ၎င်းသည် ထင်ရှားသည့်စိတ်ဝင်စားဖွယ်ရာနှင့် ဆက်စပ်ခိုင်လုံမှုများအတွက် ကြိုးပမ်းဆောင်ရွက်ရမည်။
  8. ၎င်းသည် သတင်းများကို ပြည့်စုံသောလိုရင်းအချက်များနှင့် အချိုးညီစွာထိန်းသိမ်းထားရမည်။
  9. ၎င်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် ၎င်းတို့၏ ကိုယ်ပိုင်အကောင်းအဆိုး ခွဲခြားသိသည့် စိတ်ကို လေ့ကျင့်မှုပြုနိုင်ရန် ခွင့်ပြုရမည်။
  10. ၎င်းသည် ပြည်သူများအတွက် မှန်ကန်ဖြောင့်မတ်မှုနှင့် တာဝန်ရှိသူများဖြစ်သည်။

၂၀၀၇ခုနှစ် ဧပြီလ တည်းဖြတ်ထုတ်ဝေသည့် စာအုပ်တွင်၊ ၎င်းတို့သည် နောက်ဆုံးအခြေခံအချက်ဖြစ်သည့် ပြည်သူများအတွက် မှန်ကန်ဖြောင့်မတ်မှုနှင့် တာဝန်ရှိမှုများကို ဖြည့်စွက်ခဲ့၍ သတင်းစာပညာ၏ အခြေခံအချက်စုစုပေါင်း ဆယ်ချက်ဖြစ်လာပါသည်။

အသက်မွေးဝမ်းကျောင်း နှင့် ကျင့်ဝတ်ဆိုင်ရာစံထားချက်များ

သတင်းစာပညာကျင့်ဝတ်နှင့် စံထားချက်များ

ယူကေနိုင်ငံတွင် သတင်းစာများ အားလုံး သည် ပုံနှိပ်ခြင်းဆိုင်ရာ မကျေနပ်ချက်များ ကော်မရှင်၏ လက်တွေ့လုပ်ဆောင်မှု ဥပဒေ (Code of Practice) ဖြင့် ကန့်သတ်ထားပါသည်။ ယင်းတွင် ပြည်သူတို့၏ ပုဂ္ဂလိကဆိုင်ရာနှင့် သေချာသော တိကျမှန်ကန်မှုတို့ကို လေးစားရန်ဆိုသည့် အချက်များပါဝင်ပါသည်။ သို့သော်လည်း မီဒီယာ စံထားချက်ယုံကြည်မှုများ (Media Standards Trust) သည် ပီစီစီအား ဝေဖန်ခဲ့ရာတွင် ပြည်သူအများမှ သတင်း စာများပေါ်တွင် ယုံကြည်မှုကို သေချာစေရန်မှာ အရင်းအမြစ်မှ လုံးဝပြောင်းလဲပစ်ရန် လိုအပ်မည်ဟု တောင်းဆိုနေခဲ့ သည်။ ၎င်းသည် ၂၀ရာစုနှစ်မတိုင်မီ မီဒီယာအခြေအနေနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ယင်းအချိန်အခါ က မီဒီယာဈေးကွက်ကို သတင်းစာငယ်များနှင့် စာအုပ်လေးများရေးသူတို့က လွှမ်းမိုးချယ်လှယ်ထားပြီး ၎င်း တို့မှာ ဖြစ်ပေါ်လာမည့် အခြေအနေ သို့မဟုတ် မှန်ကန်သည့် ရည်ရွယ်ချက်များကို ကြိုတင်မှန်းဆခြင်း မရှိပဲ သမားရိုးကျဖြစ်သော လူသိရှင်ကြားဖြစ်မည့် အရင်းအမြစ်နှင့်ဆိုင်သော အစီအစဉ်များသာ ရှိခဲ့သည်။

