သိရိန္ဓရ

မင်းသမီး မဟာကျကရီ သိရိန္ဓရ်, မင်းသမီး ဒေဗရတနရာခ်ျသုဒ(ထိုင်း:มหาจักรีสิรินธร၊ မြန်မာအက္ခရာဖလှယ်ခြင်း:မဟာကျကရီ သိရိန္ဓရ),ထိုင်းအသံထွက်:မဟာကျကရီ သိရိန္ဓရ်:မွေးဖွား ၂ ဧပြီ ၁၉၅၅), အမည်အားဖြင့် မင်းသမီး သိရိန္ဓရ်ဒေဘရတနရာခ်ျသုဒ ကိတိဝဎနာဒုလသိုဘခ်ယံ ( ထိုင်း: สมเด็จพระเจ้าลูกเธอ เจ้าฟ้าสิรินธรเทพรัตนราชสุดาฯ กิติวัฒนาดุลโสภาคย์;အာရ်ထီဂျီအက်စ်:သုမ္ဒေ့က်ျဗြးကျော့လူက်ထေအ် ကျော့ဖှာသိရိန္ဓရ်ဒေ‌‌ဗရတနရာချ်သုဒါ။ ကိတိဝဎနာဒုလသိုဘခ်ယံ), ဘုရင် မဟာဘူမိဗလ် အဒုလျဒေ့က်ျ၏ ဒုတိယမြောံသမီးတော်ဖြစ်ပါသည်။

သုမ်ဒေ့က်ျဗြးကနိၐ်ဌာဓိရာချ်ကျော့ ကရုမ်သုမ္ဒေ့က်ျဗြး‌ဒေဗရတန ရာခ်ျသုဒါ။ သျမ်ပရုမရာချကုမာရီ မဟာကျကရီသိရိန္ဓရ်မင်းသမီး

မွေးနေ့ - ၂ ဧပြီ ၁၉၅၅ (အသက် ၆၄)

        (မြန်မာနှစ်: ၁၃၁၃-၁၄ ခန့်မှန်း)
        အာံဗိုရ်န် သထန် 
        ရေသိဒန်တျယ်လ် ခန်းမ
        ဒူသိတ် နန်းတော်၊ 
        ဘန်ကောံ၊ ထိုင်းလန်း


အိမ်တော် - မဟီဒလ် (ကျကရီ မင်းဆက်)

ခမည်းတော် - ဘူမိဗလ် အဒုလျဒေ့က်ျ။

         (ရာမ၉)

မယ်တော် - သီရိခေတ် ကိတိယက္ရ

ကိုးကွယ်သည့် - ဗုဒ္ဓဘာသာ ဘာသာ

ထိုင်းလူမျိုးများ သူ(မ)ကိုညွှန်းဆိုသည်မှာ

"ဗြးဒေဗ်" (ထိုင်း: พระเทพ), အဓိပ္ပာယ်မှာ "နတ်သမီး" ဖြစ်သည်။ သူ(မ)၏တော်ဝင် အဆင့်သည် မိန်းကလေးဖြစ်သော်လည်း အစ်ကိုတော် ဘုရင်မဟာဝချိယလင်္ကာရဏနှင့် တစ်ချိန်က တန်းတူရည်တူရှိခဲ့သည်။ ၁၉၇၄ခုနှစ်ကတည်းကပင် မိန်းကလေးဖြစ်သော်လည်းထီးနန်းဆက်ခံရန် ဖြစ်ခဲ့သည်။

သမီးတော်အကြီးဆုံးသည်တော်ဝင်မိသားစုဝင်ဖြစ်သော်လည်း ( ