သာမညဖလသုတ်
ဤသုတ်တွင် မြတ်စွာဘုရားနှင့် တစ်ခေတ်တည်း ထွန်းကားခဲ့သော တိတ္ထိဆရာကြီး ၆ ဦး၏ အတ္ထုပ္ပတ္တိကို လေ့လာနိုင်ပါသည်။
ဟောပြောရသောအကြောင်းရင်း
ဤသုတ်ကို ဟောပြောရခြင်း၏ အကြောင်းရင်းမှာ ဘုရင် အဇာတသတ်သည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား လုပ်ကြံပြီးနောက် နောင်တများစွာရကာ ဇီဝက၏ သရက်ဥယျာဉ်တွင် စံပယ်နေတော်မူသော မြတ်စွာဘုရားထံ သွားရောက်ဖူးမျှော်ကန်တော့ခြင်းကြောင့် ဖြစ်သည်။
အဇာတသတ်မင်းသည်က မြတ်စွာဘုရားအား တောထွက်ကာ ရဟန်းပြူခြင်း၏ အကျိုးထူးများကို မေးမြန်းလျောက်ထားသည်။ မြတ်စွာဘုရားက ဤပြဿနာနှင့်ပတ်သက်၍ မိမိမှအပ အခြားတပါးသော အဘိဓမ္မာဆရာကြီးတို့အား စူးစမ်းမေးမြန်း ပြီး မပြီး ဘုရင်ကို ပြန်၍စစ်ဆေးမြန်းသည်။ ထိုအခါအဇာတသတ်မင်းက ဤပြဿနာကို ပူရဏကဿပ ၊ မက္ခလိဂေါသာလ စသော တိတ္ထိဆရာကြီးတို့ကို စူးစမ်းမေးမြန်းပြီးကြောင်း၊ သို့သော် သူသိလိုသောပြဿနာကို တိတ္ထိဆရာကြီးတို့သည် တိုက်ရိုက်မဖြေကြားပဲ သူတို့သက်ဝင်ယုံကြည်ကြသောဝါဒတို့ကိုသာလျင် အသီးသီးရှင်းလင်းဟောပြောကြသဖြင့် မကျေမနပ်ပြန်လာခဲ့ရကြောင်း မြတ်စွာဘုရားကို လျှောက်ထားခဲ့သည်။
ရဟန်းပြုခြင်း၏အကျိုးကျေးဇူးများ
မြတ်စွာဘုရားက အဇာတသတ်သိလိုသော ပြဿနာကို အထွေထွေအပြားပြား ပြန်ကြားရာတွင် သာမန်ပုထုဇဉ်လူသားများ မည်သည့်အခါမျှရရှိနိုင်လိမ့်မည်ဟု မမြှော်မှန်းနိုင်သော အကျိုးထူးများကို ရဟန်းတို့ ရရှိနိုင်ကြောင်း ရှေးဦးစွာ ဖော်ပြတော်မူသည်။ ဥပမာပြရသော် ဘုရင့်အမှုထမ်းတစ်ယောက်သည် ရဟန်းပြုကာ ဘုရင့်ထံကြွလာပါက ဘုရင်သည် ထိုရဟန်းကို ခရီးဦးကြိုပြုရန် ဝန်မလေးသည့်အပြင် မင်းအမှုထမ်းအနေဖြင့် မည်သည့်အခါမျှမရရှိနိုင်သော ရိုသေခြင်း၊ လေးစားခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုစုခြင်း စသောအကျိုးတို့ကို ထိုရဟန်းသည် မုချရရှိနိုင်သည်။ ဤအကျိုးကား သာမန်အကျိုးသာဖြစ်သည်။ စိတ်ကိုလေ့ကျင့်ခြင်းနှင့် စာရိတ္တကို ပြုပြင်ခြင်းတို့ကြောင့် ရှိအပ်သော အဇ္ဈတ္တအကျိုးထူးတို့မှာ ရဟန်းတို့အဖို့ နိုင်းရာကင်းလေသည်။ အာသဝေါကုန်ခန်းကာ မဂ်ဖိုလ်ရခြင်းထက် ထူးကဲသော အကျိုးကျေးဇူးကာ မရှိချေဟူ၍ မြတ်စွာဘုရားသည် အဇာတသတ်၏ ပြဿနာကို ဖြေကြားတော်မူလေသည်။
ဤဒေသနာတော်၏အဆုံး၌ အဇာတသတ်ဘုရင်သည် ပီတိကျလှသောကြောင့် ခမည်းတော်ကို လုပ်ကြံမိသည်အတွက် သူ့အားခွင့်လွှတ်ပါမည့်အကြောင်း မြတ်စွာဘုရားက အသာတကြည်ခွင့်လွှတ်တော်မူသည်ဟု လာရှိသည်။
သာမညဖလသုတ်အဆုံးတွင် အဇာတသတ်မင်းသည် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါကို ခိုလှုံကာ ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းခဲ့သည်။ [1]
သာမညဖလသုတ်တော်မှ အဇာတသတ်မင်းကြီး၏အကြောင်းနှင့်ရဟန်းဖြစ်ခြင်းအကျိုးကျေးဇူး
သင်္ဂါယနာမှတ်တမ်း
({အရှင်မဟာကဿပမထေရ်- ငါ့ရှင်အာနန္ဒာ မြတ်စွာဘုရားရှင်သည် သာမညဖလမည်သောသုတ်တော်အား မည်သို့သောအရပ်၌ အဘယ်သို့သောသူအား အကြောင်းပြု၍ ဟောကြားသနည်း။}ဝိနည်းပိဋကတ်တော်စူဠဝါအပိုင်း၏ ပဥ္စသတိကက္ခန္ဓကကဏ္ဍမှ ရှင်မဟာကဿပမထရ်၏ အမေးစကား)
အရှင်အာနန္ဒာ-“အရှင်မဟာကဿပထေရ်ဘုရား။ တပည့်တော်အာနန္ဒာသည် ဤသို့အတိုင်းအရှည်ရှိသော မြတ်စွာဘုရား၏စကားတော်အား ကြားနာခဲ့ရပါ၏။
မြတ်စွာဘုရားသည် အဘယမင်းသား၏ မွေးစားသားတော် ဖြစ်သည့် ဇီဝကသမားတော် လှူဒါန်းအပ်သည့် သရက်ဥယျာဉ်၌ တစ်ထောင့်နှစ်ရာငါးကျိပ်(၁၂၅၀)ကုန်သော ရဟန်းများနှင့်အတူ အေးချမ်းစွာသီတင်းသုံး၍ နေထိုင်တော်မူစဉ်အခါ၌
အဇာတသတ်မင်း၏ ညညီလာခံ
ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်း၏အရှင်သခင် အဇာတသတ်မင်းသည် မိုးကာလလေးလအပြီးကုမုဒြာကြာပန်းတို့ ဖူးပွင့်ချိန် ၊ နှစ် ဥတု လတို့၏ ပြည့်စုံသော အချိန် တစ်ဆယ့်ငါးရက်မြောက် ဥပုသ်ရက်မြတ်လည်းဖြစ်သော တန်ဆောင်မုန်း လပြည့်နေ့ညဉ့်အခါသမယ တွင် အမတ်များအမှူးပြုသော မင်းပရိသတ်အပေါင်းတို့ ခစားမှုကို ခံယူတော်မူကာ မြတ်သော တင့်တယ်သော နန်းပြာသာဒ်၌ စံတော်မူလျက် ဤသို့ အမေးသဘောဆောင်သောဥဒါန်းအားရေရွတ်၏။
အဇာတသတ်-“အချင်းတို့။ လသာနေသောဤညအခါသမယသည် အလွန်သာယာလှပ၍ရှုမောမငြီးတင့်တယ်ပြီးမှတ်သားဖွယ်ကောင်းစရာသည်လည်း ရှိပေ၏။ ဤသို့သောည၌ အဘယ်သို့သော သမဏဗြာဟ္မဏရဟန်းပုဏ္ဏားပညာရှိသူတော်ကောင်းများအား ဆည်းကပ်လေလျှင်ကောင်းမည်နည်း။”
တိတ္ထိဆရာခြောက်ဦးတို့၏တပည့်အမတ်များက မိမိတို့၏ ဆရာထံသို့ ဆည်းကပ်ရန် အဇာတသတ်မင်းအားတိုက်တွန်းခန်း
ဤသို့ ဥဒါန်းကျုးရင့်လေလျှင် ပူရာဏကဿပ၏တပည့် မင်းမှုထမ်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏။
ပူရာဏကဿပ၏တပည့်အမတ်-“မြတ်သောအရှင် ပူရာဏကဿပမည်သောဆရာသည် များလှစွာသောတပည့်အင်အားများဖြင့်ဖွဲ့စည်းထားသောဂိုဏ်းအသင်းအဖွဲ့အား ပိုင်ဆိုင်ထား၏။ ၎င်းဂိုဏ်းအားတည်ထောင်သူဆရာလည်းဖြစ်၏။ ကိုယ်ပိုင်အယူဝါဒရှိသူဖြစ်၏။ အများက ပညာရှိသူတော်ကောင်းဟု လည်း သတ်မှတ်ခြင်းခံရသည့်အပြင် ဂုဏ်သတင်းထင်ရှားကျော်စော၏။ ရဟန်းသက်တမ်းရှည်သည့်အပြင် ဝါတော်အားဖြင့်လည်းရင့်၍ ရှေးခေတ်ကာလကအတွေ့အကြုံပညာများကိုလည်း သိမြင်မှီခဲ့သောသူဖြစ်ပေ၏။ အသက်အရွယ်အားဖြင့်လည်း အလွန်ကြီး၍အိုမင်းနေပြီ ဖြစ်သဖြင့် ထို့သို့သော ဆရာအား ချဉ်းကပ်ပြီး ဆည်းကပ်လေလျှင် အရှင့်၏စိတ်တော်သည် ကြည်လင်ကောင်းပါပေ၏။” ဟု ဆိုသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင်အဇာတသတ်သည် နားထောင်ရုံမျှ နားထောင်ပြီး မည်သည့်စကားမျှမဆိုမမိန့်။
ထို့နောက် မက္ခလိဂေါသာလ၏တပည့် မင်းမှုထမ်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏။
မက္ခလိဂေါသာလ၏တပည့်အမတ်-“မြတ်သောမင်း မက္ခလိဂေါသာလမည်သောဆရာသည် များလှစွာသောတပည့်အင်အားများဖြင့်ဖွဲ့စည်းထားသောဂိုဏ်းအသင်းအဖွဲ့အား ပိုင်ဆိုင်ထား၏။ ၎င်းဂိုဏ်းအားတည်ထောင်သူဆရာလည်းဖြစ်၏။ ကိုယ်ပိုင်အယူဝါဒရှိသူဖြစ်၏။ အများက ပညာရှိသူတော်ကောင်းဟု လည်း သတ်မှတ်ခြင်းခံရသည့်အပြင် ဂုဏ်သတင်းထင်ရှားကျော်စော၏။ ရဟန်းသက်တမ်းရှည်သည့်အပြင် ဝါတော်အားဖြင့်လည်းရင့်၍ ရှေးခေတ်ကာလကအတွေ့အကြုံပညာများကိုလည်း သိမြင်မှီခဲ့သောသူဖြစ်ပေ၏။ အသက်အရွယ်အားဖြင့်လည်း အလွန်ကြီး၍အိုမင်းနေပြီ ဖြစ်သဖြင့် ထို့သို့သော ဆရာအား ချဉ်းကပ်ပြီး ဆည်းကပ်လေလျှင် အရှင့်၏စိတ်တော်သည် ကြည်လင်ကောင်းပါပေ၏။” ဟု ဆိုသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင်အဇာတသတ်သည် နားထောင်ရုံမျှ နားထောင်ပြီး မည်သည့်စကားမျှမဆိုမမိန့်။
အဇိတ ကေသမ္ဗလ၏တပည့် မင်းမှုထမ်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏။
အဇိတ ကေသမ္ဗလ၏တပည့်အမတ်“မြတ်သောရေမြေ့ရှင် အဇိတ ကေသမ္ဗလမည်သောဆရာသည် များလှစွာသောတပည့်အင်အားများဖြင့်ဖွဲ့စည်းထားသောဂိုဏ်းအသင်းအဖွဲ့အား ပိုင်ဆိုင်ထား၏။ ၎င်းဂိုဏ်းအားတည်ထောင်သူဆရာလည်းဖြစ်၏။ ကိုယ်ပိုင်အယူဝါဒရှိသူဖြစ်၏။ အများက ပညာရှိသူတော်ကောင်းဟု လည်း သတ်မှတ်ခြင်းခံရသည့်အပြင် ဂုဏ်သတင်းထင်ရှားကျော်စော၏။ ရဟန်းသက်တမ်းရှည်သည့်အပြင် ဝါတော်အားဖြင့်လည်းရင့်၍ ရှေးခေတ်ကာလကအတွေ့အကြုံပညာများကိုလည်း သိမြင်မှီခဲ့သောသူဖြစ်ပေ၏။ အသက်အရွယ်အားဖြင့်လည်း အလွန်ကြီး၍အိုမင်းနေပြီ ဖြစ်သဖြင့် ထို့သို့သော ဆရာအား ချဉ်းကပ်ပြီး ဆည်းကပ်လေလျှင် အရှင့်၏စိတ်တော်သည် ကြည်လင်ကောင်းပါပေ၏။” ဟု ဆိုသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင်အဇာတသတ်သည် နားထောင်ရုံမျှ နားထောင်ပြီး မည်သည့်စကားမျှမဆိုမမိန့်။
ထိုအခါ ပကုဓကစ္စာယန ၏တပည့် မင်းမှုထမ်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏။
ပကုဓကစ္စာယန၏တပည့်အမတ်-“မြတ်သောအရှင် ပကုဓကစ္စာယန မည်သောဆရာသည် များလှစွာသောတပည့်အင်အားများဖြင့်ဖွဲ့စည်းထားသောဂိုဏ်းအသင်းအဖွဲ့အား ပိုင်ဆိုင်ထား၏။ ၎င်းဂိုဏ်းအားတည်ထောင်သူဆရာလည်းဖြစ်၏။ ကိုယ်ပိုင်အယူဝါဒရှိသူဖြစ်၏။ အများက ပညာရှိသူတော်ကောင်းဟု လည်း သတ်မှတ်ခြင်းခံရသည့်အပြင် ဂုဏ်သတင်းထင်ရှားကျော်စော၏။ ရဟန်းသက်တမ်းရှည်သည့်အပြင် ဝါတော်အားဖြင့်လည်းရင့်၍ ရှေးခေတ်ကာလကအတွေ့အကြုံပညာများကိုလည်း သိမြင်မှီခဲ့သောသူဖြစ်ပေ၏။ အသက်အရွယ်အားဖြင့်လည်း အလွန်ကြီး၍အိုမင်းနေပြီ ဖြစ်သဖြင့် ထို့သို့သော ဆရာအား ချဉ်းကပ်ပြီး ဆည်းကပ်လေလျှင် အရှင့်၏စိတ်တော်သည် ကြည်လင်ကောင်းပါပေ၏။” ဟု ဆိုသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင်အဇာတသတ်သည် နားထောင်ရုံမျှ နားထောင်ပြီး မည်သည့်စကားမျှမဆိုမမိန့်။
ထိုအခါ သဉ္စယဗေလဋ္ဌပုတ္တ ၏တပည့် မင်းမှုထမ်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏။
သဉ္စယဗေလဋ္ဌပုတ္တ ၏တပည့် မင်းမှုထမ်းအမတ်-“မြတ်သောဘုရင် သဉ္စယဗေလဋ္ဌပုတ္တ မည်သောဆရာသည် များလှစွာသောတပည့်အင်အားများဖြင့်ဖွဲ့စည်းထားသောဂိုဏ်းအသင်းအဖွဲ့အား ပိုင်ဆိုင်ထား၏။ ၎င်းဂိုဏ်းအားတည်ထောင်သူဆရာလည်းဖြစ်၏။ ကိုယ်ပိုင်အယူဝါဒရှိသူဖြစ်၏။ အများက ပညာရှိသူတော်ကောင်းဟု လည်း သတ်မှတ်ခြင်းခံရသည့်အပြင် ဂုဏ်သတင်းထင်ရှားကျော်စော၏။ ရဟန်းသက်တမ်းရှည်သည့်အပြင် ဝါတော်အားဖြင့်လည်းရင့်၍ ရှေးခေတ်ကာလကအတွေ့အကြုံပညာများကိုလည်း သိမြင်မှီခဲ့သောသူဖြစ်ပေ၏။ အသက်အရွယ်အားဖြင့်လည်း အလွန်ကြီး၍အိုမင်းနေပြီ ဖြစ်သဖြင့် ထို့သို့သော ဆရာအား ချဉ်းကပ်ပြီး ဆည်းကပ်လေလျှင် အရှင့်၏စိတ်တော်သည် ကြည်လင်ကောင်းပါပေ၏။” ဟု ဆိုသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင်အဇာတသတ်သည် နားထောင်ရုံမျှ နားထောင်ပြီး မည်သည့်စကားမျှမဆိုမမိန့်။
နိဂဏ္ဌနာဋပုတ္တ ၏တပည့် မင်းမှုထမ်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏။
နိဂဏ္ဌနာဋပုတ္တ ၏တပည့် မင်းမှုထမ်းအမတ် -“မြတ်သောမင်းကြီး နိဂဏ္ဌနာဋပုတ္တ မည်သောဆရာသည် များလှစွာသောတပည့်အင်အားများဖြင့်ဖွဲ့စည်းထားသောဂိုဏ်းအသင်းအဖွဲ့အား ပိုင်ဆိုင်ထား၏။ ၎င်းဂိုဏ်းအားတည်ထောင်သူဆရာလည်းဖြစ်၏။ ကိုယ်ပိုင်အယူဝါဒရှိသူဖြစ်၏။ အများက ပညာရှိသူတော်ကောင်းဟု လည်း သတ်မှတ်ခြင်းခံရသည့်အပြင် ဂုဏ်သတင်းထင်ရှားကျော်စော၏။ ရဟန်းသက်တမ်းရှည်သည့်အပြင် ဝါတော်အားဖြင့်လည်းရင့်၍ ရှေးခေတ်ကာလကအတွေ့အကြုံပညာများကိုလည်း သိမြင်မှီခဲ့သောသူဖြစ်ပေ၏။ အသက်အရွယ်အားဖြင့်လည်း အလွန်ကြီး၍အိုမင်းနေပြီ ဖြစ်သဖြင့် ထို့သို့သော ဆရာအား ချဉ်းကပ်ပြီး ဆည်းကပ်လေလျှင် အရှင့်၏စိတ်တော်သည် ကြည်လင်ကောင်းပါပေ၏။” ဟု ဆိုသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင်အဇာတသတ်သည် နားထောင်ရုံမျှ နားထောင်ပြီး မည်သည့်စကားမျှမဆိုမမိန့်။
မြတ်စွာဘုရားရှင်၏ တပည့်သာဝကဖြစ်သော ဇီဝက၏ တိုက်တွန်းချက်(မြတ်စွာဘုရားရှင်၏ဂုဏ်တော်များ)
ထို သို့ မင်းအမတ်၇ဦးသည် မိမိတို့၏ဆရာ၏ဂုဏ်သတင်းကောင်းကြောင်းများ ကို အဇာတသတ်မင်း အားလျှောက်တင်ပြီး ဆည်းကပ်ရန် အကြံပြုနေချိန်၌ အဘယမင်းသား၏ မွေးစားသားတော် ဇီဝကသမားတော်သည် အဇာတသတ်မင်း၏ အနီး၌ တိတ်ဆိတ်စွာထိုင်လျက် ခစားနေ၏။
ထိုသို့ တိတ်ဆိတ်စွာစကားမပြောဘဲ အဘယမင်းသား၏ မွေးစားသားတော် ဇီဝကသမားတော်သည် မိမိအနား၌ ခစားနေသည်ကို သိသော ဝေဒေဟီမိဖုရား၏ သားတော် အဇာတသတ်မင်းသည် ဇီဝကအား “အသင် ဇီဝက သင်သည် အဘယ်ကြောင့် တိတ်ဆိတ်ငြိမ်သက်စွာ နေနေသနည်း”ဟု မေးမြန်း၏။
ထိုအခါ ဇီဝကသမားတော်က- “မြတ်သောမင်းကြီး။ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ အထူးအမြတ်သောပူဇော်မှုကို ခံယူထိုက်ပြီး အလုံးစုံသောတရားအပေါင်းအား မိမိကိုယ်တော်တိုင် မှန်ကန်စွာ ရှာဖွေ သိရှိတော်မူသော မြတ်စွာဘုရားရှင်သည် များလှသော တစ်ထောင့်ငါးရာနှစ်ကျိပ်ရှိသောရဟန်းသံဃာထုနှင့်အတူ အကျွန်ုပ်တို့၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူလျက်ရှိ၏။
ထို မြတ်စွာဘုရားရှင်သည် ပူဇော်အထူးအားခံတော်မူထိုက်၏(အရဟံ)။ ခပ်သိမ်းသောတရားအပေါင်းအား မိမိကိုယ်တိုင် ဆရာမပါဘဲ မိမိဉာဏ်ဖြင့် သိမြင်တော်မူပေ၏။(သမ္မာသမ္ဗုဒ္ဓ)။ထူးမြတ်သောအသိဉာဏ်နှင့်ထူးမြတ်သောအမူအကျင့်တို့အားကျင့်ကြံပိုင်ဆိုင်ထားတော်မူပေ၏။(ဝိဇ္ဇာစရဏသမ္ပန္န)။ကောင်းသောစကားကိုအမြဲဆိုမိန့်တော်မူပေ၏(သုဂတ)။လောက၏ခပ်သိမ်းသောအရာမှန်သမျှအားသိမြင်တော်မူပေ၏(လောကဝိဒူ)။
ဆုံးမထိုက်သောသတ္တဝါအားဆုံးမတတ်သော အတုမရှိမြင့်မြတ်သောပုဂ္ဂိုလ်လည်းဖြစ်တော်မူပေ၏(အနုတ္တရော ပုရိသဒမ္မဿရထိ)။ နတ်လူစသောသတ္တဝါအပေါင်း၏ဆရာမြတ်လည်းဖြစ်တော်မူ၏(သတ္တာဒေဝမနုဿနံ)။ သစ္စာလေးပါးတရားအပေါင်းကို သတ္တဝါအပေါင်းအား သိရှိစေရန် အမြဲဟောတော်မူ၏(ဗုဒ္ဓ)။ ဘုန်းတန်ခိုးအလွန်ကြီးတော်မူပေ၏(ဘဂဝါ)။
ဟူသော ကျော်စောထင်ရှားသောသတင်းကောင်းတို့ ဖြင့် သတ္တဝါများတို့၏အလယ်၌ ထင်ရှားတော်မူပေ၏။ ထို့သို့သော သတင်းကောင်းတို့ဖြင့် ထင်ရှားကျော်စောသော မြတ်စွာဘုရားအား ဆည်းကပ်တော်မူပါလော့။ ဆည်းကပ်လေလျှင် အသင်မင်းမြတ်၏ စိတ်အစဉ်သည် ကြည်လင်ပေလိမ့်မည်။” ဟု လျှောက်တင်၏။
ဇီဝက၏စီမံချက်
ထိုအခါ အဇာတသတ်မင်းက “အချင်း ဇီဝက ။ သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့” ဟုမိန့်တော်မူ၏။