စံထားချက်များကို မွမ်းမံရန် ကျရှုံးမှုများ

ယင်းသို့ ဥပဒေကျမ်းအရ ပြုမူဆောင်ရွက်မှုများသည် စစ်မှန်သော ကမ္ဘာတွင် ညီညွတ်စွာ မြှင့်တင်နိုင်မှု အတွက် အခက်အခဲ များရှိနိုင်ပါသည်။ သတင်းစာဆရာများသည် မျှတမှုနှင့် မှန်ကန်သည့်ရည်ရွယ်ချက်ကို ယုံကြည်သူများအနေ ဖြင့် ယိမ်းယိုင်သည့်စိတ်သဘောထားအခြေအနေများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ ရွေးချယ်၍ အစီရင်ခံခြင်း ၊ လွန်မင်းစွာ သတင်းပုံပြင်များအပေါ်ယုံကြည်ခြင်း၊ သို့မဟုတ် အပြုအမူများ အတွက် ဖြေရှင်းချက် တစ်စိတ်တစ်ဒေသကိုသာပေးခြင်း။ (မီဒီယာပါ ယိမ်းယိုင်မှု-ကြည့်ပါ။) လုပ်ရိုးလုပ်စဉ် အစီရင်ခံခြင်းများတွင်ပင် ယိမ်းယိုင်မှုသည် သတင်းထောက်၏ အချက်အလက်များရွေးချယ်မှုမှတစ်ဆင့် ဖြစ်ရပ်အတွင်းသို့ တိုးဝင်သွားနို်င်ပါသည်။ ယင်းသို့ ရွေးချယ်မှုသည် သတင်းအားချုံ့ရန် သို့မဟုတ် လုံလောက်သည့် အကြောင်းရင်းများ စစ်ဆေးရန် ပျက်ကွက်မှု အစီရင်ခံခြင်း ၏ ဆန့်ကျင်ဘက်အသံများကို ကြားခြင်း သို့မဟုတ် လတ်ဆတ်သည့်အတွေးအမြင်များကို ရှာဖွေခြင်းတို့ဖြစ် ပါသည်။

အဖွဲ့အစည်းအသစ်တစ်ခု၏ လျာထားငွေသည် မည်သည့်သတင်းများကို ခြုံမိစေရန်၊ မည်သည့် ပရိသတ် အတွက်နှင့် မည်မျှနက်ရှိုင်းမှုအထိစသည့် ဆုံးဖြတ်ချက်များချမှတ်ရန် မလွှဲမရှောင်သာသော ရောင်ပြန်ဟပ်မှု များကို ဖြစ်ပေါ်စေပါသည်။ ယင်းဆုံးဖြတ်ချက်များသည်လည်း အမှတ်ထင်ထင်သို့ တည်းမဟုတ် အမှတ်တ မဲ့ဖြစ်သော ယိမ်းယိုင်မှုများကို တန်ပြန်ဖြစ်စေပါသည်။ လျာထားငွေ များကို ဖြတ်တောက်သည့်အခါတွင် အယ်ဒီတာများသည် ဝေးကွာသော သတင်းဗြူရိုများရှိ သတင်းထောက်များအတွက် အနစ်နာခံသည့် အနေဖြင့် လစာနည်းဧရိယာတွင် ထမ်းဆောင်နေသည့် ဝန်ထမ်းများအရေအတွက် လျော့ချခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေသည့် စိတ်ဝင်စားမှုနယ်ပယ်မှ အားလုံးသော လုပ်ကိုင်နေသူများကို ရှင်းထုတ်ပစ်ခြင်းများ ပြုလုပ်တတ်ပါသည်။ထုတ်ဝေသူများ ပိုင်ရှင်များနှင့်အခြားသော စုပေါင်းအမှုဆောင်များ အထူးသဖြင့် ကြော်ငြာအရောင်း အမှုဆောင်များတို့သည် သူတို့၏ တန်ခိုးပါဝါ များကို သတင်းစာဆရာများ အပေါ်တွင် ကြိုးပမ်းအသုံးပြု၍ သတင်းများကို မည်သို့အစီရင်ခံရမည်နှင့် ထုတ်ဝေရမည်တို့ အပေါ်တွင် လွှမ်းမိုးမှုများပြုလုပ်လာကြပါသည်။

