သမထ

သမထ ဆိုသည်မှာ စိတ်ကိုတည်ငြိမ်အေးချမ်းစေသော သမ္မာသမာဓိအလုပ် ဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြားတော်မူသော သမထကမ္မဋ္ဌာန်း လေးဆယ်(၄၀) ရှိပါသည်။ ဝိပဿနာအလုပ်ဆိုသည်မှာ ပညာစခန်း ပညာအလုပ်ဖြစ်ပါသည်။ ထိုပညာကို ကောင်းစွာပိုင်ပိုင်သိဖို့ရန်မှာ သမထအလုပ်ဟူသော သမာဓိတည်ကြည်အောင် ရှုမှတ်မှုမှာ အရေးပါလှပါသည်။ မြတ်ဗုဒ္ဓသာသနာမှာ သီလ၊ သမာဓိ၊ ပညာ ဟူ၍ သိက္ခာ ကျင့်စရာ ၃ မျိုးရှိရာ ထိုသုံးမျိုးကို အစဉ်တိုင်းဖြည့်ကျင့်ကြရပါမည်။ သီလရှိမှ သမာဓိတည်နိုင်သလို သမာဓိတည်မှ ပညာ ဝိပဿနာဖြစ်နိုင်သောကြောင့် သမထအလုပ် သမာဓိအလုပ်ကို အနည်းနှင့်အများတော့ လုပ်ကို လုပ်ကြရပါမည်။ သမာဓိအဆင့် သမထအဆင့်များမှာလည်း များစွာရှိပါသည်။ အကျယ်ကို ဝိသုဒ္ဓ်မဂ်အဋ္ဌကထာတို့၌ ရှုမြင်နိုင်ပါသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.