ဇီဝကကလည်း “ကောင်းလှပါပြီ။အရှင်မင်းမြတ်”ဟုဆိုတော်မူပြီး ဆင်မငါးရာနှင့် ဘုရင့်စီးတော်ဆင်အား ပြင်ဆင်စရာရှိရာပြင်ဆင်စေလေ၏။ ပြင်ဆင်ပြီးလေသော် အဘယမင်းသား၏ မွေးစားသားတော် ဇီဝကသည် ဝေဒေဟီမိဖုရား၏ သားတော် အဇာတသတ်မင်းအား “မင်းမြတ် သင်၏ဆင်တော်ယာဉ်တို့ကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ၌ သွားရန်အချိန်မှာ အရှင့်၏အလိုသဘောအတိုင်းသာဖြစ်ပါ၏။ ဟု သတင်းပြန်ကြားလေ၏။
ဝေဒေဟီပုတ္တရာ အဇာတသတ်မင်းသည် ဆင်မငါးရာတို့အား မိမိ၏မောင်းမငါးရာအား တစ်ဦးလျှင် တစ်စီးစီစီးစေပြီး ၊ ဘုရင့်စီးတော်ယာဉ်ဆင်ပေါ်၌ ကိုယ်တိုင်စီးတော်မူပြီး မင်းပရိသတ်အား မီးရှူးတိုင်များ ထွန်းညှိကာ ကိုင်စေ၍ တင့်တယ်၍ ကျက်သရေရှိသော မင်းအရှိန်အရောင်အဝါဖြင့် ရာဇဂြိုဟ်ပြည်မှ အဘယရာဇကုမာရ ကိတ္တိမပုတ္တရာ ဇီဝက၏သရက်ဥယျာဉ်ဆီသို့ ကြွချီတော်မူ၏။
ငြိမ်သက်တည်ငြိမ်သော သရက်ဥယျာဉ်
သရက်ဥယျာဉ်အနီးသို့ရောက်လေသော် သရက်ဥယျာဉ်၏အသံတိတ်ဆိတ်တည်ငြိမ်နေမှုကြောင့် ဝေဒေဟီပုတ္တရာ မဂဓပြည့်ရှင် အဇာတသတ်မင်းသည် ကြက်သီးမွေးညင်းထပြီး ကြောက်လန့်ကာတုန်လှုပ်တော်မူပြီး အဘယရာဇကုမာရ ကိတ္တိမပုတ္တရာ ဇီဝကအား
“အသင် ဇီဝက ငါ့အား လိမ်ညာလှည့်ဖြား၍ ခေါ်ဆောင်၍ ရန်သူတို့၏ လက်ထဲသို့ အပ်နှင်းမည် မဟုတ်မည်မှန်ပါလော့(ရှင်းလင်းချက်။ငါ့ကို လိမ်ခေါ်ပြီး ရန်သူလက်ထဲ ထည့်မလို့ မဟုတ်ပါဘူးနော်)။ တစ်ထောင့်နှစ်ရာ့ငါးကျိပ်ဟူသော များပြားသည့်ရဟန်းသံဃာရှိပါလျက် နှာချေသံ၊ချောင်းဆိုးသံ နှင့် စကားပြောသံများသည် မရှိဘဲ အဘယ်ကြောင့် တိတ်ဆိတ်နေသနည်း။” ဟုမေးမြန်းလေ၏။
ထိုအခါ ဇီဝကက “ မြတ်သောမင်းကြီး ကြောက်တော်မမူပါလင့်။ အသင့်အား ရန်သူလက်ထဲသို့အပ်ရန် ကျွန်ုပ်လိမ်ညာလှည့်ဖြား၍ ခေါ်ဆောင်လာခြင်းမဟုတ်ပါ။ အရှင် ရှေ့သို့ ကြွပါလော့။ သရက်ဥယျာဉ်အတွင်းရှိ တန်ဆောင်းအဝန်းပတ်လည်၌ ဆီမီးအလင်းများ ထွန်းလင်းတောက်ပနေလျက်ရှိပါပေ၏။” ဟု ဖြောင်းဖြလေ၏။
ထိုအခါ ဝေဒေဟီပုတ္တရာ အဇာတသတ်မင်းသည် သရက်ဥယျာဉ်၏ ဆင်ဖြင့်သွားနိုင်သောနေရာအထိ သာ ဆင်ဖြင့်သွားတော်မူပြီးနောက် ဆင်ပေါ်မှ ဆင်းတော်မူ၍ မြတ်စွာဘုရား သီတင်းသုံးတော်မူသော တန်ဆောင်းအထိသို့ ခြေဖြင့် လျှောက်တော်မူ၍ တန်ဆောင်းဝန်းတံခါးနားသို့ ချဉ်းကပ်တော်ပြီးနောက် အဘယရာဇကုမာရ ကိတ္တိမပုတ္တရာ မည်သော ဇီဝက အား “အသင် ဇီဝက မြတ်စွာဘုရား သည် အဘယ်မှာနည်း။ ဟုမေးလေသော် ဇီဝကသည် တန်ဆောင်းတော်တွင်းရှိ အလယ်တိုင်အားမှီပြီး ရဟန်းသံဃာတော်များ၏ အရှေ့၌ထိုင်နေသူသည် မြတ်စွာဘုရားဖြစ်ပါ၏”။ ဟု လျှောက်၏။
အဇာတသတ်နှင့်မြတ်စွာဘုရားရှင်တို့ အပြန်အလှန်စကားပြောဆိုခြင်း
ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းအရှင် မင်းအဇာတသတ်သည် မြတ်စွာဘုရားနားသို့ ချဉ်းကပ်ပြီး မြတ်စွာဘုရားအားရှိခိုးပြီးနောက် နေရာတစ်ခု၌ ရပ်၍ တည်ငြိမ်သောကြည်လင် အင်းအိုင်ကြီးကဲ့သို့ တည်ငြိမ်၍တုန်လှုပ်မှုမရှိသော ရဟန်းသံဃာထုကို အကြိမ်ကြိမ်အခါခါ ကြည့်ရှုနေရင်း “ ဤ ရဟန်းသံဃာတော်များသည် ငြိမ်သက်အေးချမ်းလှပေ၏။ဤရဟန်းသံဃာတော်များ ငြိမ်သက်အေးချမ်းသကဲ့သို့ ငါ၏ သားတော် ဥဒယဘဒ္ဒမင်းသားသည်လည်း ငြိမ်သက်အေးချမ်းပါစေသတည်း”ဟု ဆုတောင်းဥဒါန်းစကားအား ကျုးရင့်ဆိုလေ၏။
ထိုအခါ မြတ်စွာဘုရားသည် “မင်းကြီး။ သင်သည် ချစ်မြတ်နိုးရာသို့(သင်၏သားတော်ထံသို့) စိတ်ဖြင့် ချက်ချင်းရောက်သွားလေပြီ “ဟု မိန့်တော်မူလေ၏။
ထိုသို့ မိန့်တော်မူသော် ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းရှင် အဇာတသတ်သည် “အရှင်ဘုရား။ ဥဒယဘဒ္ဒမင်းသားအား အကျွန်ုပ်ချစ်ပါ၏။ ယခု အရှင်ဘုရားအား ခြံရံနေလျက် ထိုင်နေတော်မူသော ရဟန်းသံဃာတော်များသည် တည်ငြိမ်အေးချမ်းလှသော အသွင်များနှင့် ပြည့်စုံပါပေ၏။ ဤရဟန်းသံဃာတော် များ တည်ငြိမ်အေးချမ်းသကဲ့သို့ အကျွန်ုပ်၏သားတော် သည်လည်း တည်ငြိမ်အေးချမ်းပါစေသတည်း”ဟု လျှောက်တင်လေ၏။
ဝေဒေဟီပုတ္တရာ မဂဓပြည့်ရှင် အဇာတသတ်မင်းသည် လျှောက်တင်ပြီးနောက် ထပ်မံ၍ မြတ်စွာဘုရားရှင်နှင့်တကွ သံဃာတော်များအား ရှိခိုးကန်တော့လေ၏။ ထို့နောက် သင့်တင့်လျောက်ပတ်၍ မနီးမဝေးသောနေရာ၌ ထိုင်ပြီး
အဇာတသတ်မင်း- “အရှင်ဘုရား။ အကယ်၍ အရှင်ဘုရားသည် အကျွန်ုပ်အား မေးခွန်းမေးရန် ခွင့်ပေးပါက တပည့်တော်သည် မြတ်စွာဘုရားအား တစ်စုံတစ်ခုသောအကြောင်းအရာ အနည်းငယ်မျှ မေးမြန်းလိုပါ၏” ဟု လျှောက်၏။
ဂေါတမမြတ်စွာဘုရား-“ မင်းကြီး အကျွန်ုပ်အား မေးလိုရာကို မေးလော့”ဟု ခွင့်ပြုတော်မူ၏။
အဇာတသတ်မင်း-“ အရှင်ဘုရား ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို တပည့်တော်အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ဘုရား”။
မြတ်စွာဘုရား- “မင်းကြီး။ သင်သည် အခြားသောသမဏဗြာဟ္မဏတို့အား ဤပြဿနာ ကို မေးမြန်းခဲ့ဖူးသလော။ မှတ်လည်း မှတ်မိပါ၏သလော”။
အဇာတသတ်မင်း-“ အကျွန်ုပ်သည် အခြားသော သမဏဗြာဟ္မဏတို့အား ဤ ပြဿနာကို မေးမြန်းခဲ့ဖူးပါ၏။ မှတ်လည်းမှတ်မိပါ၏အရှင်ဘုရား”။
မြတ်စွာဘုရား- “ထိုသမဏဗြာဟ္မဏတို့သည် အဘယ်သို့ ဖြေကြားကုန်သနည်း။ အကယ်၍ ဝန်မလေးပါလျှင် ပြောကြားလော့။”
အဇာတသတ်မင်း-“ မြတ်စွာဘုရားဖြစ်စေ၊ မြတ်စွာဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ဤထိုင်နေရာအရပ်၌ပင် ထိုင်ရင်း ဖြေကြားရန် ဝန်မလေးပါအရှင်ဘုရား။
မြတ်စွာဘုရား-“မင်းကြီး။ ဒီလိုဆိုလျှင် ပြောကြားပါလော့။
ပူရဏကဿပတိတ္ထိဆရာကြီး၏အယူဝါဒ
အဇာတသတ်မင်း-“အရှင်ဘုရား။ အခါတစ်ပါး၌ အကျွန်ုပ်သည် ပူရဏဿပထံသို့ ချဉ်းကပ်ပြီး ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ ပူရာဏကဿပအား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။
အဇာတသတ်မင်း--“ အရှင်ကဿပ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ကဿပ”။
ဤသို့မေးသော် ပူရာဏကဿပဆရာသည် အကျွန်ုပ်အား- “မင်းကြီး ပြုသူ၊ ခိုင်းစေသူ၊ လှီးဖြတ်သူ၊လှီးဖြတ်ရန်စေခိုင်းသူ ၊ နှိပ်စက်သူ ၊ နှိပ်စက်ရန်စေခိုင်းသူ၊ ပူဆွေးအောင်ပြုသူ ၊ ပူဆွေးအောင်ပြုရန်စေခိုင်းသူ ၊ ပင်ပန်းအောင်ပြုသူ ၊ ပင်ပန်းစေရန်စေခိုင်းသူ ၊ ကြောက်လန့်တုန်လှုပ်အောင်ဖန်တီးသူ၊ ကြောက်လန့်တုန်လှုပ်အောင်ဖန်တီးရန်စေခိုင်းသူ၊ သူတစ်ပါးအသက်ကိုသတ်သူ၊ သူတစ်ပါးအသက်အားသတ်ရန် စေခိုင်းသူ၊ ခိုးယူသူ၊ ခိုးယူရန် စေခိုင်းသူ ၊ အိမ်ကို ဖောက်ထွင်းသူ၊ အိမ်အားဖောက်ထွက်ရန် စေခိုင်းသူ ၊ ရွာထဲသို့တိုက်ခိုက်၍လုယူသူ ၊ ရွာထဲသို့တိုက်ခိုက်လုယူရန်စေခိုင်းသူ ၊ အိမ်တစ်အိမ်အား တိုက်ခိုက်၍လုယူသူ ၊ အိမ်တစ်အိမ်အား တိုက်ခိုက်၍လုယူရန်စေခိုင်းသူ၊ ခရီးလမ်း၌ စောင့်၍လုယက်သူ၊ ခရီးလမ်း၌ စောင့်လုယက်ရန် စေခိုင်းသူ၊ သူတစ်ပါးမယားနှင့်ပြစ်မှားသူ၊ သူတစ်ပါးမယားနှင့်ပြစ်မှားရန်စေခိုင်းသူ၊ မမှန်သောစကားကို ပြောသူ ၊ မမှန်ကန်သောစကားကို ပြောရန်စေခိုင်းသူ ။
ဤသို့သောသူများ ပြုသော ကိစ္စရပ်များသည် မကောင်းမှုအကုသိုလ်ဟု မခေါ်ဆိုနိုင်။ ထို့အပြင် မကောင်းသောအကျိုးလည်းမဖြစ်။
ဂင်္ဂါမြစ်၏တောင်ပိုင်းမြစ်ကမ်းနံဘေး၌ နေထိုင်သော မကောင်းသောအကျင့်စရိုက်ရှိသည့်သူ၏ လွန်စွာရက်စက်ကြမ်းတမ်းသော မကောင်းသောလူသတ်ခြင်းစသောလုပ်ရပ် များသည်လည်း မကောင်းသောအကျိုးမဖြစ်သည့်အပြင် မကောင်းသောလုပ်ရပ်ဟုလည်းမသတ်မှတ်နိုင်။
ဂင်္ဂါမြစ်၏မြောက်ပိုင်းမြစ်ကမ်းနံဘေး၌ နေထိုင်သော ကောင်းသောအကျင့်စရိုက်ရှိသူ၏ သမဏ(ရှင်ရသေ့ရဟန်း)၊ဗြာဟ္မဏ(မြင့်မြတ်သောအကျင့်များအားကျင့်ကြံသူ)တို့အား ပူဇော်လှူဒါန်းခြင်းကိစ္စရပ်များသည်လည်း ကောင်းသောအကျိုးမဖြစ်စေသည့်အပြင် ကောင်းသောလုပ်ရပ်ဟုလည်း မသတ်မှတ်နိုင်။
အလှူပေးခြင်း၊မိမိ၏ကိုယ်စိတ်နှလုံးအားမိမိကိုယ်တိုင်ဆုံးမထိန်းသိမ်းခြင်း၊ သီလစောင့်စည်းခြင်း၊ မှန်သောစကားဆိုခြင်း ကိစ္စရပ်များသည်လည်း ကောင်းသောလုပ်ရပ်ဟုမသတ်မှတ်နိုင်သည့်အပြင် ကောင်းသောအကျိုးလည်းမဖြစ်။” ဟူ၍ ပြောဆိုဖြေကြား၏။
အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် ပူရဏကဿပဆရာသည် သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ ကံမဲ့ဝါဒကို သာဖြေကြားပါ၏။
ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။
အရှင်ဘုရား ။ အကျွန်ုပ်သည် ပူရာဏကဿပပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော ပူရာဏကဿပစကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် ပူရာဏကဿပ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။
မက္ခလိဂေါသာလ၏ အယူဝါဒ
အဇာတသတ်မင်း-“အရှင်ဘုရား။ အခါတစ်ပါး၌ အကျွန်ုပ်သည် မက္ခလိဂေါသာလ ထံသို့ ချဉ်းကပ်ပြီး ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ မက္ခလိဂေါသာလအား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။
အဇာတသတ်မင်း--“ အရှင်ဂေါသာလ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ဂေါသာလ”။
ဤသို့မေးသော် မက္ခလိဂေါသာလဆရာသည် အကျွန်ုပ်အား- “မင်းကြီး သတ္တဝါအပေါင်းတို့သည် ကိလေသာစသော တရားများကြောင့်ညစ်ညူးစရာ အကြောင်းနှင့်အကြောင်းရင်းအထောက်အပံ့သည်မရှိ။ သို့သော်လည်း သတ္တဝါအပေါင်းတို့သည် ကိလေသာစသောတရားများကြောင့် ညစ်ညူးနေကြ၏။
ထို့အတူ သတ္တဝါအပေါင်းတို့သည် ကိလေသာစသောတရားများမှ လွတ်မြောက်သန့်စင်ရန် အကြောင်းနှင့် အကြောင်းရင်းအထောက်အပံ့သည်မရှိ။ သို့သော်လည်း သတ္တဝါအပေါင်းတို့သည် ကိလေသာစသောတရားများမှ လွတ်မြောက်သန့်စင်ကြကုန်၏။
မိမိ၏ပြုလုပ်မှုသည်မရှိ၊ သူတစ်ပါးတို့ ပြုလုပ်ပေးမှုသည်မရှိ၊ ယောကျာ်းတို့၏ စွမ်းအားသည်မရှိ၊ ယောကျာ်းတို့၏အားထုတ်မှုသည်မရှိ။ အလုံးစုံသော သတ္တဝါများ၊ အလုံးစုံသော အသက်ရှုနေသည့်သတ္တဝါများ၊ အလုံးစုံသော ခန္ဓာကိုယ်အထင်အရှားရှိသည့် သတ္တဝါများ၊ အလုံးစုံသော သက်ရှိသတ္တဝါများ သည်လည်း အစွမ်းမရှိကုန်၊ ခွန်အားမရှိကုန်၊ လုံ့လဝီရိယမရှိကုန်၊ သဘာဝတရား၏အလိုအတိုင်း ဖြစ်မြဲဆုံစည်းကာ အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ဆင်းရဲချမ်းသာခြင်းအား ခံစားကြကုန်၏။
ဤတစ်သန်းလေးသိန်းခြောက်ထောင့်ခြောက်ရာသော အဓိက သတ္တဝါမျိုးများ ငါးရာသော ကံအမျိုးအစားများ၊ငါးပါးသောကံများ၊ သုံးပါးသော ကံများ ပြည့်၍များလှစွာသော ကံများ၊ ခြောက်ဆယ့်နှစ်ပါးသောအကျင့်အမျိုးမျိုး၊ ခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်သက်တမ်းများ၊ ခြောက်မျိုးသေ, ဇာတ်အဆင့်အတန်းအထူးများ၊ ရှစ်မျိုးသော ယောကျာ်းအမျိုးအစားများ၊ လေးထောင့်ကိုးရာသောအသက်မွေးမှုလုပ်ငန်းများ၊ လေးထောင့်ကိုးရာသော ပရိဗိုဇ်မျိူးများ၊ လေးထောင့်ကိုးရာသော နဂါးတို့၏ ဘုံဌာနများ၊ဣန္ဒြေစောင့်ထိန်းမှုအမျိုးအစားပေါင်း နှစ်ထောင်တို့နှင့် ငရဲပေါင်းသုံးထောင်၊ မြူဓာတ်(တည်ရာ) သုံးဆယ့်ခြောက်မျိုး၊ ခုနှစ်မျိုးသော အမည်သညာရှိသည့် ပဋိသန္ဓေတည်ခြင်း၊ ခုနှစ်မျိုးသော အမည်သညာမရှိသော ပဋိသန္ဓေတည်ခြင်း၊ ခုနှစ်မျိုးသော ထပ်ပွားသည့် ပဋိသန္ဓေတည်ခြင်း၊ နတ်အမျိုးအစားပေါင်း ခုနှစ်မျိုး၊ လူအမျိုးအစားပေါင်း ခုနှစ်မျိုး၊ မြေဖုတ်ဘီလူးအမျိုးအစားပေါင်း ခုနှစ်မျိုး၊ အိုင်ကြီးခုနှစ်ခု၊ အဖုကြီးခုနှစ်ခု၊ အဖုငယ်ခုနှစ်ခု၊ ချောက်ကြီးခုနှစ်ခု၊ ချောက်ငယ်အခုခုနှစ်ရာ၊ အိပ်မက်ကြီးခုနှစ်ခု၊ ခုနှစ်ရာသောအိပ်မက်ငယ်များ ရှစ်သန်းလေးသိန်းသော မဟာကပ်သက်တမ်းများရှိကုန်၏။
ယင်း မဟာကပ်သက်တမ်းကာလပတ်လုံး လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကျင်လည်၍ ဆင်းရဲပင်ပန်းစွာ မိမိတို့၏သက်တမ်းကာလအား ကုန်ဆုံးခြင်းကို ပြုကြသော်လည်း ဆင်းရဲခြင်းများသည်မကုန်ဆုံးပေ။
ယင်း မဟာကပ်သက်တမ်းကာလပတ်လုံး လူမိုက် သို့မဟုတ် ပညာရှိ တို့သည် ဆင်းရဲခပ်သိမ်းများကုန်ဆုံးရန်အတွက် သီလများ၊ကျင့်ဝတ်ထူးများ၊ ခြိုးခြံမှုအကျင့်များ၊ မြတ်သောအကျင့်များအား ကျင့်ကြံခြင်းပြုကြသော်လည်း ဆင်းရဲခြင်းများသည်မကုန်ဆုံးပေ။
ချမ်းသာခြင်းနှင့်ဆင်းရဲခြင်းတို့သည် စရွတ်တောင်းဖြင့် ခြင်ထားပြီးသကဲ့သို့ အတိုင်းအတာအပိုင်းအခြားသတ်မှတ်ပြီးသားဖြစ်၏။ သံသရာသည် အပိုင်းအခြားကာလအကန့်အသတ်ပိုင်းခြားထားပြီးသားဖြစ်၏။ အတိုး အဆုတ် မရှိ၊ အလွန်အယုတ် မရှိ၊ ချည်လုံးသည် သူ့တွင်ရှိသော ချည်မျှင်များအရေအတွက်မျှသာ ပြေးနိုင်သကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကျင်လည်၍ ဆင်းရဲပင်ပန်းကာ ပြီးဆုံးခြင်းကို ပြုကြလတ္တံ့”ဟူ၍ ဖြေဆိုပြောပါ၏။
အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် မက္ခလိဂေါသာလဆရာသည် သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ သူ၏သံသရာမှ စင်ကြယ်ခြင်း အယူဝါဒကို သာဖြေကြားပါ၏။
ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။
အရှင်ဘုရား ။ အကျွန်ုပ်သည် မက္ခလိဂေါသာလ ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော မက္ခလိဂေါသာလ စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း ပြန်မပြောခဲ့သည့်အပြင် မက္ခလိဂေါသာလ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။
အဇိတကေသကမ္ဗလ၏ အယူဝါဒ
အဇာတသတ်မင်း-“အရှင်ဘုရား။ အခါတစ်ပါး၌ အကျွန်ုပ်သည် မက္ခလိဂေါသာလ ထံသို့ ချဉ်းကပ်ပြီး ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ အဇိတကေသကမ္ဗလအား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။