စွဲဆိုချက်များ

သတင်းစာဆရာများသည် ထိပ်ပိုင်းစီမံခန့်ခွဲသူများ အပေါ်တွင် သမားရိုးကျ ယုံကြည်အားထားတတ်ကြ၍ သတင်းနှင့် သတင်းအဖွဲ့အစည်းအတွင်းရှိ အခြားဌာနများတို့ဖြင့် “မီးတံတိုင်း” (Firewall) တစ်ခုဖန်တီး ထားရှိခြင်းဖြင့် သတင်းဌာနအပေါ်တွင် မလိုအပ်သည့် လွှမ်းမိုးမှုများ မဖြစ်ပေါ်စေရန် တားဆီးနိုင်ရန် ဆောင်ရွက်ကြပါ သည်။ သတင်းစာပညာ မဂ္ဂဇင်းတစ်စောင်ဖြစ်သော ကိုလံဘီယာ သတင်းစာပညာဆိုင်ရာပြန်လည်စစ်ဆေးခြင်း Columbia Journalism Review သည် သတင်းဖုံးအုပ်မှုများကို လွှမ်းမိုးရန်ကြိုးပမ်းသည့် အမှုဆောင်အရာရှိများ ၎င်းတို့၏ တန်ခိုးအာဏာများဖြင့် သတင်းစာဆရာ များအပေါ် မဟုတ်မမှန် မပြုလုပ်သည့် အမှုဆောင်အရာရှိများနှင့်၊ ယင်းသို့ ဖိနှိပ်မှုများကို ဆန့်ကျင်သည့် သတင်းထောက်များတို့ကို စံနမှုနာများအနေဖြင့် ဖော်ထုတ်သည့် အလေ့အကျင့်ကို ပြုခဲ့ ပါသည်။

ကိုယ်တိုင်တည်းဖြတ်ခြင်း သည် သတင်းစာပညာတွင် ကြီးထွားလာသည့်ပြဿနာတစ်ခုဖြစ်ပါသည်။ အထူးအားဖြင့် ပုံနှိပ်ထုတ်ဝေသူများ၏လွတ်လပ်ခွင့်ကို ထင်ရှားစွာ ကန့်သတ်ထားသော နိုင်ငံများတွင်ဖြစ်၏။ မီဒီယာဈေးကွက်နေရာများတွင် စီးပွားရေးဖိအားပေးမှုအရ မီဒီယာအဖွဲ့အစည်းများသည် ထင်ပေါ်သည့် နိုင်ငံများကို မဆီလျော်သည့် သတင်းပုံပြင်များ ထုတ်ပြန်ခြင်းဖြင့် ချဉ်းကပ်နည်းလမ်းဆုံးရှုံးမည်ကို မလိုလား ကြပါ။ စီအန်အန်ကဝန်ခံခဲ့သည်မှာ ၎င်းတို့သည် ကိုယ်တိုင်တည်းဖြတ်ခြင်းကို အလေ့အကျင့်ပြုခဲ့၍ ဆက်ဒန်ဟူစိန်၏ အီရတ်အုပ်ချုပ်မှုစနစ်ကို ယင်းအုပ်ချုပ်မှုစနစ်သည် အခြားမီဒီယာအား ဖယ်ရှားပြီးနောက် စဉ် ဆက်မပြတ် ချဉ်းကပ်နည်းစနစ်ကို သေချာစေရန် ဆောင်ရွက်ခဲ့ပါသည်။ စီအန်အန်သတင်းထောက် ခရစ်စတိန်း အေမန်ပို ကိုယ်တိုင်တည်းဖြတ်ခြင်း စနစ်ကို မကျေနပ်ကြောင်းကို၊ အီရတ်အားကျူးကျော်ဝင် ရောက်စဉ်အတွင်း ယူအက်စ်ရှိ အချက်အချာ ပရိသတ်များနှင့် ကင်းကွာသွားမည်ကို ကြောက်ရွံ့မိသော ကြောင့်ဟု ဆိုပါသည်။ မီဒီယာများသည် အစ္စရေးနှင့် အိီရန်နီယန်း အုပ်ချုပ်မှုမှ ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူ့အခွင့် အရေးနှင့် အကြမ်းဖက်မှုများကို ဖုံးလွှမ်းမည့်သတင်းပုံပြင်များအား ယင်းနိုင်ငံများသို့သွားရောက်နိုင်ခြင်းကို ထိန်းသိမ်းသည့်အနေဖြင့် ရှောင်လွှဲခဲ့ကြသည်ဟု စွဲဆိုချက်များ ရှိခဲ့ပါသည်။

