သတ္တု
သတ္တု သည် ရှေးခေတ်ဂရိလူမျိုးတို့၏ μέταλλον métallon, "mine, quarry, metal"[1][2] ဟူသောစကားလုံးမှ ဆင်းသက်လာပြီး မာကျော၊ တောက်ပြောင်သည့် ဓာတုဗေဒ ဒြပ်ပေါင်းဟု ဆိုနိုင်သည်။ သတ္တုသည် လျှပ်စစ်စီးကူးမှု ကောင်းမွန်ပြီး မအက်ကွဲစေဘဲ ဆွဲဆန့်နိုင်၊ လိုသလို ပုံဖော်နိုင်သောအရာလည်း ဖြစ်သည်။ ယင်းအပြင် အရည်ပျော်စေနိုင်ပြီး နန်းမျှင်များအဖြစ် ဆွဲဆန့်နိုင်သေးသည်။[3] ၁၁၈ ခုသော ဒြပ်စင်အလှည့်ကျဇယား၏ ၉၁ ခုသည် သတ္တုများ ဖြစ်ကြသည်။ အချို့သော ဒြပ်စင်များသည် သတ္တုပုံစံ၊ သတ္တုမဟုတ်သောပုံစံအဖြစ် နှစ်မျိုးစလုံး တွေ့ရသည်။ နက္ခတ္တရူပဗေဒပညာရှင်များက ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်ကို ဘေးဖယ်ပြီး ကျန်သောဒြပ်စင်များကို သတ္တုအဖြစ် ဖော်ပြကြသည်။ သို့သော် ရှေးရိုးစွဲခေါ်နေကျ သတ္တုများကို ရည်ညွန်းခြင်း မဟုတ်ပေ။[4]
ကိုးကား
- μέταλλον Henry George Liddell, Robert Scott, A Greek-English Lexicon, on Perseus Digital Library
- metal, on Oxford Dictionaries
- metal. Encyclopædia Britannica
- John C. Martin။ What we learn from a star's metal content။ New Analysis RR Lyrae Kinematics in the Solar Neighborhood။ 29 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 7, 2005 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.