အဇာတသတ်မင်း--“ အရှင် အဇိတကေသကမ္ဗလ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင် အဇိတ”။
ဤသို့မေးသော် အဇိတကေသကမ္ဗလ ဆရာသည် အကျွန်ုပ်အား- “မင်းကြီး။ လှူဒါန်းပေးကမ်းခြင်းသည် အကျိုးမရှိ။ ယဇ်ပူဇော်ခြင်းနှင့် ဟုံးမီး(ယဇ်မီး)ပူဇော်ခြင်းတို့သည်လည်းအကျိုးမရှိ။ ဤလောကသည်လည်း မရှိ။ အခြားတစ်ပါးသောလောကသည်လည်း ရှိလိမ့်မည်မဟုတ်။အရိယာနွယ်ဝင်သူတော်စင်လည်းဖြစ်၍ ကိုယ်ပိုင် ဉာဏ်အထူးဖြင့် ဟောကြားနိုင်သော ပညာရှိပြီး ကောင်းမွန်သောအကျင့်အားကျင့်ကြံပြီးသူ သမဏဗြာဟ္မဏတို့သည်လည်း ဤလောက၌ မရှိကုန်။
သတ္တဝါတို့သည်မြေ၊ရေလေ၊မီးဟူသော မဟာဘုတ်လေးပါး ပေါင်းစည်းထားသောအစုအဝေးကြီးပင်ဖြစ်ကြကုန်၏။ သတ္တဝါတို့သည် သေလွန်သောအခါ သတ္တဝါတို့ ၏မြေဓာတ်နှင့်ဆိုင်သောအရာများသည် ပင်မမြေဓာတ်အစုနှင့် ပေါင်းစည်းပြီး ရေဓာတ်နှင့်ဆိုင်သောအရာများသည် ပင်မရေဓာတ်အစုနှင့်ပေါင်းစည်း၍ မီးဓာတ်နှင့်ဆိုင်သောအရာများနှင့် ပင်မမီးဓာတ်အစုနှင့် ပေါင်းစည်းကာ လေဓာတ်နှင့် သက်ဆိုင်သော အရာများသည် ပင်မလေဓာတ်နှင့်ပေါင်းစည်း၏။
သတ္တဝါတို့သည် သေလွန်လေပြီး ကျန်သော အလောင်ကောင်ကို ယောကျာ်းသားငါးဦးတို့သည် ညောင်စောင်းနှင့် သယ်ယူကာ သုဿန်သို့ ပို့ဆောင်၍ ပစ်ထားလေ၏။ သူလေအလောင်း ပျက်စီးလေသော် ခိုအဆင်းရှိသောအရိုးများပေါ်လာ၏။
လှူဒါန်းခြင်းစသော ကိစ္စရပ်များသည် လူသေအလောင်းအား မီးရှို့သောအခါ ကြွင်းကျန်သော ပြာကဲ့သို့ အကျိုးမရှိ။ အလှူပေးခြင်းစသော ဒါနကို လူမိုက်တို့ကသာ သတ်မှတ်ပညတ်ကြ၏။ အချို့သူတို့သည် လှူဒါန်းပေးကမ်းခြင်းသည် အကျိုးရှိ၏ ဟူသော ဝါဒ အား လက်ကိုင်၍ ဟောပြောလေ့ရှိပြီး ထိုဟောပြောချက်များသည် အကျိုးမရှိ၊ မှားယွင်းပြီး ယောင်ယမ်း၍ လျှောက်ပြောသောစကားမျှသာဖြစ်၏။
လောက၌ လူမိုက် သို့မဟုတ် ပညာရှိ တို့သည် ခန္ဓာကိုယ် ပျက်စီးပြတ်စဲသေဆုံးပြီးနောက် နောင်တဖန်ပြန်လည်မွေးဖွားအသက်ရှင်ရခြင်း(ဘဝ)သည် မရှိ။
”ဟူ၍ ဖြေဆိုပြောပါ၏။
အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် အဇိတကေသကမ္ဗလ ဆရာသည် သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ သူ၏ပြတ်စဲခြင်းဗလာနတ္ထိဝါဒကိုသာ ပြန်လည်ဖြေကြားပါ၏။
ထိုအခါတပည့်တော်သည် “ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း” ဟု အကြံဖြစ်မိပါ၏။
အရှင်ဘုရား ။ အကျွန်ုပ်သည် အဇိတကေသကမ္ဗလ ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော အဇိတကေသကမ္ဗလ စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် အဇိတကေသကမ္ဗလ ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။”
ပကုဓကစ္စာယန ၏ အယူဝါဒ
အဇာတသတ်မင်း-“အရှင်ဘုရား။ အခါတစ်ပါး၌ အကျွန်ုပ်သည် ပကုဓကစ္စာယန ထံသို့ ချဉ်းကပ်ပြီး ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ ပကုဓကစ္စာယန အား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။
အဇာတသတ်မင်း--“ အရှင်ပကုဓကစ္စာယန ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ပကုဓကစ္စာယန”။
ဤသို့မေးသော် ပကုဓကစ္စာယန ဆရာသည် အကျွန်ုပ်အား- “မင်းကြီး။ (၁)မြေအစု၊(၂)ရေအစု၊ (၃)မီးအစု၊ (၄)လေအစု၊ (၅)ချမ်းသာ၊(၆)ဆင်းရဲ နှင့် (၇)ရှင်သန်မှုရှိသော အသက် ဟူသော ခုနှစ်ပါးသည် ပြုလုပ်ထားသည်မဟုတ်၊ စေခိုင်းခြင်းပြုလုပ်ထားခြင်းဖြင့် ရရှိသောအရာလည်းမဟုတ်၊ ဖန်ဆင်းထားသည်လည်းမဟုတ် ၊ ဓာတ်ပြုခြင်းမရှိ(မြုံနေ၏)၊ တောင်များ၏ ထိပ်ပိုင်းနှင့် ခိုင်မြဲသောတံခါးတို့ကဲ့သို့ တည်ငြိမ်နေ၏။ ထို့ကြောင့် ဤခုနှစ်ပါးအစုတို့ပေါင်းစည်းသောကြောင့် ဖြစ်ပေါ်လာသည့် သတ္တဝါများသည် တုန်လှုပ်ဖောက်ပြန်ခြင်းမရှိ၊ အချင်းချင်း နာကျင်ထိခိုက်စေရန်အတွက် လည်းကောင်း၊ ဆင်းရဲစေရန်အတွက်လည်းကောင်း၊ ချမ်းသာစေရန်အတွက်လည်းကောင်း၊ ဆင်းရဲချမ်းသာစေရန်အတွက်လည်းကောင်း ပြုလုပ်ခြင်းငှာမတတ်နိုင်။ ထိုခုနှစ်ပါးအစုတို့ဖြင့် ဖန်တီးထားသော သတ္တဝါများအား သတ်နိုင်သူ၊ သတ်ရန်စေခိုင်းနိုင်သူ၊ ကြားနိုင်သူ၊ကြားနိုင်စေသူ၊ သိနိုင်သူ ၊သိရန်စေခိုင်းသူ ဟူ၍ မရှိကုန်၊ ထက်စွာသော လက်နက်ဖြင့် ထိုသတ္တဝါ၏ဦးခေါင်းကို ဖြတ်စေကာမူ သူ့အသက်သတ်သောလုပ်ရပ်ဟု မသတ်မှတ်နိုင်၊ အဘယ်ကြောင့်ဆိုသော် လက်နက်သည် ထိုခုနှစ်ပါးသောအစုတို့ဖြင့် ဖန်တီးထားခြင်းအား ကွာဟခြင်းမျှသာပြုနိုင်သောကြောင့်ဖြစ်၏
”ဟူ၍ ဖြေဆိုပြောပါ၏။
အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် ပကုဓကစ္စာယန ဆရာသည် သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ အကြောင်းအရာတစ်ခုကို အခြားအကြောင်းအရာအစားထိုး၍ သာဖြေကြားပါ၏။
ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။
အရှင်ဘုရား ။ အကျွန်ုပ်သည် ပကုဓကစ္စာယန ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော ပကုဓကစ္စာယန စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် ပကုဓကစ္စာယန၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။
နိဂဏ္ဍနာဋပုတ္တ ၏ အယူဝါဒ
အဇာတသတ်မင်း-“အရှင်ဘုရား။ အခါတစ်ပါး၌ အကျွန်ုပ်သည် နိဂဏ္ဍနာဋပုတ္တ ထံသို့ ချဉ်းကပ်ပြီး ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ နိဂဏ္ဍနာဋပုတ္တ အား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။
အဇာတသတ်မင်း--“ အရှင်အဂ္ဂိဝေဿနာ(နိဂဏ္ဍ၏မျိုးနွယ်အမည်) ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်အဂ္ဂိဝေသာန”။
ဤသို့မေးသော် နိဂဏ္ဍနာဋပုတ္တ ဆရာသည် အကျွန်ုပ်အား- “မင်းကြီး ဤလောက၌ နိဂဏ္ဍသည် အလုံးစုံသော ရေအေးကို တားမြစ်၏။ မကောင်းမှုကိုလည်း အလုံးစုံတားမြစ်၏၊ မကောင်းမှု အလုံးစုံကို တားမြစ်ခြင်းဖြင့် မကောင်းမှုကိုပယ်ခွာပြီး၏ ၊ မကောင်းမှုကို အလုံးစုံသောတားမြစ်ခြင်းများဖြင့် သတ်မှတ်သဖြင့် လွတ်မြောက်ရာကို တွေပြီးသည်လည်းဖြစ်၏ ဟူသော စောင့်ထိန်းမှုလေးမျိုးဖြင့် မကောင်းမှုများအား စောင့်ထိန်းခြင်းဖြင့် စောင့်ထိန်းပြီးသော နိဂဏ္ဍနာဋပုတ္တ မည်သော အကျွန်ုပ်အား ဉာဏ်ပညာအထွတ်အထိပ်ရောက်ပြီးသူ၊ စောင့်ထိန်းသော သဘောအားလက်ကိုင်သူ၊ တည်ကြည်မှုရှိသူဟု ခေါ်ဆိုသတ်မှတ်အပ်၏ ”ဟူ၍ ဖြေဆိုပြောပါ၏။
အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် နိဂဏ္ဍနာဋပုတ္တ ဆရာသည် သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ သူ၏စောင့်ထိန်းခြင်းအယူဝါဒကို သာဖြေကြားပါ၏။
ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။
အရှင်ဘုရား ။ အကျွန်ုပ်သည် နိဂဏ္ဍနာဋပုတ္တ ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော နိဂဏ္ဍနာဋပုတ္တ စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် နိဂဏ္ဍနာဋပုတ္တ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။
သဉ္စယဗေလဋ္ဌပုတ္တ ၏ အယူဝါဒ
အဇာတသတ်မင်း-“အရှင်ဘုရား။ အခါတစ်ပါး၌ အကျွန်ုပ်သည် သဉ္စယဗေလဋ္ဌပုတ္တ ထံသို့ ချဉ်းကပ်ပြီး သဉ္စယဗေလဋ္ဌပုတ္တ နှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ သဉ္စယဗေလဋ္ဌပုတ္တ အား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။
အဇာတသတ်မင်း--“ အရှင် သဉ္စယဗေလဋ္ဌပုတ္တ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင် သဉ္စယဗေလဋ္ဌပုတ္တ”။
ဤသို့မေးသော် သဉ္စယဗေလဋ္ဌပုတ္တ ဆရာသည် အကျွန်ုပ်အား- “အခြားတစ်ပါးသော လောကထပ်ရှိသေးလောဟု သင် သည် ငါ့ကို မေးသော် တစ်ပါးသော လောကရှိ၏ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသော လောကရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
အခြားတစ်ပါးသောလောကများမရှိပါလော ဟုမေးလျှင်လည်း တစ်ပါးသော လောကမရှိဟု ငါအယူရှိခဲ့လျှင် တစ်ပါးသောလောကများမရှိဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
အခြားတစ်ပါးသောလောကများသည်ရှိလည်းရှိမရှိလည်းမရှိပါလော ဟုမေးလျှင်လည်း တစ်ပါးသော လောကများရှိလည်းရှိ၏ ၊မရှိလည်းမရှိ၏ ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသောလောကများရှိလည်းရှိ၏ မရှိလည်းမရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
အခြားတစ်ပါးသောလောကများရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ပါလော ဟုမေးလျှင်လည်း အခြားတစ်ပါးသောလောကများရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်သည် ကို မှန်၏ ဟု ငါအယူရှိခဲ့လျှင် အခြားတစ်ပါးသောလောကများရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်သည် ကိုမှန်၏ ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိကုန်သလောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ မရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ မရှိပါဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ မရှိပါဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများသည် ရှိလည်းရှိ မရှိလည်းမရှိ ကုန်လောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများသည် ရှိလည်းရှိ မရှိလည်းမရှိ ကုန်၏ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများသည် ရှိလည်းရှိ မရှိလည်းမရှိ ကုန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ သည် ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ပါလော ဟုမေးလျှင်လည်း သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ သည် ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ကို မှန်၏ ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ သည် ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါသလော ဟုမေးလျှင်လည်း ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါ၏ကို မှန်၏ ဟု ငါအယူရှိခဲ့လျှင် ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါ၏ကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိပါသလော ဟု ငါအယူရှိခဲ့လျှင် ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိပါကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်းမရှိပါသလော ဟု ငါအယူရှိခဲ့လျှင် ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်းမရှိကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ပါသလော ဟု ငါအယူရှိခဲ့လျှင် ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသေး၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသေး၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ မရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ မရှိ၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ မရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်ရှိ မရှိလည်းမရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်ရှိ မရှိလည်းမရှိကုန်၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်ရှိ မရှိလည်းမရှိကုန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။
”ဟူ၍ ဖြေဆိုပြောပါ၏။
အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် သဉ္စယဗေလဋ္ဌပုတ္တ ဆရာသည် သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်သည် အဘယ်အရပ်မှာရှိပါသနည်းဟု မေးပါလျက် သရက်ပင်၏ နေရာကိုသာ ဖြေနေပါသကဲ့သို့ သူ၏ပစ်လွှင့်သောအယူကိုသာ ဖြေနေပါ၏။ ထိုသူသည် သမဏဗြာဟ္မဏများ အနက် ပညာအမဲ့ဆုံးနှင့် အတွေအဝေဆုံးတည်း။ ငါကဲ့သို့သောမင်းသည် ဤသို့သောသူအား အဘယ်ကြောင့်ပြစ်တင်မောင်းမဲသင့်သည်ဟု မှတ်ယူနိုင်သနည်းဟု အကြံဖြစ်ခဲ့၏။
အကျွန်ုပ်သည် ထိုသူပြောသောစကားကို မနှစ်သက်သလိုပယ်ခဲ့ခြင်းလည်းမရှိ။ တစ်စုံတစ်ရာသောစကားမှမဆိုဘဲ နေရာမှထကာပြန်ခဲ့ပါ၏။
မြတ်စွာဘုရားအား မေးလျှောက်ခြင်း
အဇာတသတ်မင်း--“ အရှင်ဘုရား။ ယခု အခါ၌ အရှင်ဘုရားအား အကျွန်ုပ် သိလိုသဖြင့် ဤမေးခွန်းအား မေးမြန်းပါ၏။ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။
ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။
ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့ နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ဘုရား”။
ဂေါတမမြတ်စွာဘုရား- မင်းကြီး ငါ တတ်နိုင်ပါပေ၏။ မင်းကြီး၏ မေးခွန်းအား ငါသည် အမေးအဖြေသဘောဖြင့် ဖြေဆိုမည်ဖြစ်ပါသဖြင့် ၊ ငါသည် သင့်အား သင်ချက်ချင်းနားလည်သဘောပေါက်စေမည့်အမေးကိုမေးလတ္တံ့၊ သင်သည် ထိုအမေးကို နှစ်သက်သလို ဖြေလော့ ဟု မိန့်တော်မူပြီး ဤသို့ ဟောတော်မူလေသတည်း။
ယခုဘဝ၌ချက်ချင်းလက်ငင်းရရှိသော ပထမမြောက်ရဟန်းဖြစ်ခြင်းအကျိုး
ဂေါတမမြတ်စွာဘုရား- ‘မင်းကြီး။( ဥပမာ) ဤမာဂဓတိုင်းသားဖြစ်ပြီး မိမိသခင်အိပ်ရာမှမထခင် ရှေးဦးစွာနိုးထလေ့ရှိပြီး မိမိသခင်အိပ်ရာဝင်ပြီးအိပ်မှ အိပ်လေ့ရှိသော၊ သခင်၏အမိန့်အား အမြဲနာခံတတ်သော၊ သခင်၏အကြိုက်ကိုလည်း ပြုတတ်သော၊ သဘောကျဖွယ်စကားကိုလည်း အမြဲဆိုလေ့ရှိသော၊ သခင်၏မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်ရှုလေ့လာတတ်သော သင့်၏အမှုလုပ် ကျွန်ယောကျာ်းသည်- “ကောင်းသောဘဝအားရောက်စေသော ကောင်းသောကုသိုလ်ကိစ္စများ၏ကံအကျိုးပေးသည် အံ့ဖွယ်စရာကောင်း၍အံ့အားသင့်စရာလည်း ကောင်းလှပေ၏။ ဝေဒေဟီမိဖုရား၏သားတော် အဇာတသတ်မင်းသည်လူသား ဖြစ်သလို ငါသည်လည်း လူသားဖြစ်၏။
