သိန်းညွန့် (နိုင်ငံရေးသမား)

ဦးသိန်းညွန့် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီမှ ခွဲထွက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ထူထောင်သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

သိန်းညွန့် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် သိန်းညွန့် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးသိန်းညွန့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၃၀ မတ် ၂၀၁၆
ဆက်ခံသူဦးရွှေလှ (ခ) ဦးရွှေလှဝင်း
မဲဆန္ဒနယ်သင်္ဃန်းကျွန်းမြို့နယ်
အနိုင်ရမဲ အရေအတွက်၄၈,၆၀၃[1]
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်သင်္ဃန်းကျွန်းမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
အလုပ်အကိုင်နိုင်ငံရေးသမား

နိုင်ငံရေး

ဦးသိန်းညွန့်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ်တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။[2]

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ပါတီတွင်းရန်ပုံငွေ ပြဿနာများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။[3][4] ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် ကို တည်ထောင်ပြီး[3] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[2][4]

အမျိုးသားဒီမိုကရေစီ ပါတီသစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်ခဲ့သည်။[4]

ဦးသိန်းညွန့်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ကလေးသူငယ်မုဒိန်း မှုကျူးလွန်သူများကို သေဒဏ်ပေးရေးလှုပ်ရှားမှု၊ အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေမူကြမ်း တင်သွင်းခြင်း၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အဆို၊ မေးခွန်းတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။[2]

နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[4]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.