တရားဥပဒေဆိုင်ရာ အဆင့်အတန်း

ပုံနှိပ်ခြင်း၏ လွတ်လပ်ခွင့်

ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာဆရာများသည် ၎င်းတို့လူမျိုးများ၏ အုပ်ချုပ်သူ အစိုးရများအကြောင်းကို မကြာ ခဏ ရေးသားတတ်ကြပါသည်။ ယင်းအစိုးရများသည် သတင်းစာဆရာများသို့ ရှေးရှု၍ ကျယ်ပြန့်သည့် အမျိုးမျိုးသော မူဝါဒများနှင့် ကျင့်သုံးမှုများထားရှိတတ်ကြပြီး၊ ယင်းထိန်းချုပ်မှုများအပေါ် ၎င်းတို့အနေဖြင့်သုတေသနပြုရေးသားနိုင်ကြ၍၊ပုံနှိပ်ရေးအဖွဲ့အစည်းများကလည်း ထုတ်ဝေနိုင်ကြပါသည်။ အခြားသော နိုင်ငံများသည် သတင်းစာဆရာများ၏ သုတေသနပြုမှု၊ ထုတ်ဝေမှုတို့အပေါ် ပြင်းထန်စွာ တားမြစ်ကန့်သတ်ထားကြစဉ် များစွာ သောအနောက်နိုင်ငံအစိုးရများသည် ပုံနှိပ်ခြင်း၏ လွတ်လပ်ခွင့် ကို အာမခံကြပြီး၊ ပုံနှိပ်တိုက်များ၏ အခွင့်အရေး နှင့် လွတ်လပ်ခြင်းများကို နှိုင်းဆ၍ အနည်းငယ်သော ကန့်သတ်ချက်များသာ ထားရှိကြပါသည်။

နိုင်ငံများစွာရှိ သတင်းစာဆရာများသည် အများပြည်သူတို့ ခံစားခွင့်မရှိသော အထူးအခွင့်အရေးများကို ရရှိ ခံစားနိုင်ကြပါသည်။ ယင်းတို့တွင် ပြည်သူတို့၏ အရေးကြီးသည့် ဖြစ်ရပ်များသို့ ကောင်းမွန်စွာ ချဉ်းကပ် နိုင်ခြင်း၊ မှုခင်းဖြစ်သည့်နေရာများနှင့် ပုံနှိပ်ရေးညီလာခံများ၊ ပြည်သူ့အရာထမ်းများဖြင့် တွေ့ဆုံမေးမြန်းမှုများပြုနိုင် ခြင်း၊ အခမ်းအနားများနှင့် အခြားသော ပြည်သူ့မြင်ကွင်းများတို့ ပါဝင်ပါသည်။ ဤကဲ့သို့ အထူး အခွင့်အရေး များကို ရရှိနိုင်ကြသည်မှာ၊ ပုံနှိပ်ခြင်း၏ သိမြင်နိုင်သည့် တန်ခိုးအာဏာသည် အစိုးရအပေါ်ထားရှိသည့် ပြည်သူလူထု၏ အကောင်းဘက်ထင်မြင်ချက်များ သို့မဟုတ်အစိုးရများ၊ ၎င်းတို့၏အရာထမ်းများနှင့် မူဝါဒများ ထပ်မံ၍၎င်းတို့၏ သုံးစွဲသူများကို မကြာခဏကိုယ်စားပြုသော ပုံနှိပ်ခြင်းဆိုင်ရာအယူအဆကြောင့် ဖြစ်သည်။ သတင်းစာဆရာများ၏ ဥပဒေကြောင်းဆိုင်ရာ အခွင့်အရေးများမှာ တိုးချဲ့လာသော်လည်း ယင်းအခွင့်အရေးများမှ အာမခံပေးမထားပါ။ တစ်ခါတစ်ရံတွင် အစိုးရအရာရှိများသည် တစ်ဦးချင်းစီသော သတင်းစာဆရာများကို တွန်းအားပေးရန် ကြိုးစားသည်။ ထိုသူတို့သည် အခွင့်အရေးများတိုးမြှင့်ပေးထားသည်တို့ကို ငြင်းပယ်ကြသော တစ်ဦးချင်းစီသော သတင်းစာ ဆရာများ ဖြစ်ကြပါသည်။