လူဖြစ်ပုံချင်းအတူတူ အဇာတသတ်မင်းသည်ကား အမြင်ကောင်း၊အကြားကောင်း၊အနံ့ကောင်း၊အရသာကောင်းအထိအတွေ့ကောင်း၊အတွေးကောင်းတည်းဟူသော ကာမဂုဏ်တရားကောင်းများသာ ကြုံတွေ့ရပြီး နတ်တို့ကဲ့သို့ ပျော်ရွှင်စွာဖြင့် မင်းစည်းစိမ်စံစားရ၏။
ငါ့မှာမူ မိမိသခင်အိပ်ရာမှမထခင် ရှေးဦးစွာနိုးထလေ့ရှိပြီး မိမိသခင်အိပ်ရာဝင်ပြီးအိပ်မှ အိပ်လေ့ရှိသော၊ သခင်၏အမိန့်အား အမြဲနာခံတတ်သော၊ သခင်၏အကြိုက်ကိုလည်း ပြုတတ်သော၊ သဘောကျဖွယ်စကားကိုလည်း အမြဲဆိုလေ့ရှိသော၊ သခင်၏မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်ရှုလေ့လာတတ်သော ကျွန်အဖြစ် မိမိသခင်၏တာဝန်မှန်သမျှအား လုပ်ဆောင်ရ၏။
ငါသည် ဆံပင်၊မုတ်ဆိတ်တို့ကို ပယ်ရှင်းပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ပြီး လူ့ဘောင်ကို ပယ်ခွာကာ ရဟန်းအဖြစ်သို့ပြောင်းပြီး ကောင်းမှုတို့ကို ပြုလုပ်လေလျှင် ထိုမင်းကဲ့သို့ စည်းစိမ်ချမ်းသာများအား ခံစားနိုင်သောသူဖြစ်ရာ၏” ဟု အကြံဖြစ်၏။
ထိုအကြံဖြစ်သောသင်၏ကျွန်ယောကျာ်းသည် နောင်အချိန်၌ ဆံပင်နှင့်မုတ်ဆိတ်တို့အားပယ်ပြီး ဖန်ရည်ဆိုးအဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ကာ ရဟန်းအဖြစ်သို့ ကူးပြောင်းလေသည်။ ထို့နောက် ထိုသူသည် ရဟန်း၏ အခြေခံစည်းကမ်းဖြစ်သည့် ကိုယ်၊နှုတ်၊စိတ်တို့အားစောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ရသလောက်သော အစာရေစာအဝတ်တို့ဖြင့် ခြိုးခြံချွေတာစွာရောင့်ရဲကာ တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာ နေထိုင်လတ္တံ့။
ထိုကျွန်ယောကျာ်းတစ်ဖြစ်လည်း ထိုရဟန်း၏နေထိုင်စားသောက်ပုံနှင့်တည်ငြိမ်အေးချမ်းစွာဖြင့် တရားဓမ္မများကျင့်ကြံနေမှုများကို သင်၏ မင်းချင်းယောကျာ်း၊မင်းအမှုထမ်းအမတ်များသည် သင့်အား “မြတ်သောမင်းကြီး သိတော်မူစေရန်အလို့ငှာ ဤသတင်းစကားအား လျှောက်တင်ပါ၏။ သခင်အိပ်ရာမှမထခင် ရှေးဦးစွာနိုးထလေ့ရှိပြီး သခင်အိပ်ရာဝင်ပြီးအိပ်မှ အိပ်လေ့ရှိသော၊ သခင်၏အမိန့်အား အမြဲနာခံတတ်သော၊ သခင်၏အကြိုက်ကိုလည်း ပြုတတ်သော၊ သဘောကျဖွယ်စကားကိုလည်း အမြဲဆိုလေ့ရှိသော၊ သခင်၏မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်ရှုလေ့လာတတ်သော ကျွန်အဖြစ် သခင်၏တာဝန်မှန်သမျှအား လုပ်ဆောင်ရသော သင်၏ ကျွန်ယောကျာ်းသည် ဆံပင်၊မုတ်ဆိတ်တို့ကို ပယ်ရှင်းပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ပြီး လူ့ဘောင်ကို ပယ်ခွာကာ ရဟန်းအဖြစ်သို့ပြောင်း ပြီး ရဟန်း၏ အခြေခံစည်းကမ်းဖြစ်သည့် ကိုယ်၊နှုတ်၊စိတ်တို့အားစောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ရသလောက်သော အစာရေစာအဝတ်တို့ဖြင့် ခြိုးခြံချွေတာစွာရောင့်ရဲကာ တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာ နေထိုင်နေပါ၏ ဘုရား” ဟု လျှောက်တင်ကြလတ္တံ့။
ထိုသို့လျှောက်တင်လေလျှင် အသင်မင်းကြီးသည် “ အသင်တို့။ ထိုယောကျာ်းအား ငါ့ထံ့သို့ ပြန်လာစေလော့။ ငါအိပ်ရာမှမထခင် ရှေးဦးစွာနိုးထလေ့ရှိပြီး ငါအိပ်ရာဝင်ပြီးအိပ်မှ အိပ်လေ့ရှိသော၊ ငါ၏အမိန့်အား အမြဲနာခံတတ်သော၊ ငါ၏အကြိုက်ကိုလည်း ပြုတတ်သော၊ သဘောကျဖွယ်စကားကိုလည်း အမြဲဆိုလေ့ရှိသော၊ ငါ၏မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်ရှုလေ့လာတတ်သော ကျွန်အဖြစ် ငါ၏တာဝန်မှန်သမျှအား ပြန်လည်လာရောက်ထမ်းဆောင်စေ ဟု အမိန့်တော်ချမှတ်မည်လော” ‘ဟု မေးတော်မူ၏။
ထိုအခါ အဇာတသတ်က-“ဤသို့ မမိန့်သင့်ပါ အရှင်ဘုရား။ အမှန်တကယ်အားဖြင့် အကျွန်ုပ်တို့ကပင် ထိုသူ့အား ရှိခိုးလည်းရှိခိုးရမည်။ နန်းတော်သို့ကြွလာပါကလည်း ခရီးဦးကြို ပြုပြီး ထိုင်ရန်နေရာကိုလည်း ပြင်ပေးရမည်။ ထို့အပြင် ထိုသူအား သင်္ကန်း၊ဆွမ်း၊ကျောင်းတို့နှင့် မနာမကျန်းဖြစ်ပါကလည်း ဆေးအသုံးအဆောင်များ အလိုရှိပါက လည်း အကျွန်ုပ်တို့အား အလှူခံပါရန်လည်း ဖိတ်ရမည့်အပြင် ထိုသူအား တရားဥပဒေနှင့် ကာကွယ်စောင့်ရှောက်မှုပေးပြီး ထိုသူ၏ လုံခြုံရေးကိုလည်းစီမံပေးရမည် ဖြစ်ပါ၏”ဟု လျှောက်တင်၏။
ထိုသို့လျှောက်သော် မြတ်စွာဘုရားသည်- “မင်းကြီး သင်ဆိုခဲ့သောစကားကို အဘယ်သို့ထင်မြင်သနည်း။ ဤသို့သဘောရှိသော ရဟန်းဖြစ်ခြင်း၏ အကျိုးသည် အကျိုးရှိသလော ၊ အကျိုးမရှိသလော” ဟုပြန်မေးမိန့်၏။
အဇာတသတ်မင်း-“ဤသို့ဖြစ်လျှင် ရဟန်းဖြစ်ခြင်း၏အကျိုးသည် ဧကန်အမှန်တကယ် အကျိုးရှိသည့်အပြင် တပည့်တော်သည်လည်း ချက်ချင်းနားလည်သဘောပေါက်ပါ၏ဘုရား။”ဟု လျှောက်တင်၏။
ထိုအခါမြတ်စွာဘုရားက- “မင်းကြီး။ ဤသည်ကား ငါ သင့်အား ရှေးဦးစွာ ဟောပြသော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ရဟန်းဖြစ်ခြင်းအကျိုးဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
မျက်မှောက်ဘဝ၌ရအပ်သော ဒုတိယမြောက် ရဟန်းဖြစ်ကျိုး
ထိုအခါ အဇာတသတ်မင်းက-“အရှင်ဘုရား။ ဤအကျိုးအပြင် နောက်ထပ် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် မြင်သိနိုင်သည့် ရဟန်းဖြစ်ခြင်းအကျိုးသည်လည်း ရှိပါသေး၏လော။ ရှိပါသေးရင် အကျွန်ုပ်အား ဟောပြရန် တတ်နိုင်ပါသေး၏လော ”ဟုမေးတော်မူ၏။
မြတ်စွာဘုရား- မင်းကြီး အကျွန်ုပ် ဟောပြခြင်းငှာ တတ်နိုင်ပါသေး၏။ ဤအကျိုးကိုလည်း အမေးအဖြေသဘောဖြင့် ရှင်းပြ ဟောကြားမည်ဖြစ်ပါသဖြင့် ငါသည် သင့်အား မေးခွန်း မေးလျှင် သင်သည် ငါ၏မေးခွန်းအား သင်နှစ်သက်သလို ဖြေဆိုလေလော့ ဟု မိန့်တော်မူပြီး
“မင်းကြီး။ (ဥပမာ) ဤတိုင်းပြည်၏အခွန်ကိုလည်း အမြဲပေးဆောင်တတ်သော တိုင်းပြည်ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်ပွားများစေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် လယ်သမားယောကျာ်းတစ်ယောက်သည် သင်၏လက်အောက်တွင် ရှိ၏။ ထိုသူသည် “ကောင်းသောဘဝအားရောက်စေသော ကောင်းသောကုသိုလ်ကိစ္စများ၏ကံအကျိုးပေးသည် အံ့ဖွယ်စရာကောင်း၍အံ့အားသင့်စရာလည်း ကောင်းလှပေ၏။ ဝေဒေဟီမိဖုရား၏သားတော် အဇာတသတ်မင်းသည်လူသား ဖြစ်သလို ငါသည်လည်း လူသားဖြစ်၏။
လူဖြစ်ပုံချင်းအတူတူ အဇာတသတ်မင်းသည်ကား အမြင်ကောင်း၊အကြားကောင်း၊အနံ့ကောင်း၊အရသာကောင်းအထိအတွေ့ကောင်း၊အတွေးကောင်းတည်းဟူသော ကာမဂုဏ်တရားကောင်းများသာ ကြုံတွေ့ရပြီး နတ်တို့ကဲ့သို့ ပျော်ရွှင်စွာဖြင့် မင်းစည်းစိမ်စံစားရ၏။
ငါ့မှာမူ ဤတိုင်းပြည်၏အခွန်ကိုလည်း အမြဲပေးဆောင်တတ်သော တိုင်းပြည်ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်ပွားများစေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် လယ်သမားယောကျာ်းတစ်ယောက်အဖြစ် မင်း၏ဘဏ္ဍာအား အမြဲအခွန်ဆောင်ရသော ဘဝသာဖြစ်ရ၏။
ငါသည် ဆံပင်၊မုတ်ဆိတ်တို့ကို ပယ်ရှင်းပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ပြီး လူ့ဘောင်ကို ပယ်ခွာကာ ရဟန်းအဖြစ်သို့ပြောင်းပြီး ကောင်းမှုတို့ကို ပြုလုပ်လေလျှင် ထိုမင်းကဲ့သို့ စည်းစိမ်ချမ်းသာများအား ခံစားနိုင်သောသူဖြစ်ရာ၏” ဟု အကြံဖြစ်၏။
ထိုအကြံဖြစ်သောသင်၏လက်အောက်ရှိ လယ်သမားယောကျာ်းသည် နောင်အချိန်၌ ဆံပင်နှင့်မုတ်ဆိတ်တို့အားပယ်ပြီး မိမိ၏ပစ္စည်းဥစ္စာများနှင့် ဆွေမျိုးအနည်းအများအား စွန့်၍ ဖန်ရည်ဆိုးအဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ကာ ရဟန်းအဖြစ်သို့ ကူးပြောင်းလေသည်။ ထို့နောက် ထိုသူသည် ရဟန်း၏ အခြေခံစည်းကမ်းဖြစ်သည့် ကိုယ်၊နှုတ်၊စိတ်တို့အားစောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ရသလောက်သော အစာရေစာအဝတ်တို့ဖြင့် ခြိုးခြံချွေတာစွာရောင့်ရဲကာ တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာ နေထိုင်လတ္တံ့။
ထိုလယ်သမား ယောကျာ်းတစ်ဖြစ်လည်း ထိုရဟန်း၏နေထိုင်စားသောက်ပုံနှင့်တည်ငြိမ်အေးချမ်းစွာဖြင့် တရားဓမ္မများကျင့်ကြံနေမှုများကို သင်၏ မင်းချင်းယောကျာ်း၊မင်းအမှုထမ်းအမတ်များသည် သင့်အား “မြတ်သောမင်းကြီး သိတော်မူစေရန်အလို့ငှာ ဤသတင်းစကားအား လျှောက်တင်ပါ၏။ ဤတိုင်းပြည်၏အခွန်ကိုလည်း အမြဲပေးဆောင်တတ်သော တိုင်းပြည်ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်ပွားများစေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် အရှင့်၏လက်အောက်ရှိ လယ်သမားယောကျာ်းတစ်ယောက်သည် ဆံပင်၊မုတ်ဆိတ်တို့ကို ပယ်ရှင်းပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ပြီး လူ့ဘောင်ကို ပယ်ခွာကာ ရဟန်းအဖြစ်သို့ပြောင်း ပြီး ရဟန်း၏ အခြေခံစည်းကမ်းဖြစ်သည့် ကိုယ်၊နှုတ်၊စိတ်တို့အားစောင့်ရှောက်ထိန်းသိမ်းခြင်းနှင့် ရသလောက်သော အစာရေစာအဝတ်တို့ဖြင့် ခြိုးခြံချွေတာစွာရောင့်ရဲကာ တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာ နေထိုင်နေပါ၏ ဘုရား” ဟု လျှောက်တင်ကြလတ္တံ့။
ထိုသို့လျှောက်တင်လေလျှင် အသင်မင်းကြီးသည် “ အသင်တို့။ ထိုယောကျာ်းအား ငါ့ထံ့သို့ ပြန်လာစေလော့။ ဤတိုင်းပြည်၏အခွန်ကိုလည်း အမြဲပေးဆောင်တတ်သော တိုင်းပြည်ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်ပွားများစေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် လယ်သမားယောကျာ်းတစ်ယောက်အဖြစ် ငါ၏အခွန်များအား တစ်ဖန်ပြန်၍ ထမ်းဆောင်စေလော့ ဟု အမိန့်တော်ချမှတ်မည်လော” ‘ဟု မေးတော်မူ၏။
ထိုအခါ အဇာတသတ်က-“ဤသို့ မမိန့်သင့်ပါ အရှင်ဘုရား။ အမှန်တကယ်အားဖြင့် အကျွန်ုပ်တို့ကပင် ထိုသူ့အား ရှိခိုးလည်းရှိခိုးရမည်။ နန်းတော်သို့ကြွလာပါကလည်း ခရီးဦးကြို ပြုပြီး ထိုင်ရန်နေရာကိုလည်း ပြင်ပေးရမည်။ ထို့အပြင် ထိုသူအား သင်္ကန်း၊ဆွမ်း၊ကျောင်းတို့နှင့် မနာမကျန်းဖြစ်ပါကလည်း ဆေးအသုံးအဆောင်များ အလိုရှိပါက လည်း အကျွန်ုပ်တို့အား အလှူခံပါရန်လည်း ဖိတ်ရမည့်အပြင် ထိုသူအား တရားဥပဒေနှင့် ကာကွယ်စောင့်ရှောက်မှုပေးပြီး ထိုသူ၏ လုံခြုံရေးကိုလည်းစီမံပေးရမည် ဖြစ်ပါ၏”ဟု လျှောက်တင်၏။
ထိုသို့လျှောက်သော် မြတ်စွာဘုရားသည်- “မင်းကြီး သင်ဆိုခဲ့သောစကားကို အဘယ်သို့ထင်မြင်သနည်း။ ဤသို့သဘောရှိသော ရဟန်းဖြစ်ခြင်း၏ အကျိုးသည် အကျိုးရှိသလော ၊ အကျိုးမရှိသလော” ဟုပြန်မေးမိန့်၏။
အဇာတသတ်မင်း-“ဤသို့ဖြစ်လျှင် ရဟန်းဖြစ်ခြင်း၏အကျိုးသည် ဧကန်အမှန်တကယ် အကျိုးရှိသည့်အပြင် တပည့်တော်သည်လည်း ချက်ချင်းနားလည်သဘောပေါက်ပါ၏ဘုရား။”ဟု လျှောက်တင်၏။
ထိုအခါမြတ်စွာဘုရားက- “မင်းကြီး။ ဤသည်ကား ငါ သင့်အား နှစ်ကြိမ်မြောက် ဟောပြသော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ရဟန်းဖြစ်ခြင်းအကျိုးဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
သာလွန်မြင့်မြတ်သောရဟန်းဖြစ်ခြင်း၏အကျိုး(သီလကဏ္ဍ+သမာဓိကဏ္ဍ+ပညာကဏ္ဍ)
ထို့နောက် အဇာတသတ်မင်းက-“အရှင်ဘုရား။ ဆိုအပ်ခဲ့သော ကိုယ်တိုင်သိမြင်ရသော ဤရဟန်းဖြစ်ကျိုးနှစ်ပါးထက် သာ၍နှစ်သက်ဖွယ်ကောင်း၍မွန်မြတ်သည့်ရဟန်းဖြစ်ခြင်း၏အကျိုး ရှိပါသေးလျှင်လည်း အကျွန်ုပ်အား ထပ်မံ၍ဟောပြရန် တတ်နိုင်ပါသေးသလာ”ဟုမေးလေ၏။
ထိုအခါ မြတ်စွာဘုရားက- “မင်းကြီး။ အကျွန်ုပ်တတ်နိုင်ပါ၏။ ဤသို့ဆိုလျှင် ကောင်းစွာနှလုံးသွင်း၍ နာကြားပါလေ။ အကျွန်ုပ် ဟောကြားပါအံ့”ဟု မိန့်တော်မူ၏။
ဝေဒေဟီမိဖုရား၏သားတော် မဂဓတိုင်းအရှင် အဇာတသတ်မင်းသည်လည်း- “ကောင်းပါပေ၏။အရှင်ဘုရား” ဟု လက်ခံလေ၏။
မြတ်စွာဘုရားသည်- “မင်းကြီး။ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသောတရားအပေါင်းတို့ကို သိမြင်တော်မူသော၊ ကောင်းမွန်သော အသိဉာဏ်နှင့် ကောင်းမွန်သော ကျင့်ကြံခြင်းတို့ နှင့်ပြည့်စုံတော်မူသော၊ ကောင်းသောစကားအား အမြဲဆိုတော်မူသော၊ လောကသုံးပါး၏တည်နေရာ၏အသီးသီးတို့အား သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမရာ၌လည်း အတော်ဆုံးလည်းဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးမြတ်တရားတို့ကို သတ္တဝါအများသိစေရန်အတွက် ဟောပြတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော ဟူသော ဂုဏ်အရည်အချင်းတို့ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူလေပြီ။
ထိုမြတ်စွာဘုရားသည် ဗြဟ္မာ၊မာရ်နတ်နှင့်နတ်နှင့်တကွသောလောကတို့နှင့် သမဏဗြာဟ္မဏ၊မင်းနှင့်လူတို့အမှူးပြုသောသတ္တဝါတို့အား ကိုယ်တိုင်ရရှိသောဉာဏ်အထူးဖြင့် သိတော်မူသော တရားတော်များဖြင့် တရားထူးရစေ၍ ဘဝသြဃသံသရာမှ လွတ်မြောက်စေ၏။ ထိုမြတ်စွာဘုရားသည် ကောင်းမွန်သောအစ၊အလယ်၊အဆုံးတို့ဖြင့်ပြီးပြည့်စုံသော၊ အနက်အဓိပ္ပာယ်ရှိ၍ ယုံကြည်အားရစရာသည်လည်းကောင်းမွန်သည့် အဆုံးအမတရားအားလည်း ဟောတော်မူခဲ့သလို အလုံးစုံသောပြီးပြည့်စုံမှုတို့နှင့်ပြည့်စုံသော စင်ကြယ်ကောင်းမွန်သည့်အကျင့်မြတ်ထူးကိုလည်း သင်ပြတော်မူ၏။
ထိုမြတ်စွာဘုရားရှင် အဆုံးအမနှင့်အကျင့်မြတ်တရားတော်တို့ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း၊ အခြားသောအဆင့်အတန်းဇာတ်အသီးသီးမှ သူတို့သည်လည်းကောင်း ကြားနာပေလတ္တံ့။ ထိုသူသည် တရားတော်တို့ကို ကြားနာသောအခါ မြတ်စွာဘုရား ကို အလွန်လေးစားကြည်ညိုကာ မြတ်စွာဘုရားအားလည်း ယုံကြည်သက်ဝင်မှုရှိလေကာ-
အိပ်၊စား၊ကာမနှင့်အလုပ်လုပ်ရခြင်းတို့ဖြင့်ပြည့်နှက်နေသော လူတို့၏ဘောင်နှင့်လူတို့နေထိုင်မှုပုံစံတို့သည် ကျဉ်းမြောင်းကျဉ်းကျပ်လှ၏။ ကိလေသာမြူများဆိုင်းနေသဖြင့်တရားထူးအားမရနိုင်သောနေရာလည်းဖြစ်၏။
လူ့ဘောင်၌နေသူသည် ခရုသင်းကဲ့သို့ စင်ကြယ်ဖြူဖွေးသည့် မြတ်စွာဘုရား၏ အဆုံးအမအကျင့်မြတ်တို့အားကျင့်ကြံရန်မလွယ်ကူပေ။
ထို့ကြောင့် ငါသည် ဆံပင်၊မုတ်ဆိတ်တို့အားပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ကာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူကောင်းလေစွ’
ဟု ဆင်ခြင်ပြီး ထိုသူသည် ဆံပင်၊မုတ်ဆိတ်တို့အားပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်သင်္ကန်းတို့ကိုဝတ်ဆင်ကာ ပစ္စည်းဥစ္စာနှင့်ဆွေမျိုးအနည်းအများတို့အား ပယ်စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝတ်ကာ ပါတိမောက္ခသံဝရမည် သော ဖြူစင်သန့်ရှင်းသောရဟန်းတို့၏အကျင့်သီလကို စောင့်ထိန်းပြီး ကောင်းမြတ်သောအကျင့် နှင့် ကောင်းသောနေရာတို့ အားလည်း ပိုင်ဆိုင်ပြည့်စုံတော်မူ၏။ အနည်းငယ်မျှသောအပြစ်ကိုလည်း ဘေးအန္တရာယ်အဖြစ်ရှုမြင်ပြီးရှောင်ကြဉ်ကာ သိက္ခာပုဒ်သီလတို့အား ဆောက်တည်ကျင့်ကြံ ၏။ ကောင်းသော အလုပ်နှင့်ကောင်းမွန်သည့် အပြောနှင့် ပြည့်စုံသဖြင့် ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုအားလည်း ကျင့်ကြံပြီးသားဖြစ်၏။ ကောင်းမွန်သော သီလနှင့်ပြည့်စုံ၏။ စေ့ပိတ်ထားသော တံခါးကဲ့သို့ ကိုယ်၊နှုတ်၊စိတ်တို့အားလည်း အမြဲဆင်ခြင်၍ထိန်းသိမ်း၏။ အစားအသောက် စားသောက်ရာ၌လည်း အတိုင်းအတာနှင့်သာ စားသောက်၏။ ရသမျှ အစားအဝတ်နှင့်သာ ရောင့်ရဲတင်းတိမ်၏။ တရားအား အမြဲအောက်မေ့ကာသတိတရားထား၍ အမြဲဆင်ခြင်လေ၏။ ”ဟုမိန့်တော်မူ၏။
ထိုဥပမာပြုသောရဟန်း၏ အခြေခံအဆင့်သီလ(စူဠသီလ)
မြတ်စွာဘုရားရှင်-“မင်းကြီး။ ထိုရဟန်းသည် ရဟန်းတို့၏ အခြေခံသီလနှင့်လည်းပြည့်စုံ၏။ အခြေခံသီလဟူသည် အဘယ်သီလတို့နည်းဟူဆိုလျှင် ဤလောက၌ရဟန်းတို့သည် အသက်သတ်ခြင်းကို ပယ်ခွာရှောင်ကြဉ်၍ တုတ်ဓားလက်နက်တို့ကို ကိုင်ဆောင်ရန် ရှက်ကြောက်ရွံ့ပြီးသနား သောကြောင့် မကိုင်ဆောင်ဘဲ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားအား အလိုရှိခြင်းသည် လည်း ရဟန်းတို့၏အခြေခံသီလဖြစ်၏။
ဤလောက၌ရဟန်းတို့သည် မပေးသော ပစ္စည်းအား ယူခြင်းအကျင့်ကို ပယ်ခွာရှောင်ကြဉ်၍ ပေးသောပစ္စည်းကိုသာ ယူ ၍ ပေးလှူသောပစ္စည်းကိုသာ အလိုရှိ၏။ မိမိကိုယ်အား မခိုးမဝှက်၊စင်ကြယ်သောသီလဖြင့်ပြည့်စုံ၏။ ၎င်းလည်း ရဟန်းတို့၏အခြေခံသီလဖြစ်၏။
ဤလောက၌ရဟန်းတို့သည် အသက်သတ်ခြင်းကို ပယ်ခွာရှောင်ကြဉ်၍ တုတ်ဓားလက်နက်တို့ကို ကိုင်ဆောင်ရန် ရှက်ကြောက်ရွံ့ပြီးသနား သောကြောင့် မကိုင်ဆောင်ဘဲ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားအား အလိုရှိခြင်းသည် လည်း ရဟန်းတို့၏အခြေခံသီလဖြစ်၏။
မမြတ်သောအကျင့်အား မကျင့်ဘဲ မြတ်သော အကျင့်အားကျင့်၏။ ယုတ်၍မကောင်းသော မေထုန်အကျင့်အား ရှောင်ကြဉ်ခြင်း သည် လည်း ရဟန်းတို့၏အခြေခံသီလဖြစ်၏။
မှားသောစကားအားရှောင်ကြဉ်၍ မှန်သောစကားကိုသာ အမြဲဆို၏။ တည်ကြည်၍ယုံကြည်ထိုက်သော စကားကိုသာ ဆို၏။ လောကကိုလှည့်စားမှုမပြုခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
ကုန်းတိုက်သောစကားကို ရှောင်ကြဉ်၍ သူခပ်သိမ်းတို့အား စိတ်ဝမ်းကွဲပြားစေခြင်းမပြုဘဲ ညီညွတ်ရေးစကားကို သာအမြဲဆိုပြီး စိတ်ဝမ်းကွဲသူတို့အားလည်း ပြန်လည်ညီညွတ်စေ့စပ်တတ်ခြင်းသည်လည်း ရဟန်းတို့၏ အခြေခံ သီလဖြစ်၏။
ကြမ်းတမ်းသောစကားကို ရှောင်ကြဉ်၍ အပြစ်ကင်း၍နားချမ်းသာကာနှစ်သက်ဖွယ်၊ယဉ်ကျေးဖွယ်၊အများက လည်း နှစ်သက်သည့် စကားကိုသာဆိုခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
အကျိုးမရှိသည့်စကားကို ရှောင်ကြဉ်၍ သင့်တော်သောအခါ၌ အကျိုးရှိပြီး ဟုတ်မှန်၍ တရားနှင့်အဆုံးအမ တို့နှင့် သက်ဆိုင်သောစကားကိုသာ ဆိုခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
မျိုးစေ့အပေါင်း၊အပင်အပေါင်း ချိုးယူဖျက်ဆီးခြင်းအား ရှောင်ကြဉ်ခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
ဆွမ်းတစ်နပ်သာ စားလေ့ရှိပြီး ညစာစားခြင်းအားရှောင်ကြဉ်ခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
ကခြင်း၊သီဆိုခြင်း၊တီးမှုတ်ခြင်း၊ သူတော်ကောင်းတရား၏ ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း၊ပန်းပန်ခြင်း၊နံ့သာခြယ်ခြင်း၊ နံ့သာအရည်လိမ်းခြင်းမှ ရှောင်ကြဉ်ခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
မြင့်မြတ်သောနေရာအားရှောင်ကြဉ်ပြီး နိမ့်သောသင့်တော်သောနေရာ၌ နေထိုင်ခြင်းသည်လည်း ရှောင်ကြဉ်ခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်၏။
ရွှေငွေကို ခံယူခြင်း၊ ပြင်ဆင်ဖြတ်တောက်ခြင်းမပြုရသေးသော အစေ့အဆန် ကို ခံယူခြင်း၊ ခုတ်ထစ်ချက်ပြုတ်ထားခြင်းမရှိသည့် အသားစိမ်းကို ခံယူခြင်း၊ မိန်းမအို မိန်းမပျိုကို အလှူခံခြင်း၊ကျွန်မိန်းမကျွန်ယောကျ်ားကို ခံယူခြင်း ၊ ဆိတ်နှင့် သိုးကို ခံယူခြင်း၊ ကြက် ဝက်ကိုခံယူခြင်း၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်း၊ လယ်နှင့်ယာကိုခံယူခြင်း တို့အား မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းတို့သည်လည်း ရဟန်းတို့၏အခြေခံသီလများဖြစ်၏။
သံတမန်ပြုခြင်း၊ သူတစ်ပါးခိုင်းသော အမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရောင်းအဝယ်လုပ်ငန်းအားမလုပ်ဘဲ ရှောင် ကြဉ်၏၊ ချိန်ခွင်တိုင်းတာရာတွင်လည်း လီဆယ်ခြင်းနှင့် ငွေအသပြာ လိမ်ယူသွားခြင်းအား ရှောင်ကြဉ်ခြင်း၊ လက်ဆောင်ယူခြင်း ၊ လှည့်ဖြားခြင်း ၊ အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းအမှုတို့အား ပြုခြင်းမှရှောင်ကြဉ်ခြင်း၊ ခရီးသွားကုန်သည်များအား ဖမ်းဆီးချုပ်ချယ်ကာ သတ်ဖြတ်ခြင်း၊ ရွာနှင့်မြို့အား ဝင်စီးကာ လုယူ ဖျက်ဆီးခြင်းနှင့် ဓားပြတိုက်ခြင်းမှရှောင်ကြဉ်ခြင်းတို့သည်လည်း ရဟန်းတို့၏ အခြေခံသီလများဖြစ်၏။” ဟူ၍ မိန့်တော်မူ၏။
ထိုရဟန်း၏ အလယ်တန်းအဆင့်သီလ(မဇ္ဈိမသီလ)
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလတို့ဖြင့်ပြည့်စုံတော်မူ၏။ အလယ်တန်းအဆင့်သီလဟူသည်
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်းဟူသော မျိုးစေ့အပေါင်း နှင့် အပင်အပေါင်းကို ဖျက်ဆီးကြ၏။ ရဟန်းတို့သည်ကား ထို အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်းဟူသော မျိုးစေ့အပေါင်း နှင့် အပင်အပေါင်းတို့အား ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဆွမ်းကို သိုမှီးခြင်း အဖျော်ကို သိုမှီးခြင်း အဝတ်ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်းအိပ်ရာကို သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အခြား) စားသုံးဖွယ်ကို သိုမှီးခြင်းတို့အား ပြုလုပ်ကြ၏ ။ ရဟန်းတို့သည်ကား ဆွမ်း၊အဖျော်၊အဝတ်၊ယာဉ်၊အိပ်ရာ၊နံ့သာနှင့် အခြားသရေစာတို့ကို သိုမှီး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် သူတော်ကောင်းတရား၏ ဆူးငြောင့်အဟန့်အတား ဖြစ်သော ကခြင်း၊ သီဆိုခြင်းနှင့် တီးမှုတ်ခြင်းသဘင်ပွဲ၊ စာပေဟောပြောပွဲ၊ လက်ဝါးတီးပွဲ ၊ ကြေးနင်း ခွက်ခွင်းစသည့် တူရိယာများ တီးပွဲ၊ စည်တီးပွဲ ၊ ပန်းချီပြပွဲ ၊ သံလုံးပစ်အားကစားပွဲ၊ ဝါးထောင်၍ကစားရသော ကစားပွဲ၊ အရိုးဆေးပွဲ၊ ဆင်တိုက်ပွဲ၊ မြင်းတိုက်ပွဲ၊ ကျွဲတိုက်ပွဲ နွားတိုက်ပွဲ ၊ ဆိတ်တိုက်ပွဲ ၊ သိုးတိုက်ပွဲ၊ ကြက်တိုက်ပွဲ၊ ငုံးတိုက်ပွဲ ၊ တုတ်သိုင်းပွဲ ၊ လက်ဝှေ့ထိုးပွဲ ၊ လက်ပမ်းလုံးပွဲ၊ စီးချင်းထိုးပွဲ၊ စစ်သည်များအား စစ်ဆေးပွဲ၊ စစ်တိုက်ပွဲ၊ စစ်အခမ်းအနားများပွဲသဘင် စသော ပွဲအမျိုးမျိုးတို့အား ကြည့်ရှု၍ အချိန်ကုန်ကြ၏။ ရဟန်းတို့သည် သူတော်ကောင်းတရား၏ ဆူးငြောင့် အဟန့်အတား ဖြစ်သော ပွဲ အမျိုးမျိုးတို့အား ကြည့်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် သူတော်ကောင်းတရားများအား မေ့လျော့ကြောင်းဖြစ်သော ရှစ်ကွက်ကျားကစားနည်း၊ ဆယ်ကွက်ကျားကစားနည်း၊ ကောင်းကင်ကျားကစားနည်း၊ ဖိုးလမင်းကျားကစားနည်း၊ ဇယ်တောက်ကစားနည်း၊ ကြွေအန်ကစားနည်း၊ ကျည်းသားရိုက်ကစားနည်း၊ စုတ်ခတ်ရေးကစားနည်း ၊ ဂေါ်လီကစားနည်း၊ ပီပီမှုတ်ကစားနည်း၊ ထွန်ငယ်ဖြင့်ကစားနည်း၊ ကျွမ်းထိုးကစားနည်း၊ စကြာဖြင့်ကစားနည်း၊ ခြင်ခွက်ငယ်ဖြင့် ကစားနည်း၊ ရထားငယ်ဖြင့်ကစားနည်း၊ လေးငယ်ဖြင့်ကစားနည်း၊ အက္ခရာဝှက်ကစားနည်း၊ စိတ်အကြံဖော်တမ်းကစားနည်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခု ကျိုးယောင် ကန်းယောင်ပြု၍ ကစားနည်း အစရှိသော လောင်းကစားခြင်းနည်းအမျိုးမျိုးအား ကစားခြင်း၊ လောင်းခြင်းတို့ ပြုလုပ်ကြ၏။ ရဟန်းတို့သည် သူတော်ကောင်းတရား၏ ဆူးငြောင့် အဟန့်အတား ဖြစ်သော အလောင်းကစား အမျိုးမျိုးတို့အားကစားခြင်းမပြုဘဲ ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မြတ်စွာဘုရားရှင် လက်တော်ပမာဏရှစ်သစ်အထက် မြင့်လွန်းသောနေရာနှင့် ပလ္လင်၊ နူးညံ့သည့် အမွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်၍ထူးဆန်းသော သားမွေးအခင်း၊ လွန်စွာဖြူဆွတ်သောသားမွေးအခင်း၊ ပန်းပြောက်များခြယ်သထားသော သားမွေးအခင်း၊ လဲသွတ်အခင်း၊ ရုပ်ပုံခြယ်သားမွေးအခင်း၊ နှစ်ဖက်စလုံးအသားမွေးရှိသည့် အခင်း၊ တစ်ဖက်တည်းသားမွေးရှိသည့် အခင်း၊ ရွှေချည်ထိုးသောအခင်း၊ ပိုးချည်သားအခင်း၊ သားမွေးခင်းကြီး၊ ဆင်ကျောကုန်းပေါ်၌ခင်းသောအနှီး၊ မြင်းကျောကုန်းပေါ်၌ခင်းသောအနှီး၊ ရထားပေါ်၌ခင်းသောအနှီး၊ ကျားသစ်နက်ရေဖြင့်ပြုလုပ်ထားသောအခင်း၊ ဝက်ဝံ့ရေဖြင့် ပြုလုပ်ထားသောအခင်းမြတ်၊ နီသောအရောင်ဖြင့်ခြယ်သထားသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာ အစရှိသော မြင့်သော၊မြတ်သောနေရာများ၌ နေထိုင်ကြပေ၏။ ရဟန်းတို့သည် ထိုမြင့်မြတ်၍နှစ်သက်ဖွယ်သောနေရာများ၌ နေထိုင်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် နံ့သာဖြင့် လိမ်းကျံပွတ်သပ်ခြင်း၊ ဆီဖြင့် နှိပ်နယ်၍ဆုပ်နယ်ခြင်း၊ နံ့သာရေဖြင့် ရေချိုးခြင်း၊ လက်ရုံးကြီးထွားရန် ကစားထုရိုက်ခြင်း ၊ မှန်ကြည့်ခြင်း ၊ မျက်လုံးလှရန် မျက်စဉ်းဆေးခြယ်ခြင်း ၊ ပန်းပန်ခြင်း ၊ နံ့သာခြယ်ခြင်း ၊ နံ့သာပျောင်းလိမ်းကျံခြင်း ၊ မျက်နှာကို ခြယ်ခြင်း ၊ မျက်နှာကို လိမ်းကျံခြင်း ၊ လက်ဝတ်တန်ဆာဆင်ခြင်း ၊ သျှောင်ထုံးခြင်း ၊ လက်ကိုင်တုတ် ဆောင်ခြင်း ၊ ကျည်တောက်လွယ်ခြင်း ၊ သန်လျက်ဆောင်ခြင်း ၊ ဆန်းကြယ်လှပသော ထီးကို ဆောင်းခြင်း ၊ ဆန်း ကြယ်လှပသော ဖိနပ်ကိုစီးခြင်း ၊ ဦးခေါင်း၌ အဆင်တန်ဆာ သင်းကျစ်ဖွဲ့ခြင်း ၊ ပတ္တမြားဆံကျင်ထိုးခြင်း ၊ သားမြီးယပ် ကိုင်ဆောင်ခြင်း ၊ အစအမြိတ်ရှည်သည့် အဝတ်ဖြူ တို့ကို ဝတ်ခြင်းအစရှိသည့် မိမိခန္ဓာကိုယ်အား လှပစေကြောင်း အရာများဖြင့် ပြုလုပ်ပြင်ဆင်ကြ၏။ ရဟန်းတို့သည် မိမိကိုယ်ကို လှပအောင် ပြုလုပ်ပြင်ဆင်ခြင်းအား ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မင်းနှင့်သက်ဆိုင်သောစကား၊ ခိုးသူနှင့်သက်ဆိုင်သောစကား၊ အမတ်ကြီးနှင့် သက်ဆိုင်သောစကား ၊ စစ်သည်နှင့်သက်ဆိုင်သောစကား၊ ကြောက်စရာကောင်းသောစကား၊ စစ်ထိုးခြင်းနှင့်သက်ဆိုင်သောစကား ၊ စားသောက်ဖွယ်တို့နှင့်သက်ဆိုင်သောစကား၊ အဝတ်အထည်နှင့်သက်ဆိုင်သော စကား၊ အိပ်ရာအခင်းအကျင်းနှင့်သက်ဆိုင်သောစကား၊ ပန်းနှင့်သက်ဆိုင်သောစကား၊ နံ့သာ နှင့်သက်ဆိုင်သောစကား၊ ဆွေမျိုးမိတ်ဆွေ နှင့်သက်ဆိုင်သောစကား၊ ယာဉ် နှင့်သက်ဆိုင်သောစကား၊ ရွာ နှင့်သက်ဆိုင်သောစကား၊ နိဂုံး နှင့်သက်ဆိုင်သောစကား၊ မြို့ နှင့်သက်ဆိုင်သောစကား၊ နယ် နှင့်သက်ဆိုင်သောစကား၊ မိန်းမတို့ နှင့်သက်ဆိုင်သောစကား၊ ယောကျ်ား နှင့်သက်ဆိုင်သောစကား၊ သူရဲကောင်း နှင့်သက်ဆိုင်သောစကား၊ လမ်း နှင့်သက်ဆိုင်သောစကား၊ ရေခပ်ဆိပ် နှင့်သက်ဆိုင်သောစကား၊ သေလွန်သူ နှင့်သက်ဆိုင်သောစကား၊ အထွေထွေ နှင့်သက်ဆိုင်သောစကား၊ လောကအကြောင်းနှင့်သက်ဆိုင်သောစကား၊ သမုဒ္ဒရာအကြောင်း နှင့်သက်ဆိုင်သောစကား၊ ကြီးပွားခြင်း ဆုတ်ယုတ်ခြင်း နှင့်သက်ဆိုင်သောစကား တို့တည်းဟူသော တရားနှင့်မသက်မဆိုင်ဆန့်ကျင်သောစကားကို ပြော၏။ ရဟန်းတို့သည် တရားနှင့်မသက်ဆိုင်ဘဲ တရားအားလည်းဆန့်ကျင်သော စကားအား မပြောမဆိုဘဲ ရှောင်ကြဉ်ကြ၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် အချင်းချင်း သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မနှင့် ဝိနယ တို့ကို အဘယ်သို့ သိနိုင်မည်နည်း၊ သင်သည် မှားသောအကျင့်အားကျင့်သူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ကျင့် သူဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်မှန်ကန်၏၊ သင်၏ စကားသည် မစေ့စပ်မှန်ကန်ခြင်းမရှိ၊ သင်သည် အရင်ပြောသင့်သည်ကိုနောက်မှ ပြော၏၊ နောက်မှ ပြောသင့်သည်ကို နောက်မှပြော၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် သင့်အား ပြန်လည်ပတ်ရှုပ်နေလေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါ တင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ ငါ တင်ပြသော အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍စွမ်းနိုင်လျှင်လည်း ယခုပင်ချက်ချင်း ဖြေရှင်းလော့၊ ဟူ၍ အတိုက်အခံအငြင်းစကားအားဆိုကြ၏။ ရဟန်းတို့သည် အတိုက်အခံအငြင်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် သုံးဆောင်ကြပြီးလျှင် ဘုရင်၊ ဘုရင့်အမျိုး၊ အမတ်၊ ပုဏ္ဏား၊ သူကြွယ် အမျိုးများ နှင့် တိုင်းပြည်၏သံတမန်အလုပ်၊ သူတစ်ပါးအခိုင်းအစေအလုပ်အားထမ်းဆောင်ပြီး ထိုသူတို့၏ ဤအရပ်မှ (ထိုအရပ်သို့) သွားလော့၊ ထိုအရပ်မှ ဤအရပ်သို့ လာလော့၊ ဤပစ္စည်းကို ဤအရပ်မှ ဆောင်သွားလော့၊ ဤပစ္စည်းကို ထိုအရပ်မှ ဆောင်ခဲ့လော့ဟူသော အမှုတို့အားလုပ်ဆောင်၍ဝန်ဆောင်မှုပေးကြ၏။ ရဟန်းတို့သည် ဤသို့ သံတမန်အခိုင်းအစေအား မလုပ်မကိုင်ဘဲ ရှောင်ကြဉ်ကြကုန်၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် သုံးဆောင်ကြပြီးလျှင် မိမိ၏လာဘ်လာဘချမ်းသာအတွက် အံ့ဖွယ်သောအရာအား ပြုလုပ်ဖန်ဆင်းကုန်ကြ၏။ မိမိ၏ လာဘ်လာဘချမ်းသာအတွက် မြှောက်ပင့်၍လည်း ပြောကုန်၏၊ မိမိ၏ လာဘ်လာဘချမ်းသာအတွက် အရိပ်အခြည်လည်း ပြကုန်၏၊ မိမိ၏ လာဘ်ချမ်းသာအတွက် အနိုင်ကျင့်၍ အတင်းအကျပ်လည်း ပြုကုန်၏၊ အရောင်းအဝယ်ဖြင့်လည်း မိမိ၏လာဘ်ကိုလည်း ရှာမှီးကုန်၏၊ ဟူ၍ မိမိ လာဘ်လာဘရရှိစေရန် ဤသို့ကြံရွယ်ကာ ပြုလုပ်ကြ၏။ ရဟန်းတို့သည် မိမိ၏လာဘ်လာဘအတွက် နည်းလမ်းမျိုးစုံအား မသုံးဘဲ ကြည်ညိုသောကြောင့် လှူသည့်ပစ္စည်းကိုသာ လက်ခံခြင်းဖြင့် ရှောင်ကြဉ်၏။ ဤသည်ကား ရဟန်းတို့၏ အလယ်တန်းအဆင့်ရှိသော သီလပေတည်း။” ဟူ၍ မိန့်တော်မူလေ၏။