နိုင်ငံ သို့မဟုတ် တရားစီရင်ပိုင်ခွင့်များက ဥပဒေနှင့်အညီ လိုင်စင်ရသတင်းစာဆရာများကို အပ်နှင်း ထားသည်။ ယင်းလိုင်စင်များနှင့်အတူ အထူးအခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ၊ သို့သော် ယူနိုက်တက်စတိတ် တွင် ရှေးရိုးစဉ်လာ လွတ်လပ်သည့် ပုံနှိပ်တိုက်များသည် အစိုးရထိန်းချုပ် ပြဋ္ဌာန်း ထားသည့် စာမေးပွဲများ လိုင်စင်ခွင့်ပြုမိန့်များကို ရှောင်ကြဉ်ကြပါသည်။ အချို့သော နိုင်ငံများတွင် အသေးစိတ်ဖေါ်ပြထားသော ဒိုင်းသဖွယ် ဥပဒေများသည် သတင်းစာဆရာများအား အချို့သော အစိုးရ၏ စုံစမ်းစစ်ဆေးခြင်း ပုံစံများမှ ကာကွယ်ထားပါသည်။ သို့ရာတွင် “သတင်းစာဆရာ” အား အတည်ပြုသည့် ဥပဒေပြဋ္ဌာန်းချက်များအရ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ပုံနှိပ်လုပ်ငန်း ပုံနှိပ်တိုက်များနှင့် အသံလွှင့်ရုံ တာဝါများကို အခြေခံထားခဲ့ပါသည်။ အမျိုးသားရေး ကာကွယ်မှုဥပဒေကို အဆိုပြုထားခဲ့ပြီး ဖြစ်ပါသည်။

အချို့သော နိုင်ငံများတွင် သတင်းစာဆရာများကို တိုက်ရိုက်ခန့်ထားပြီး ၎င်းတို့အစိုးရမှ ထိန်းချုပ် ခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်ကြပါသည်။ အခြားသော နိုင်ငံများတွင်မူ ပုံနှိပ်ရေး အခွင့်အရေးများကို အာမခံ ထားရန် တောင်းဆိုထားသည့် အစိုးရများမှ သတင်းစာဆရာများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပိုင်ဆိုင်ခွင့် ပစ္စည်းများသိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်း (အထူးအားဖြင့် - ထုတ်လုပ်မှုနည်းလမ်းနှင့် သတင်း ပါဝင်မှု ဖြန့်ဝေခြင်း)၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသတ်ခြင်းတို့ဖြင့် ခြိမ်းခြောက်တတ်ကြပါသည်။ လူမျိုးအချင်းချင်း သို့မဟုတ် နိုင်ငံတွင်း ပုန်ကန်သူများဖြင့် စစ်မက်ဖြစ်ပွားမှုများမှ ဝိရောဓိဖြစ်မှုများကို ရွေးချယ်သော သတင်းစာဆရာများသည် မကြာခဏအစိုးရ၏ အကာအကွယ်ပေးမှုများကို မျှော်လင့်ခြင်းမှ လက်မြှောက် အရှုံးပေးတတ်ကြပါသည်။ သို့မဟုတ်လျှင်လည်း အစိုးရမှ ၎င်းတို့၏အခွင့်အရေးများ အကာအကွယ်ပြုခြင်းကို အဆုံးရှုံးခံတတ်ကြပါသည်။ တိုက်ပွဲ ရန်ပွဲများအတွင်း ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းခံရသည့် သတင်းစာဆရာများအား သာမန်လူများကဲ့သို့ ဆက်ဆံခံရမည်ဟု မျှော်လင့်ရမည်ဖြစ်ပြီး ၎င်းတို့အစိုးရများ ထံသို့ ပြန်လည် စေလွှတ်ခံရမည်ဖြစ်ပါသည်။