အလယ်တန်းအဆင့်ရဟန်းသီလသည်ပြီး၏။
ရဟန်းတို့၏အထက်တန်းအဆင့်သီလ(မဟာသီလ)
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် ရဟန်းတို့၏မြင့်မြတ်ဆုံးသောအဆင့်ရှိသည့်သီလတို့ဖြင့်လည်း ပြည့်စုံတော်မူ၏။
အချို့သော သမဏဗြာဟ္မဏတို့သည် အများက ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် သုံးဆောင်ကြပြီးလျှင် တရားအားထုတ်ခြင်းနှင့်မသက်ဆိုင်သည့် မှားသော အသက်မွေးမှုများ ဖြစ်သည့် ရုပ်အဆင်းအား နိမိတ်ခြင်းအတတ်၊ နိမိတ်ဖတ်ခြင်းအတတ်၊ သဘာဝဘေးများအားနိမိတ်ဖတ်ဟောကြားသည့်ဥပ္ပါတအတတ်၊ အိပ်မက်နိမိတ်ဖတ်ခြင်းအတတ်၊ လက္ခဏာနိမိတ်ဖတ်ခြင်းအတတ် ၊ ကြွက်ကိုက်နိမိတ်ဖတ်ခြင်းအတတ်၊ မီးပူဇော်ခြင်းအတတ်၊ ယောက်မဖြင့်ပူဇော်ခြင်းအတတ် ၊ အင်္ဂဝိဇ္ဇာအတတ်၊ မြေနိမိတ်ဖတ်အတတ်၊ နိုင်ငံရေးအတတ်၊
ဘေးငြိမ်းအောင်ပြုလုပ်သောအတတ်၊ ဖုတ်တစ္ဆေအတတ်၊ မြေအိမ်၌သင်ယူရသောအတတ်၊ မြွေအတတ်၊ အဆိပ်ရှိသောကင်းမြီးကောက်အတတ်၊ ကြွက်အဆိပ်အားကုသောအတတ်၊ ငှက်သံစကားအတတ်၊ ကျီးသံစကားအတတ်၊ အသက်အတိုင်းအတာအားဟောရန်အတတ်၊ မြားပစ်သောအခါ လွဲစေသောအတတ်၊ သားမြည်သံနိမိတ်အတတ်၊ ကျောက်မျက်လက္ခဏာဖတ်ခြင်းအတတ်၊ အဝတ်အထည်လက္ခဏာဖတ်ခြင်းအတတ်၊ တုတ်တောင်ဝှေးလက္ခဏာဖတ်ခြင်းအတတ်၊ ဓားလက္ခဏာ ဖတ်ခြင်းအတတ်၊
သန်လျက်လက္ခဏာဖတ်ခြင်းအတတ်၊ မြားလက္ခဏာလေးလက္ခဏာဖတ်ခြင်းအတတ်၊ အခြားသော လက်နက် ဖတ်ခြင်းလက္ခဏာ၊ မိန်းမလက္ခဏာဖတ်ခြင်းအတတ်၊ ယောကျ်ားလက္ခဏာဖတ်ခြင်းအတတ်၊ လက်ထပ်မည့်သတို့သားလက္ခဏာဖတ်ခြင်းအတတ်၊ လက်ထပ်မည့်သတို့သမီးလက္ခဏာဖတ်ခြင်းအတတ်၊ ကျွန် ယောကျ်ားလက္ခဏာဖတ်ခြင်းအတတ်၊ ကျွန်မိန်းမလက္ခဏာဖတ်ခြင်းအတတ်၊ ဆင်လက္ခဏာဖတ်ခြင်းအတတ်၊ မြင်းလက္ခဏာဖတ်ခြင်းအတတ်၊ ကျွဲလက္ခဏာဖတ်ခြင်းအတတ်၊ နွားလား လက္ခဏာ ဖတ်ခြင်းအတတ်၊
နွားလက္ခဏာဖတ်ခြင်းအတတ်၊ ဆိတ်လက္ခဏာဖတ်ခြင်းအတတ်၊ သိုးလက္ခဏာဖတ်ခြင်းအတတ်၊ ကြက်လက္ခဏာဖတ်ခြင်းအတတ်၊ ငုံးလက္ခဏာဖတ်ခြင်းအတတ်၊ ဖွတ်လက္ခဏာဖတ်ခြင်းအတတ်၊ သမင်(သို့မဟုတ်)ဒရယ်(သို့မဟုတ်)ကြံ့ တို့၏ လက္ခဏာဖတ်ခြင်းအတတ်၊ လိပ်လက္ခဏာဖတ်ခြင်းအတတ်၊ သားကောင်လက္ခဏာဖတ်ခြင်းအတတ်၊ ဘုရင်မင်းတို့ စစ်ထွက်လတ္တံ့ဟုနိမိတ်ဖတ်ခြင်းအတတ် ၊ ဘုရင်မင်းတို့ စစ် ပြန်လာလတ္တံ့ဟု နိမိတ်ဖတ်ခြင်းအတတ်၊ ပြည်တွင်းမင်းတို့ စစ် ချီတက်လေလတ္တံ့ဟု နိမိတ်ဖတ်ခြင်းအတတ်၊၊ ပြည်ပမင်းတို့ စစ် ဆုတ်လတ္တံ့ဟု နိမိတ်ဖတ်ခြင်းအတတ်၊ ပြည်ပမင်းတို့ စစ် ချီတက်လတ္တံ့ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ပြည်တွင်းမင်းတို့ စစ် ဆုတ်လတ္တံ့ဟု နိမိတ်ဖတ်ခြင်းအတတ် ၊
ပြည်တွင်းမင်းတို့ စစ် အောင်လတ္တံ့ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ပြည်ပမင်းတို့ စစ် ရှုံးလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ပြည်ပမင်းတို့ စစ် အောင်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ပြည်တွင်းမင်းတို့ စစ် ရှုံးလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ဤသို့ ဤမင်း စစ်နိုင်လတ္တံ့နှင့် ဤမင်း စစ်ရှုံးလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လကြတ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ နေကြတ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ နက္ခတ်ကြတ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လနေတို့ လမ်းမှန်သွားလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လနေတို့ လမ်းလွဲသွားလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ နက္ခတ်တို့ လမ်းမှန် သွားလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ နက္ခတ်တို့ လမ်းလွဲသွားလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ဥက္ကာကျလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ကြိတ်ထွက်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ငလျင်လှုပ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ မိုးထစ်ကြိုးလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လ နေ နက္ခတ်တို့ တက်ခြင်း ဟု နိမိတ်ဖတ်ခြင်းအတတ်၊ လ နေ နက္ခတ်သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လကြတ်ခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊
နေကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ နက္ခတ်ကြတ်ခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လနေတို့ လမ်းမှန် သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လ နေ တို့လမ်းလွဲ သွားခြင်းကြောင့် နက္ခတ်တို့ လမ်းမှန်သွားခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ နက္ခတ်တို့ လမ်းလွဲသွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ဥက္ကာကျခြင်းကြောင့် ဤသို့ အကျိုးဖြစ် လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊
ကြိတ်ထွက်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ငလျင် လှုပ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ မိုးထစ် ကြိုးခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လ နေ နက္ခတ်တို့ တက်ခြင်းသက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ မိုးကောင်းလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ မိုးခေါင်လတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ဝပြောလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ခေါင်းပါးလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ငြိမ်းချမ်းလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ဘေးများလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ရောဂါများလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ ရောဂါကင်းလတ္တံ့ ဟု နိမိတ်ဖတ်ခြင်းအတတ် ၊ လက်ချိုးရေခြင်းအတတ်
ဂဏန်းအတတ်၊ သင်္ချာအတတ်၊ ကဗျာအတတ်၊ လောကာယတကျမ်းပညာအတတ်၊ သတို့သမီးဆောင်ယူ၍ ထိမ်းမြားခြင်း ပညာအတတ်၊ သတို့သမီးပေး၍ထိမ်းမြားခြင်း ပညာအတတ်၊ စေ့စပ်ပေးခြင်း ပညာအတတ်၊ ကွာရှင်းပေးခြင်း ပညာအတတ်၊ ဥစ္စာသိမ်းဆည်းစေခြင်း ပညာအတတ်၊ ဥစ္စာဖြန့်ဖြူးစေခြင်း ပညာအတတ်၊ ကျက်သရေတိုးစေခြင်း ပညာအတတ်၊ ကျက်သရေယုတ်စေခြင်း ပညာအတတ်၊ ကိုယ်ဝန်မတည်မြဲသည်ကို တည်မြဲစေခြင်း ပညာအတတ်၊ လျှာခိုင်စေခြင်း ပညာအတတ်၊ မေးခိုင်စေခြင်း ပညာအတတ်၊ လက်ဟန့်မန္တန်စုတ်ခြင်း ပညာအတတ်၊ နားပင်းမန္တန်စုတ်ခြင်း ပညာအတတ်၊ မှန်၌ နတ်သွင်း၍ မေးခြင်း ပညာအတတ်၊ သတို့သမီး၌ နတ်သွင်း၍ မေးခြင်း ပညာအတတ်၊ နတ်မေးခြင်း ပညာအတတ်၊ နေကို လုပ်ကျွေးခြင်း ပညာအတတ်၊ ဗြဟ္မာကို လုပ်ကျွေးခြင်း ပညာအတတ်၊ ခံတွင်းမှ မီးတောက်စေခြင်း ပညာအတတ်၊ သိရိနတ်သမီးကို ပင့်ခေါ်စေခြင်း ပညာအတတ်၊ နတ်ကိုးခြင်း ပညာအတတ်၊ တောင်းဆုပြည့်၍ နတ်ပူဇော်ခြင် ပညာအတတ်၊ ဖုတ်တစ္ဆေ ပညာအတတ်၊ မြေအိမ်၌နေ၍ သင်အပ်သော ပညာအတတ်၊ ပဏ္ဍုက်ကို ယောကျ်ား ဖြစ်စေခြင်း ပညာအတတ်၊ ယောကျ်ားကို ပဏ္ဍုက်ဖြစ်စေခြင်း ပညာအတတ်၊ မြေကြန်အတတ်ကို လေ့ကျင့်ခြင်း ပညာအတတ်၊ ဆောက်လုပ်မည့် မြေရာ၌ အစီအရင်ပြုခြင်း ပညာအတတ်၊ ခံတွင်းဆေးခြင်း ပညာအတတ်၊
ရေချိုးစေခြင်း ပညာအတတ်၊ မီးပူဇော်ခြင်း ပညာအတတ်၊ ပျို့အန်စေခြင်း ပညာအတတ်၊ ဝမ်းလျှောစေခြင်း ပညာအတတ်၊ သလိပ်အစရှိသည့် အညစ်အကြေးများကို အထက်သို့ လှန်စေခြင်းနှင့် အောက်သို့လျှောစေခြင်း ပညာအတတ်၊ ဦးခေါင်းမှ သွေးစသော အညစ်အကြေးတို့ကို ထွက်စေခြင်း ပညာအတတ်၊ နားဆီပြုလုပ်ချက်လုပ်ခြင်း ပညာအတတ်၊ မျက်စဉ်းဆီချက်လုပ်ခြင်း ပညာအတတ်၊ နှာနှတ်ခြင်း ပညာအတတ်၊ ထက်သော မျက်စဉ်း ဆေးဖော်ခြင်း ပညာအတတ်၊ အေးသော မျက်စဉ်းဆေးဖော်ခြင်း ပညာအတတ်၊
တိမ်သလာကို ဆေးကုခြင်း ပညာအတတ်၊ ခွဲစိတ်ကုသခြင်း ပညာအတတ်၊ သူငယ်နာ ဆေးကုခြင်း ပညာအတတ်၊ ဆေးပေးခြင်း ပညာအတတ်၊ အနာ အား ဆေးတို့ဖြင့် ကပ်ခြင်းနှင့် ခွာခြင်း ပညာအတတ်အစရှိသော ပညာအတတ်အလုံးစုံတို့အား ပြုလုပ်၍ အသက်မွေးဝမ်းကြောင်း၏။ ရဟန်းတို့သည် ဆိုအပ်ခဲ့ပြီးသောအတတ်ပညာတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းမရှိဘဲ ရှောင်ကြဉ်ကြကုန်၏။ ဤသည်မှာ ရဟန်းတို့၏ အထက်တန်းအဆင့်သီလပင်ဖြစ်၏။”ဟူ၍ မိန့်တော်မူပြီးနောက်
သီလအဆင့်သုံးဆင့်အားကျင့်ကြံအောင်မြင်ပြီးသော ရဟန်းရရှိအပ်သော အကျိုးကျေးဇူး
မြတ်စွာဘုရား-“မင်းကြီး။ ဤဆိုအပ်ခဲ့ပြီးသော သီလအဆင့်သုံးဆင့်အား စောင့်ထိန်းအောင်မြင်ပြီးသော ရဟန်းသည် ရန်သူများအားနှိမ်နင်းအောင်မြင်ပြီးသည့် အထိမ်းအမှတ်အနေဖြင့် ဘိသိက်ရေအစုံသွန်းလောင်းအပူဇော်ခံရသော မင်းအား မည်သို့သော ရန်သူများက မရင်ဆိုင်ရဲသကဲ့သို့ သီလစောင့်ထိန်းခြင်းနှင့်ပတ်သက်၍လည်း ထိုရဟန်းသည် မည်သို့သော ဘေးအန္တရာယ်မှ မကျရောက်မမြင်မတွေ့နိုင်သည့်အပြင် မိမိစိတ်နှလုံးသန္တာန်၌လည်း အပြစ်ကင်းနေသောမိမိ၏ဖြစ်အင်အား ကျေနပ်အားရ၍ဝမ်းသာခြင်းတည်းဟူသော ပီတီချမ်းသာအားလည်းခံစားရ၏။ မင်းကြီး ထိုရဟန်းသည် ဤသို့သော အဆင့်သုံးဆင့်ရှိသောသီလတို့အား ကျင့်ကြံအောင်မြင်ပြီးပြည့်စုံနေ၏” ဟု မိန့်တော်မူ၏။
ရဟန်းတို့၏အထက်တန်းအဆင့်သီလကဏ္ဍပြီးဆုံး၏။
ဣန္ဒြေကို စောင့်စည်းခြင်း
မြတ်စွာဘုရား-“မင်းကြီး ထိုရဟန်းသည် ပိတ်ထားသော တံခါးသကဲ့သို့ ကိုယ်စိတ်နှလုံးတည်းဟူသော ဣန္ဒြေတို့ကို စောင့်စည်းသနည်း ဟုဆိုလျှင် ဤလောက၌ ရဟန်းတို့သည် မျက်စိဖြင့် ခန္ဓာကိုယ်တစ်စုံတစ်ရာ၏ ရုပ်အဆင်း 'ရူပါရုံ' ကိုမြင်လျှင် မိန်းမ ယောကျ်ားစသော သဏ္ဌာန်နိမိတ်ကို သေချာကြည့်ရှု၍တွေးခြင်းမရှိ ၊ လက်ခြေစသော အစိတ်အပိုင်းတို့ဖြင့်ဖွဲ့စည်းထားသော ထိုကိုယ်ခန္ဓာ၏ ပြုံးဟန်ရယ်ဟန်စသော အမူအရာ အမှတ်လက္ခဏာကို သေချာကြည့်ရှုကာဆန်းစစ်ခြင်းမရှိပေ။ အကယ်၍ အမြင်အာရုံကို မစောင့်စည်းဘဲသေချာကြည့်ရှုမိလေ လျှင် မက်မောလိုချင်ခြင်း၊ လွန်စွာလိုချင်သဖြင့် နှလုံး မသာခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူ၏ စိတ်နှလုံးကိုလိုက်၍ ပင်ပန်းအောင် နှိပ်စက် ကုန်၏၊ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့၏အမြင်အာရုံကို စောင့်စည်းရန်အတွက် ကြိုးစား၏။စောင့်စည်းလည်းစောင့်စည်းနိုင်၏။ စောင့်စည်းခြင်းအားလည်း ပြည့်စုံခိုင်မြဲနိုင်အောင်လည်း စောင့်စည်း၏။
နားဖြင့် ခန္ဓာကိုယ်တစ်စုံတစ်ရာ၏ အသံ ကို ကြားလျှင် မိန်းမ ယောကျ်ားစသော အသံနိမိတ်ကို သေချာတွေးခြင်းမရှိ ၊ ထိုကိုယ်ခန္ဓာ၏ ပြုံးသံရယ်သံစသော အသံ အမှတ်လက္ခဏာကို သေချာကြည့်ရှုကာဆန်းစစ်ခြင်းမရှိပေ။ အကယ်၍ အသံအာရုံကို မစောင့်စည်းဘဲသေချာဆန်းစစ်မိလေ လျှင် မက်မောလိုချင်ခြင်း၊ လွန်စွာလိုချင်သဖြင့် နှလုံး မသာခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူ၏ စိတ်နှလုံးကိုလိုက်၍ ပင်ပန်းအောင် နှိပ်စက် ကုန်၏၊ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့၏အသံအာရုံကို စောင့်စည်းရန်အတွက် ကြိုးစား၏။စောင့်စည်းလည်းစောင့်စည်းနိုင်၏။ စောင့်စည်းခြင်းအားလည်း ပြည့်စုံခိုင်မြဲနိုင်အောင်လည်း စောင့်စည်း၏။
နှာခေါင်းဖြင့် ခန္ဓာကိုယ်တစ်စုံတစ်ရာ၏အနံ့ ကို ရှုမိလျှင် မိန်းမ ယောကျ်ားစသော အနံ့နိမိတ်ကို သေချာတွေးခြင်းမရှိ ၊ ထိုကိုယ်ခန္ဓာ၏ အနံ့ အမှတ်လက္ခဏာကို သေချာကြည့်ရှုကာဆန်းစစ်ခြင်းမရှိပေ။ အကယ်၍ အနံ့အာရုံကို မစောင့်စည်းဘဲသေချာဆန်းစစ်မိလေ လျှင် မက်မောလိုချင်ခြင်း၊ လွန်စွာလိုချင်သဖြင့် နှလုံး မသာခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူ၏ စိတ်နှလုံးကိုလိုက်၍ ပင်ပန်းအောင် နှိပ်စက် ကုန်၏၊ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့၏အနံ့အာရုံကို စောင့်စည်းရန်အတွက် ကြိုးစား၏။စောင့်စည်းလည်းစောင့်စည်းနိုင်၏။ စောင့်စည်းခြင်းအားလည်း ပြည့်စုံခိုင်မြဲနိုင်အောင်လည်း စောင့်စည်း၏။
လျှာဖြင့် အစားအစာ၏ အရသာ ကို လျက်မိလျှင် ထိုအစားအစာ၏ အရသာနိမိတ်ကို သေချာတွေးခြင်းမရှိ၊ ထိုအစားအစာ၏ အရသာအမှတ်လက္ခဏာ အမှတ်လက္ခဏာကို သေချာကြည့်ရှုကာဆန်းစစ်ခြင်းမရှိပေ။ အကယ်၍ အရသာအာရုံကို မစောင့်စည်းဘဲသေချာဆန်းစစ်မိလေ လျှင် မက်မောလိုချင်ခြင်း၊ လွန်စွာလိုချင်သဖြင့် နှလုံး မသာခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူ၏ စိတ်နှလုံးကိုလိုက်၍ ပင်ပန်းအောင် နှိပ်စက် ကုန်၏၊ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့၏အရသာအာရုံကို စောင့်စည်းရန်အတွက် ကြိုးစား၏။စောင့်စည်းလည်းစောင့်စည်းနိုင်၏။ စောင့်စည်းခြင်းအားလည်း ပြည့်စုံခိုင်မြဲနိုင်အောင်လည်း စောင့်စည်း၏။
ကိုယ်ဖြင့် ခန္ဓာကိုယ်တစ်စုံတစ်ရာ၏ အတွေ့အထိကို ထိမိလျှင် မိန်းမ ယောကျ်ားစသော အတွေ့အထိနိမိတ်ကို သေချာတွေးခြင်းမရှိ ၊ ထိုကိုယ်ခန္ဓာ၏ အတွေ့အထိ အမှတ်လက္ခဏာကို သေချာကြည့်ရှုကာဆန်းစစ်ခြင်းမရှိပေ။ အကယ်၍ အတွေ့အထိအာရုံကို မစောင့်စည်းဘဲသေချာဆန်းစစ်မိလေ လျှင် မက်မောလိုချင်ခြင်း၊ လွန်စွာလိုချင်သဖြင့် နှလုံး မသာခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူ၏ စိတ်နှလုံးကိုလိုက်၍ ပင်ပန်းအောင် နှိပ်စက် ကုန်၏၊ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့၏အတွေအထိအာရုံကို စောင့်စည်းရန်အတွက် ကြိုးစား၏။စောင့်စည်းလည်းစောင့်စည်းနိုင်၏။ စောင့်စည်းခြင်းအားလည်း ပြည့်စုံခိုင်မြဲနိုင်အောင်လည်း စောင့်စည်း၏။
စိတ်ဖြင့် ခန္ဓာကိုယ်တစ်စုံတစ်ရာ၏ သဘောထား ကို သိသော် မိန်းမ ယောကျ်ားစသော ပုံသဏ္ဌာန်နိမိတ်ကို သေချာတွေးခြင်းမရှိ ၊ ထိုကိုယ်ခန္ဓာ၏ စိတ်သဘောအမှတ်လက္ခဏာကို သေချာကြည့်ရှုကာဆန်းစစ်ခြင်းမရှိပေ။ အကယ်၍ စိတ်အာရုံကို မစောင့်စည်းဘဲသေချာတွေးမိလေ လျှင် မက်မောလိုချင်ခြင်း၊ လွန်စွာလိုချင်သဖြင့် နှလုံး မသာခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူ၏ စိတ်နှလုံးကိုလိုက်၍ ပင်ပန်းအောင် နှိပ်စက် ကုန်၏၊ ထို့ကြောင့် ရဟန်းတို့သည် မိမိတို့၏စိတ်အာရုံကို စောင့်စည်းရန်အတွက် ကြိုးစား၏။စောင့်စည်းလည်းစောင့်စည်းနိုင်၏။ စောင့်စည်းခြင်းအားလည်း ပြည့်စုံခိုင်မြဲနိုင်အောင်လည်း စောင့်စည်း၏။”ဟုမိန့်တော်မူ၏။
ထိုရဟန်း၏ကိုယ်၊စိတ်နှလုံးတို့အားတည်ငြိမ်စွာစောင့်ထိန်းခြင်းရရှိသောအကျိုးကျေးဇူး
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် ဤဆိုခဲ့ပြီးသော အလွန်မြင့်မြတ်သည့် အမြင်၊အကြား၊အနံ့အရသာ၊အတွေ့အထိနှင့်စိတ်တို့အား စောင့်ထိန်းခြင်းတို့နှင့် ပြည့်စုံသည်ဖြစ်၍ မိမိ၏စိတ်နှလုံးသဘောထားအတွင်း၌ ကိလေသာတရားမနှောင့်ယှက်မပါဝင်မရောနှောသော ပျော်ရွှင်ချမ်းသာမှုအားခံစားရ၏။ ထိုရဟန်း၌ ပိတ်ထားသောတံခါးတို့ကဲ့သို့ လုံခြုံတည်ငြိမ်၍ ပြည့်စုံသော ကိုယ်စိတ်နှလုံးအား စောင့်ထိန်းမှုကို စောင့်ထိန်းနေလျက်ရှိပေ၏” ဟု မိန့်တော်မူ၏။
အောက်မေ့ခြင်းနှင့် ဆင်ခြင်ခြင်း(သတိနှင့်သမ္ဗဇဉ်)
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် တရားအား အောက်မေ့ဆင်ခြင်မှုနှင့်ပြည့်စုံစွာရှုမှတ်၏။ အဘယ်သို့ရှုမှတ်လေသနည်းဟုဆိုလေလျှင် ဤသာသနာ၌ ရဟန်းတို့သည် ခြေဖြင့် ရှေ့သို့လှမ်းရာတွင်လည်းကောင်း၊ နောက်သို့ဆုတ်ရာတွင်လည်းကောင်း၊ ရှေ့သို့တည့်တည့်ကြည့်ရာတွင်လည်းကောင်း၊ ဘေးသို့ကြည့်ရာတွင်လည်းကောင်း၊ ခန္ဓာကိုယ်အကွေ့အဆန့်ပြုရာတွင်လည်းကောင်း၊ မိမိတို့၏ သင်းပိုင် သပိတ် သင်္ကန်းတို့ကို ဆောင်ရာတွင်လည်းကောင်း၊ စားသောက်ခြင်းပြုရာတွင်လည်းကောင်း၊ အစားအစာအား ဝါးရာတွင်လည်းကောင်း၊ အစားအစာအား လျက်ရာတွင်လည်းကောင်း၊ ကျင်ကြီးကျင်ငယ်စွန့်ရာတွင်လည်းကောင်း၊ သွားလေရာအရပ်၊ ရပ်သောနေရာ၊ ထိုင်သောနေရာ၊ အိပ်သောနေရာ၊ နိုးသောနေရာ ၊ ပြောဆိုသောနေရာ၊ တိတ်ဆိတ်သောနေရာတို့တွင်လည်းကောင်း မည်သည့်နေရာ၌မဆိုတရားအား နှလုံးသွင်း၍ အောက်မေ့ဆင်ခြင်မှုနှင့်ပြည့်စုံစွာရှုမှတ်ခြင်းပင်ဖြစ်ပေ၏” ဟုမိန့်တော်မူ၏။
ရောင့်ရဲလွယ်ခြင်း
မြတ်စွာဘုရား-“မင်းကြီး။ ဤသာသနာတော်၌ ရဟန်းတို့သည် ကိုယ်ကို မျှတစေနိုင်ရုံသာရှိသည့် သင်္ကန်း၊ ဝမ်းကိုမျှတစေနိုင်ရုံသာရှိသည့် ဆွမ်းတို့ဖြင့် ရောင့်ရဲတင်းတိမ်နိုင်ကြ၏။ ရဟန်းတို့သည် သွားလေရာရာသို့ သွားရာ၌ သယ်စရာ ပရိက္ခရာမျှသာ ရှိသဖြင့်တစ်ပါတည်း အတူယူပြီးဖြစ်၍ ပေါ့ပါးစွာသွားရုံပင်ဖြစ်၏၊ အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာဝန်ရှိသည်ဖြစ်၍ ပေါ့ပါးစွာပျံနိုင်သကဲ့သို့ ဤအတူ ထို ရဟန်းသည်လည်း ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ သွားရာ၌ သယ်စရာ ပရိက္ခရာမျှသာ ရှိသဖြင့်တစ်ပါတည်း အတူယူပြီးဖြစ်၍ ပေါ့ပါးစွာသွားရုံပင်ဖြစ်၏”ဟု မိန့်တော်မူ၏။
သမာဓိကဏ္ဍပြီး၏။
နီဝရဏတရားများကင်းစင်ခြင်း
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် ဆိုအပ်ပြီးသော မြင့်မြတ်သည့် သီလများ၊ ဣန္ဒြေများ ၊ သတိသမ္ဗဇဉ် ၊ ရောင့်ရဲခြင်း တို့နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်း ၊အိပ်ရာ ၊ တော ၊သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်ခေါင်း၊ သချိုင်း၊ တောအုပ်၊ လွင်ပြင် နှင့် ကောက်ရိုးပုံ တို့ကို မှီဝဲ၍နေထိုင်၏။
ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထယ်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှူ သေချာသတိထားလျက် တရားကို ဆင်ခြင်ကာ အဘိဇ္ဈာတည်းဟူသောလောကအား တပ်မက်ခြင်းစိတ်ကိုပယ်၍ တပ်မက်စွဲလန်းခြင်း ကင်းသောစိတ်ကိုဖြစ်စေခြင်းဖြင့်လည်းကောင်း ၊ ဒေါသတည်းဟူသော ပျက်စီးခြင်းစိတ်ကိုပယ်၍သတ္တဝါတို့၏ကောင်းကျိုးကိုလိုလားသောစိတ်ကိုဖြစ်စေခြင်းဖြင့်လည်းကောင်း၊ ထိနမိဒ္ဓတည်းဟူသော လေးလံထိုင်းမှိုင်းခြင်းကိုပယ်၍တက်ကြွသောစိတ်ကိုဖြစ်စေဖြင့်လည်းကောင်း၊ ဥဒ္ဓစ္စတည်းဟူသောပျံ့လွင်ခြင်းကိုပယ်၍ တည်ကြည်သောစိတ်ကိုဖြစ်စေခြင့်လည်းကောင်း၊ ကုက္ကုစ္စတည်းဟူသောနောင်တဖြစ်၍ တစ်ဖန်ပူပန်ခြင်းကိုပယ်၍အေးချမ်းသောစိတ်ကိုဖြစ်စေခြင်းဖြင့် လည်းကောင်း၊ ဝိစိကိစ္စာတည်းဟူသော ကုသိုလ်တရားများ၌ယုံမှားသံသယဖြစ်ခြင်းကိုပယ်၍ ကုသိုလ်တရားအားယုံကြည်သောစိတ်ကိုဖြစ်စေခြင်းဖြင့်လည်းကောင်း စိတ်ကိုတည်ငြိမ်အေးချမ်းစင်ကြယ်စွာထား၏။
အရင်းအနှီးမရှိ၍အကြွေးယူကာအလုပ်လုပ်ပြီး သားမယားတို့အား ထောက်ပံ့ရသောယောကျာ်းသည် သူ၏အကြွေးများ အားကုန်ဆုံးအောင်ဆပ်ပြီး၍ ချမ်းသာသော အခါ “ငါ့တွင်ကြွေးမြီးများကုန်ဆုံးလေပြီ”၍လွန်စွာမှဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။
အနာရောဂါနှိပ်စက်သောကြောင့် ထမင်းမစားနိုင်။ထမင်းမစားနိုင်သောကြောင့်အားမရှိ၍ မကျန်းမမာဖြစ်နေသောသူသည် အနာရောဂါပျောက်ကင်းကာထမင်းစားပြီးပြန်လည်ကျန်းမာသောအခါ “ငါသည်ကျန်းမာလေပြီ”ဟူ၍ လွန်စွာမှဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။
အချုပ်ခန်း၌အချုပ်ခံရသောယောကျာ်းသည် အချုပ်ခန်းမှ အန္တရာယ်ကင်းကင်းဖြင့် ပိုင်ဆိုင်သောစည်းစိမ်အနည်းငယ်မျှလည်း ပျက်စီးခြင်းမရှိဘဲ ချမ်းသာစွာလွတ်မြောက်သောအခါ “ငါသည်အချုပ်မှလွတ်မြောက်လေပြီ”ဟူ၍လွန်စွာမှဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။
မိမိကိုယ်ကို မိမိမပိုင်သော သူတစ်ပါး၏ကျွန်ယောကျာ်းသည် ကျွန်အဖြစ်မှလွတ်မြောက်သောအခါ “ငါသည်မိမိကိုယ်ကိုပိုင်သောသူဖြစ်လေပြီ”ဟူ၍ လွန်စွာမှ ဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။
အစာရေစာရှားပါးသည့်ခရီးလမ်းကို ပင်ပန်းစွာဖြင့် ပစ္စည်းဥစ္စာများကိုသယ်ပိုး၍ ခက်ခဲပင်ပန်းစွာဖြတ်သန်းရသော ယောကျာ်းသည် အေးချမ်း၍ အစာရေစာပေါများသောရွာတစ်ရွာကိုရောက်သောအခါ “ငါသည်အေးချမ်းသောနေရာသို့ရောက်လေပြီ”ဟူ၍ လွန်စွာမှ ဝမ်းမြောက်ဝမ်းသာဖြစ်လေ၏။
ဤဆိုအပ်ခဲ့ပြီးသောယောကျာ်းများကဲ့သို့ ထိုရဟန်းသည်လည်း အကြွေးကဲ့သို့ အနာရောဂါကဲ့သို့ အချုပ်ခန်းကဲ့သို့ ကျွန်ဘဝကဲ့သို့ ရှည်ဝေးခက်ခဲသောခရီးကဲ့သို့ ဆင်းရဲခြင်းပေးသော နီဝရဏတရားငါးပါးတို့အား သိ၍ပယ်ရှားပြီးလေသောအခါ ဝမ်းမြောက်နှစ်သက်မှုဖြစ်ခြင်းနှင့်အတူ ထိုရဟန်း၏ စိတ်သည်လည်းတည်ငြိမ်အေးချမ်းကာချမ်းသာနေ၏။”ဟူ၍မိန့်တော်မူ၏။
နီဝရဏတရားများကင်းစင်ပြီးနောက် ပဌမဈာန်အားရရှိသွားသော ရဟန်း၏အကျိုး
မြတ်စွာဘုရား-ထို ရဟန်းသည် ကာမဂုဏ်တရားတို့နှင့်အကုသိုလ်တရားတို့မှ ကင်းကွာသွားသောကြောင့် တွေးတောကြံဆခြင်း(ဝိတက်)၊ဆင်ခြင်ခြင်း(ဝိစာရ)၊နှစ်သက်ဝမ်းသာခြင်း(ပီတိ)၊ချမ်းသာအေးချမ်းခြင်း(သုခ) တည်းဟူသော ဂုဏ်ရည်တို့ဖြင့်ပြည့်စုံသည့် ပဌမဈာန်ဉာဏ်တော်အားရရှိလေ၏။
ဥပမာအားဖြင့် ကျွမ်းကျင်သော ရေချိုးပေးခြင်းပညာတတ်သော ပညာရှင်နှင့် ထိုပညာရှင်၏တပည့်သည် ရေချိုးမည့်ကြေးခွက်၌ သုံးသော ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းကာအခဲဖြစ်စေ၏။ ထိုရေချိုးကသယ်မှုန့်ခဲသည် အစေးဖြင့် စိမ့်ဝင်လျက်ရှိရာ၏။အစေးဖြင့် ဖွဲ့စည်းလျက်ရှိ၏။ အတွင်းအပြင်၌အစေးများပျံ့နှံ့နေသဖြင့် ရေလည်းမယိုကျပေ။
ဤအဖြစ်ကဲ့သို့ထိုရဟန်းသည် နီဝရဏတည်းဟူသော စိတ်အားညစ်ညူးစေတတ်သည့်နီဝရဏတရားများကင်းစင်သွားသောကြောင့်ရရှိသည့် ပဌမဈာန်ပီတိချမ်းသာဖြင့် မိမိကိုယ်တစ်ခုလုံးအားနေရာလပ်မရှိအောင် အေးချမ်မှုအပေါင်းဖြင့်ပြည့်စုံစေ၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
သမာဓိရရှိပြီးတည်ငြိမ်မှုအပေါင်းဖြင့်ပြည့်စုံပြီးနောက် ဒုတိယဈာန်အား ရရှိသော ရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ ထို့အပြင် ရဟန်းသည် စူးစမ်းတွေးတောဆင်ခြင်ခြင်း(ဝိတက်နှင့်ဝိစာရ)တို့ကင်းစင် သွားသောကြောင့် ရရှိသောသမာဓိကြောင့် တည်ငြိမ်ခြင်း(သမာဓိ)၊ နှစ်သက်သဘောကျခြင်း(ပီတိ)၊ ချမ်းသာခြင်း(သုခ)တို့နှင့်ပြည့်စုံသော ဒုတိယဈာန်ဉာဏ်တော်အားရရှိ၏။
ဥပမာအားဖြင့် မြေမှစိမ့်ထွက်သောရေရှိသော အလွန်နက်သည့်ရေအိုင်သည် ကောင်းကင်ကကျသောမိုးရေ၊ အရပ်လေးမျက်နှာမှစီးဝင်သောရေများမရှိဘဲ မြေမှစိမ့်ထွက်သောရေဖြင့်သာ အေးမြသောရေအိုင်ကြီးဖြစ်ပေါ်သကဲ့သို့
ထိုရဟန်းသည်လည်း မိမိစိတ်၏တည်ကြည်မှုသမာဓိကြောင့်ရရှိသည့် ဒုတိယဈာန်ပီတိချမ်းသာဖြင့် မိမိကိုယ်တစ်ခုလုံးအားနေရာလပ်မရှိအောင် အေးချမ်မှုအပေါင်းဖြင့်ပြည့်စုံစေ၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
ဥပေက္ခာရရှိပြီးတရားကိုသာလျှင်ဆင်ခြင်အောက်မေ့သောကြောင့် တတိယဈာန်အား ရရှိသော ရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် နှစ်သက်ဝမ်းမြောက်ခြင်းပီတိအားမတပ်မက်၍လျစ်လျူရှုပြီး တရားကိုသာလျှင်ဆင်ခြင်သောကြောင့် ပီတိကင်းကွာသော သတိရှိပြီးလျစ်လျူရှုခြင်း(ဥပေက္ခာ)၊ ချမ်းသာခြင်း(သုခ)တို့နှင့်ပြည့်စုံသော တတိယဈာန်ဉာဏ်တော်အားရရှိပြီး ပညာရှိသူတော်ကောင်းတို့ချီးမွမ်းအပ်သော ချစ်ခြင်း၊မုန်းခြင်းမရှိကင်းသောသူ၊သတိဖြင့်တရာအားဆင်ခြင်ကာ ချမ်းသာစွာနေသောသူဟူသည့်အမည်အားရရှိလေ၏။
ဥပမာအားဖြင့် ကြာဖြူ၊ကြာနီ၊ကြာညို၊ပဒုမ္မာကြာ၊ပုဏ္ဍရိက်ကြာ၊ဥပ္ပလကြာမျိုးအပေါင်းတို့သည်ရေမှပေါက်ဖွားကြ၏။ ရေမှကြီးပွားကြ၏။ငယ်သောကာလ၌ရေမှမထွက်သေးဘဲရေထဲ၌ ရှင်သန်ဖွံ့ဖြိုးကြ၏။ ထိုကြာပေါက်ပင်တို့၏တစ်ပင်လုံးရေနှင့်မထိသောနေရာမရှိသကဲ့သို့
ပီတိကင်းကွာသော သတိရှိပြီးလျစ်လျူရှုခြင်း(ဥပေက္ခာ)ကြောင့်ရရှိသည့် ချမ်းသာခြင်း(သုခ)တို့နှင့်ပြည့်စုံသော တတိယဈာန်ဉာဏ်တော်ဖြင့် မိမိကိုယ်အားနေရာလပ်မရှိအောင်အေးချမ်းစေ၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
ဥပေက္ခာရရှိပြီးတရားကိုသာလျှင်ဆင်ခြင်အောက်မေ့သောကြောင့် စတုတ္ထဈာန်အား ရရှိသော ရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ ထိုရဟန်းသည် ချမ်းသာခြင်းနှင့်ဆင်းရဲခြင်းအားမတပ်မက်၍လျစ်လျူရှုပြီး တရားကိုသာလျှင်ဆင်ခြင်သောကြောင့် သုခကင်းကွာသော သတိရှိပြီးလျစ်လျူရှုခြင်း(ဥပေက္ခာ)၊ ဖြူစင်သန့်ရှင်းသည့်စိတ် တို့နှင့်ပြည့်စုံသော စတုတ္ထဈာန်ဉာဏ်တော်အားရရှိလေ၏။
ဥပမာအားဖြင့် အဝတ်ဖြူအားတစ်ကိုယ်လုံးခြုံ၍ထိုင်နေသောသူသည် တစ်ကိုယ်လုံးနေရာလပ်မရှိဖြူနေသကဲ့သို့
သုခကင်းကွာသော သတိရှိပြီးလျစ်လျူရှုခြင်း(ဥပေက္ခာ)ကြောင့်ရရှိသည့် ဖြူစင်သောစိတ်တို့နှင့်ပြည့်စုံသော စတုတ္ထဈာန်ဉာဏ်တော်ဖြင့် မိမိကိုယ်အားနေရာလပ်မရှိအောင်အေးချမ်းစေ၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
ဈာန်ကဏ္ဍပြီး၏။
စတုတ္ထဈာန်ဉာဏ်တော်အားရရှိပြီးဆက်လက်၍အားထုတ်သောကြောင့် ဝိပဿနာဉာဏ်ရရှိသည့်ရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ ဖြစ်ပျက်ခြင်းသဘောအား သိမြင်သဘောပေါက်ရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
ဥပမာအားဖြင့် အလွန်လှပလင်းလက်၍မျိုးမှန်သည့် ရှစ်မြှောင့်ရှိသောကောင်းမွန်စွာပြုပြင်ထားပြီး ကြည်လင်သော ကြောင်မျက်ရွဲရတနာ အား တပ်ဆပ်ထားသည့်ကြိုးသည် အနီ(သို့မဟုတ်)အဝါ (သို့မဟုတ်)အဖြူ(သို့မဟုတ်)အညိုဟူသော ကြိုးများနည်းဟုတွေဝေခြင်းမရှိဘဲ မည်သည့်ကြိုးဟု သေချာစွာသိမြင်သကဲ့သို့