လျှို့ဝှက်ချက်အရင်းအမြစ်များကို ကာကွယ်သည့် အခွင့်အရေး

အရင်းအမြစ်များကို ကာကွယ်ခြင်း

သတင်းစာဆရာများ၏ အရင်းအမြစ်များဖြင့် အပြန်အလှန် ဆောင်ရွက်မှုသည် တစ်ခါတစ်ရံ လျှို့ဝှက်ချက် များ ပါဝင်တတ်ပါသည်။ ပုံနှိပ်ခြင်း ၏ လွတ်လပ်ခွင့်မှ ထပ်မံ၍သတင်းစာဆရာအား ကိုယ်ပိုင်ဖြစ်သော အရင်းအမြစ်တစ်ခု၏ ထပ်တူဖြစ်ခြင်းအတွက် ရဲသို့မဟုတ် အစိုးရရှေ့နေမှ တောင်းဆိုလျှင် ဥပဒေနှင့် အညီ ကာကွယ်ခြင်း၊ အရင်းအမြစ်ကို ထိမ်ချန်ထားခြင်းဖြင့် သတင်းစာဆရာအား ရုံးတော်မှ အထင်သေးရှုံ့ချ ခြင်း သို့မဟုတ် ထောင်ချခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။သတင်းစာဆရာများအား ပေးသည့် အခွင့်အရေးနယ်ပယ်များသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြား နားကြပါသည်။ ယူနိုက်တက်ကင်းဒမ်း တွင် ဥပမာအားဖြင့် အစိုးရအနေဖြင့်အလွန်အရေးကြီးသော သတင်းအချက်အလက်များဟုယူဆပါကပိုမိုသောဥပဒေအခွင့်အရေးဖြင့် အကာအကွယ်ပြုပါသည်။ သတင်းစာ ဆရာအားလည်း သတင်းအချက်အလက်ယိုဖိတ်မှု အရင်းအမြစ်များကို ဖေါ်ထုတ်ရန် အမိန့် အာဏာဖြင့် အတင်းအကျပ် ပြုခြင်းများကို ယူနိုက်တက်စတိတ် ဆောင်ရွက်နိုင်ပါသည်။ အခြားသော နိုင်ငံများ၊ အထူးသဖြင့် ဇင်ဘာဘွေ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည် သတင်းစာဆရာများအား ပြည်တွင်းနှင့် နိုင်ငံရပ်ခြားတို့တွင် ညှင်းပန်းနှိပ်စက်ခြင်း ကျော်ဇောမှုတစ်ခုရှိသည်။

ယူနိုက်တက်စတိတ်တွင် အရင်းအမြစ်များကို ဖယ်ဒရယ် ရုံးတော် မှ ကာကွယ်ရန် အခွင့်အရေးမည်သည့် အခါကမှ မရှိခဲ့ပါ။ အချို့သော ပြည်နယ်များတွင် ကွဲပြားခြားနားသော ဒီဂရီများဖြင့် ဤသို့ ကာကွယ်ခြင်း များ ပေးထားပါသည်။ သို့ရာတွင် ဖယ်ဒရယ်ရုံးတော်များမှ သတင်းစာဆရာများအား အရင်းအမြစ်များကို ဖေါ်ထုတ်ရန် ရုံးတော်မှ ရရှိထားသည့် သတင်းအချက်အလက်သည် လွန်စွာအမှုဖြင့် သက်ဆိုင်မှုရှိ မနေပါက အတင်းအကျပ် ပြုလုပ်ရန် ငြင်းဆိုပါလိမ့်မည်။ ဤသို့ဖြင့် သတင်းရရှိရန် အခြားနည်းလမ်းမရှိပါ။ သတင်းစာဆရာများသည် အခြားသော ပြည်သူပြည်သားများကဲ့သို့ ကျမ်းကျိန်ခြင်းကို ဆန့်ကျင်ခြင်း ဖြင့် ရုံးတော်၏ အထင်သေးရှုံ့ချခြင်း၊ ဒါဏ်ရိုက်ခြင်း သို့မဟုတ် ထောင်ချခြင်းတို့ဖြင့် တွေ့ကြုံကြရမည် ဖြစ်ပါသည်။

ရည်ညွှန်းကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.