ထိုရဟန်းသည်လည်း မိမိရရှိအပ်သည့် စတုတ္ထဈာန်ဖြင့်ပြည့်စုံသည့်စိတ်ဖြင့် ဝိပဿနာဉာဏ်အား ရရှိရန် အားထုတ်တွေးတောဆင်ခြင်လေသောအခါ ‘ငါ၏ရုပ်သည် မဟာဘုတ်လေးပါး အစုအဝေးကြီးပင်ဖြစ်၏။ အမိနှင့်အဖတို့ထံမှ ပေါက်ဖွားခဲ့၏။ အစာရေစာတို့ဖြင့် မိမိကိုယ်ခန္ဓာအားကြီးထွားစေ၏။ မမြဲခြင်း၊နှိပ်နယ်ပေးရခြင်း၊ ပြိုကွဲခြင်း၊ပျက်စီးခြင်းသဘောရှိ၏။ ငါ၏စိတ်သည်လည်း ဤကိုယ်၌ ဆက်စပ်၍မှီတွယ်၏။’ ဟူသောဖြစ်ပျက်သဘောဆောင်သောအသိဉာဏ်အားသိမြင်ရရှိလေ၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
စတုတ္ထဈာန်ဉာဏ်အားရရှိပြီးနောက် မိမိကိုယ်အားပွားစေနိုင်သောစိတ်တန်ခိုးအား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ စိတ်ဖြင့် မိမိခန္ဓာကိုယ်အားတူညီအောင်ဖန်ဆင်းနိုင်သောစိတ်တန်ခိုးအား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
ဖြူဆံမြက်မှထွက်နေသောအညွန့်တံအားသက်သက်ခွဲထုတ်ထားသကဲ့သို့၊ဓားအိမ်နှင့်ဓားအိမ်ထဲရှိဓားကို သက်သက်စီသီးခြားခွဲထုတ်ထားသကဲ့သို့၊မြွေအရေခွံနှင့်မြွေအရေခွံထဲရှိမြွေအား သက်သက်စီသီးခြားခွဲထုတ်သကဲ့သို့
ထိုရဟန်းသည် ကိုယ်ပွားဖန်ဆင်းနိုင်သောစိတ်တန်ခိုးအစွမ်း(မနောမယိဒ္ဓိဉာဏ်)အားရရှိပြီး မိမိနှင့်ပုံစံတူ၊အရည်အချင်းတူ၊ အစစအရာရာတူသည့် ကိုယ်ခန္ဓာအပွားအား သီးခြားသက်သက်ဖန်ဆင်းနိုင်ခဲ့၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
စတုတ္ထဈာန်ဉာဏ်အားရရှိပြီးနောက် အရာခပ်သိမ်းအား မိမိအလိုတိုင်းဖြစ်စေနိုင်သောစိတ်တန်ခိုးအား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ အရာခပ်သိမ်းအား မိမိအလိုတိုင်းဖြစ်စေနိုင်သောစိတ်တန်ခိုးအား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
ပညာရှင်အိုးထိန်းသည်နှင့်အိုးထိန်းသည်၏တပည်တို့သည် ညက်လှစွာသောမြေဖြင့် မိမိအလိုရှိသောအိုးခွက်ပုံစံအမျိုးမျိုးတို့ကဲပြုလုပ်ပြီးစီးနိုင်သကဲ့သို့၊ ဆင်စွယ်ပန်းပုပညာရှင်နှင့်သူ၏တပည့်တို့သည်ဆင်စွယ်မှ ဆင်စွယ်ပန်းပုတို့အားမျိုးစုံပြုလုပ်ထုလုပ်နိုင်သကဲ့သို့၊ ရွှေပန်းထိမ်သည်နှင့်သူ၏တပည့်တို့သည် ကောင်းမွန်သောရွှေမှ ရွှေထည်အမျိုးမျိုးတို့အား ကောင်းစွာပြုလုပ်ဖန်တီးနိုင်သကဲ့သို့
ထိုရဟန်းသည် အရာခပ်သိမ်းအား မိမိအလိုတိုင်းဖြစ်စေနိုင်သောစိတ်တန်ခိုး(ဣဒ္ဓိဝိဓဉာဏ်)အားရရှိပြီး တစ်ယောက်တည်းသောမိမိပုံစံအားလည်းကောင်း၊ များလှစွာသောမိမိပုံစံကိုလည်းကောင်း၊အထင်အရှားသောမိမိပုံစံအားလည်းကောင်း၊ မိမိကိုယ်ကိုပျောက်ကွယ်သွားစေခြင်းလည်းကောင်း၊နံရံ၊တံတိုင်း၊တောင်တို့အား ထုတ်ချင်းပေါက်မထိမငြိဘဲသွားနိုင်ခြင်းကိုလည်းကောင်း၊ မြေလျှိုးမိုးပျံခြင်းကိုလည်းကောင်း၊ တန်ခိုးကြီး၍ထက်မြက်သော နေနှင့်လကို ကိုင်တွယ်ခြင်းအားလည်းကောင်း၊ ဗြဟ္မာပြည်အထိ မိမိကိုယ်အားကြီးထွားစေနိုင်ခြင်းကိုလည်းကောင်း စသည့် စိတ်တန်ခိုးအမျိုးမျိုးအား ဖန်ဆင်းနိုင်ခဲ့၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
စတုတ္ထဈာန်ဉာဏ်အားရရှိပြီးနောက် နတ်တို့၏နားတူသော အကြားတန်ခိုးအား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ နတ်တို့၏နားတူသော အကြားတန်ခိုးအား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
စည်ကြီးသံ၊ မုရိုးစည်သံ၊ ခရုသင်းသံ၊ ထက်စည်သံ၊ ပတ်သာဗုံသံများကို ကြားလေသော် ထင်ယောင်မှားခြင်းမရှိဘဲ တူရိယာသံသီးသန့်တစ်ခုချင်းစီ ခွဲခြားစွာသိနိုင်သည့် ခရီးရှည်သွားသော ယောကျာ်းကဲ့သို့
ထိုရဟန်းသည် နတ်တို့၏နားတူသော အကြားတန်ခိုး(ဒိဗ္ဗသောတဉာဏ်) အားရရှိပြီး အဝေး၌ရှိသည့်သတ္တဝါခပ်သိမ်း၏အသံကိုလည်းကောင်း၊ အနီး၌ရှိသည့်သတ္တဝါခပ်သိမ်း၏ အသံကိုလည်းကောင်း ကြားသိနိုင်ခဲ့၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
စတုတ္ထဈာန်ဉာဏ်အားရရှိပြီးနောက် သူတစ်ပါး၏စိတ်အားသိသည့်ဉာဏ်အား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ သူတစ်ပါး၏စိတ်အကြံအားသိနိုင်သောတန်ခိုးအား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
ငယ်ရွယ်၍အလှပြင်လေ့ရှိသော ယောကျာ်းပျို (သို့မဟုတ်)မိန်းမပျိုတို့သည် မိမိတို့၏မျက်နှာပုံစံကို သန့်ရှင်းသည့်မှန်နှင့် ကြည့်လင်သောရေမျက်နှာပြင်၌ကြည့်ရှုလေသော် အပြစ်တစ်စုံတစ်ရာရှိခြင်း၊မရှိခြင်းများအား သိမြင်သကဲ့သို့
ထိုရဟန်းသည် သူတစ်ပါး၏စိတ်အားသိသည့်ဉာဏ်(စေတောပရိယဉာဏ်)အား ရရှိပြီး သူတစ်ပါးတို့၏ တပ်မက်ခြင်း၊ မတပ်မက်ခြင်း၊ အမျက်ထွက်ခြင်း၊ အမျက်မထွက်ခြင်း၊ တွေဝေငေးမောခြင်း၊ မတွေဝေမငေးမောခြင်း၊ကျင်းသောအမြင်အားပိုင်ဆိုင်ထားခြင်း၊ ကျယ်သောအမြင်အားပိုင်ဆိုင်ထားခြင်း၊ မြင့်မြတ်သောအတွေး၊ ယုတ်မာသောအတွေး၊ တရားရှိသောအသိ၊ တရားမရှိသောအသိ၊ တည်ကြည်ခြင်း၊ တုန်လှုပ်ခြင်း၊ လွတ်လပ်ခြင်းအတွေး၊ မလွတ်မလပ်ခြင်းစသော အတွေးအကြံအသိများအား သိနိုင်ခဲ့၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
စတုတ္ထဈာန်ဉာဏ်အားရရှိပြီးနောက် ဘဝပေါင်းများစွာအားပြန်လည်မှတ်မိစေနိုင်သည့် ဉာဏ်အား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ ဘဝပေါင်းများစွာအားပြန်လည်မှတ်မိစေနိုင်သည့် ဉာဏ်အား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
မိမိရွာမှတခြားရွာသို့ အလည်ခဏသွားသောသူသည် မိမိရွာအားပြန်ရောက်လေသော် ထိုရွာ၌မိမိသွားခဲ့သော၊ ရပ်ခဲ့သော၊ ထိုင်ခဲ့နေသော၊ နေခဲ့သောနေရာများအား ပြန်လည်စဉ်းစားသောအခါ ချက်ချင်းပြန်လည်မှတ်မိသည့် ယောကျာ်းကဲ့သို့
ထိုရဟန်းသည် ဘဝပေါင်းများစွာအားပြန်လည်မှတ်မိစေနိုင်သည့် (ပုဗ္ဗေနိဝါသ)ဉာဏ်အားရရှိပြီး ဆယ်ဂဏန်းအတိုင်းအတာရှိသည့်ဘဝများအားလည်းကောင်း၊ရာဂဏန်းအတိုင်းအတာရှိသည့်ဘဝမှလည်းကောင်း၊ ထောင်ဂဏန်းအတိုင်းအတာရှိသည့်ဘဝများအားလည်းကောင်း၊ သောင်းဂဏန်းအတိုင်းအတာရှိသည့်ဘဝများအားလည်းကောင်း၊ သန်းဂဏန်းရှိသည့်ဘဝများအားလည်းကောင်း၊ကုဋေဂဏန်းရှိသည့်ဘဝများအားလည်းကောင်း၊ များပြားလှသောဘဝများအားလည်းကောင်း၊ ကမ္ဘာပျက်သောကာလကိုလည်းကောင်း၊ ကမ္ဘာဖြစ်သောကာလကိုလည်းကောင်း သိမြင်ပြီး အဘယ်သို့သော ဘဝ၌ငါသည် အဘယ်သို့သောအမည်၊အနွယ်၊အဆင်းရုပ်ဖြင့် အသက်ရှင်ခဲ့၍ အဘယ်သို့သောအစားအစာများအားစားခဲ့ကာ အဘယ်သို့သောဆင်းရဲချမ်းသာများအားခံစားခဲ့၍ စုတေခဲ့ကာ အဘယ်သို့သောဘဝမှတစ်ဆင့် ယခုဘဝသို့ ရောက်ခဲ့သည်ဟူသည်တို့အား သိနိုင်ခဲ့၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
စတုတ္ထဈာန်ဉာဏ်အားရရှိပြီးနောက် သတ္တဝါများ၏ သေခြင်းနှင့်မွေးဖွားခြင်းနှင့်လားရာဘုံဘဝ အသီးသီးတို့အားသိစေနိုင်သည့် ဉာဏ်အား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ သတ္တဝါများ၏ သေခြင်းနှင့်မွေးဖွားခြင်းနှင့်လားရာဘုံဘဝ အသီးသီးတို့အားသိစေနိုင်သည့် နတ်မျက်စိနှင့်တူသည့် ဉာဏ်အား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
မြို့ဗဟိုအလယ်ပြာဿဒ်၌နေသောကြောင့်မြို့သူမြို့သားများ၏ သွားလာလှုပ်ရှားနေထိုင်မှုများကို သိမြင်သောယောကျာ်းကဲ့သို့
ထိုရဟန်းသည် သတ္တဝါများ၏ သေခြင်းနှင့်မွေးဖွားခြင်းနှင့်လားရာဘုံဘဝ အသီးသီးတို့အားသိစေနိုင်သည့် နတ်မျက်စိနှင့်တူသည့် (ဒိဗ္ဗစက္ခု)ဉာဏ်အားရရှိပြီး သေဆဲ၊အသက်ရှင်နေဆဲ၊မွေးဖွားဆဲသောသတ္တဝါများ၏အခြေအနေကိုလည်းကောင်း၊ မမြင့်မြတ်သည့်သတ္တဝါများ၊မြင့်မြတ်သည့်သတ္တဝါများ၊အဆင်းလှသည့်သတ္တဝါများ၊အဆင်းမလှသည့်သတ္တဝါများ၊ ကောင်းသောနေရာမှလာသောသတ္တဝါ၊ မကောင်းသောနေရာမှလာသော သတ္တဝါ၊ ကံအားလျော်စွာဖြစ်ပေါ်သောသတ္တဝါများဟူ၍သတ္တဝါအမျိုးအစားကိုလည်းကောင်း သိမြင်ပြီး ဤသို့ ဤသို့သော သတ္တဝါများသည် အဘယ်သို့သော ကောင်းမှုကုသိုလ် မကောင်းမှုအကုသိုလ်တို့နှင့်ပြည့်စုံ၏။ အဘယ်သို့သော သတ္တဝါများသည်ဤသို့ဤသို့သော လုပ်ရပ်အကျိုးဆက်များကြောင့် ဤသို့ဤသို့သောဘုံများ၌နေရသည်ဟူ၍ သိနိုင်ခဲ့၏။
ဤသည်ကား မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်နိုင်သော ထူးခြားမြင့်မြတ်သည့် ရဟန်းဖြစ်ခြင်းအကျိုးပင် ဖြစ်ပါပေသတည်း” ဟူ၍ မိန့်တော်မူ၏။
အာသဝေါတရားလေးပါးကုန်ဆုံး၍ အိုခြင်း၊နာခြင်း၊သေခြင်းမှ လွတ်မြောက်သည့်ဉာဏ်အား ဉာဏ်အား ထပ်မံကျင့်ကြံ၍ ရရှိသောရဟန်း၏အကျိုး
မြတ်စွာဘုရား-“မင်းကြီး။ထိုရဟန်း၏စိတ်သည် နူးညံ့တည်ကြည်၍ဖြူစင်သန့်ရှင်းကာတုန်လှုပ်ခြင်းကင်း သောသဘောရှိသည့် စတုတ္ထဈာန်တရားနှင့်ပြည့်စုံလေသော အခါ အာသဝေါတရားလေးပါးကုန်ဆုံး၍ အိုခြင်း၊နာခြင်း၊သေခြင်းမှ လွတ်မြောက်သည့်ဉာဏ်အား ဉာဏ်အား ရရှိရန်အတွက် ဆက်လက်ဦးတည်အားထုတ်လေ၏။
ချိုင့်ဝှမ်းအတွင်းရှိကြည်လင်သန့်ရှင်းသောရေကန်ထဲ၌ ရှိနေသော ရေနေသတ္တဝါများ၊ခရု၊ယောက်သွားတို့အား သေချာကြည်လင်စွာမြင်နိုင်ကြည့်ရှုနိုင်သောယောကျာ်းကဲ့သို့
ထိုရဟန်းသည် ကာမဂုဏ်တရား၌စွဲမက်နေခြင်း(ကာမာသဝ)၊ဈာန်တရားများ၌စွဲမက်နေခြင်း(ဘဝါသဝ)၊သိလျက်နှင့် အမှားအဖြစ်ရှုမြင်ကာစွဲမက်ခြင်း(ဒိဋ္ဌာသဝ)၊ သစ္စာလေးပါးတရားကိုမသိဘဲဘဝအားအမြဲဖြတ်သန်းခြင်း(အဝိဇ္ဇာသဝ)တည်းဟူသော အာသဝေါလေးပါးကုန်ဆုံး၍ သစ္စာလေးတန်တရားအမှန်ကို သိမြင်၍ နောင်တစ်ဖန်ဘဝပြန်မဖြစ်တော့သည့် (အာသဝက္ခေယ)ဉာဏ်အား ရရှိလေပြီ။
ဤအကျိုးသည်လည်းမျက်မှောက်ဘဝ၌ပင်ကိုယ်တိုင်သိနိုင်သည့်ရဟန်းဖြစ်ခြင်းအကျိုးပင်ဖြစ်ပြီး ဤအကျိုး ထက် သာလွန်၍ထူးကဲမြင့်မြတ်သောရဟန်းဖြစ်ခြင်း၏အကျိုးမရှိတော့လေပြီ” ဟူ၍ မိန့်တော်မူ၍အဆုံးသတ်လေ၏။
သင်္ဂါယနာမှတ်တမ်း
အရှင်အာနန္ဒာ-ဤသို့ မြတ်စွာဘုရားသည် “ဣတိပိသောဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရောပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ” မှ အစချီ၍ “ဣမသ္မာစ ပန မဟာရာဇ သန္ဒိဋ္ဌိကာ သာမညဖလာ အညံ သန္ဒိဋ္ဌိကံ သာမညဖလံ ဥတ္တရိတရံ ဝါ ပဏီတတရံ ဝါ နတ္ထီတိ” ဟူ၍ အဆုံးသတ်သည့် ၁၀၄ခွန်းသော ဂါထာတော်များဖြင့်တန်ဆာဆင်ထားအပ်သော စကားတော်များအား ဟောကြားတော်မူလေသော် ဝေဒေဟီမိဖုရား၏သားတော် အဇာတသတ်သည်-
“အရှင်ဘုရားဟောကြားသောတရားတော်သည် နှစ်သက်ဖွယ်ရှိပါပေ၏။ ဥပမာသော်ကား ဖုံးလွှမ်းထားသည်အားပြသကဲ့သို့ ၊ မှောက်ထားသည်အား လှန်သကဲ့သို့ ၊ မျက်စိလည်သောသူအား လမ်းမှန်ပြသကဲ့သို့ ၊ အမိုက်အမှောင်အား မီးအလင်းဖြင့် လင်းစေသကဲ့သို့ အရှင်ဘုရားသည် များလှစွာသော အကြောင်းတရားတို့ဖြင့် တပည့်တော်အား တရားအလင်းပြတော်မူပါ၏။ အကျွန်ုပ်သည် မြတ်စွာဘုရား၊တရားတော်နှင့် သံဃာတော်တို့အား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်အား ယနေ့မှစ၍ ဥပါသကာအဖြစ် မှတ်ယူတော်မူပါ၊ အရှင်ဘုရား အကျွန်ုပ်သည် အလွန်မိုက်မဲစွာဖြင့် မကောင်းသောလုပ်ရပ်များအား ပြုခဲ့မိပါ၏။ အထူးသဖြင့် တိုင်းပြည် မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သော အကျွန်ုပ်၏ခမည်းတော်အား ထီးနန်းကို လိုလားမက်မောမိသည့်စိတ်ဖြင့် သတ်မိခဲ့ပါ၏။ မြတ်စွာဘုရားသည် ထိုအပြစ် အား အပြစ်ဟူ၍ အကျွန်ုပ်၏ဝန်ချတောင်းပန်ခြင်းအား လက်ခံတော်မူပါ အရှင်ဘုရား”ဟူ၍ လျှောက်တင်လေ၏။
ထိုအခါ မြတ်စွာဘုရားက-“မင်းကြီး။ သင်သည် အလွန်မိုက်မဲစွာဖြင့် မကောင်းသောလုပ်ရပ်များအား ပြုခဲ့မိ၏။ အထူးသဖြင့် တိုင်းပြည် မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်သော သင်၏ခမည်းတော်အား ထီးနန်းကို လိုလားမက်မောမိသည့်စိတ်ဖြင့် သတ်ခဲ့၏။ သင်သည် အပြစ်အား အပြစ်မှန်းသိ၍ အပြစ်အားဝန်ချတောင်းပန်ကုစားသောကြောင့် သင်၏ အပြစ်အား အပြစ်ဟူ၍ ငါနှင့်သံဃာတော်များက လက်ခံပါ၏။ အကြင်သူသည် အပြစ်အား အပြစ်ဟုမြင်၍ အမှားကိုအမှားမှန်းသိကာ ပြင်ဆင်ကုစားပြီး နောင်အခါ စောင့်စည်းခြင်းသည်ပင် အရိယာတို့၏စည်းကမ်းအဆုံးအမ၏ ကြီးပွားခြင်းနည်းလမ်းတစ်ခုပင် ဖြစ်ပေ၏”ဟူ၍ မိန့်တော်မူကာလက်ခံလေ၏။
ဤသို့မိန့်လေလျှင် မဂဓတိုင်းရှင် အဇာတသတ်မင်းသည်- “အရှင်ဘုရား။ အခု အကျွန်ုပ်တို့ပြန်ပါကုန်အံ့။ အကျွန်ုပ်တို့သည် များလှသော ပြုဖွယ်ရာ အလုပ်ကိစ္စများ ရှိပါသေ၏။” ဟုလျှောက်၏။
မြတ်စွာဘုရားက-“မင်းကြီး။ သင့်၏အလိုအတိုင်းပင်ဖြစ်၏”ဟု မိန့်တော်မူ၏။
အရှင်အာနန္ဒာ-ထိုအခါ အဇာတသတ်မင်းသည်မြတ်စွာဘုရားဟောတော်မူသောတရားတော်နှင့်မိန့်တော်မူချက်တို့ကို အလွန်နှစ်သက်စွာခံယူ၍ ဝမ်းမြောက်စွာ ချီးကျုးပြီးနောက် နေရာမှ ထကာ မြတ်စွာဘုရားရှင်ကို ရှိခိုး၍အရိုအသေပြုပြီးနောက် နန်းတော်သို့ ပြန်လေ၏။
အဇာတသတ်မင်းပြန်သွားသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား- ရဟန်းတို့ ဤမင်းသည် မိမိ၏နာမည်ဆိုး(တည်ရာ)အား မိမိကိုယ်တိုင်ပယ်ရှားခဲ့၏။ မိမိ၏ မကောင်းသောအမူအကျင့်(မိမိကိုယ်မိမိ)တို့ကိုလည်း ဖျက်ဆီးပြီးခဲ့၏။ ဤမင်းသည် အကယ်၍ မိမိ၏ခမည်းတော်ကို မသတ်လေလျှင် ဤတရားနာနေသောအခါအတွင်းပင် သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော တရားမျက်စိနှင့်ပြည့်စုံလေလတ္တံ့”ဟု မိန့်တော်မူ၏။”]
အရှင်အာနန္ဒာ-မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူခဲ့၏။ ရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသောတရားတော်ကို နှစ်သက်သဘောကျကာလက်ခံကြလေကုန်သတည်း။
သာမညဖလသုတ်တော်မြန်မာပြန်စကားပြေသည်ပြီးဆုံး၏။
အကိုးအကား
- ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။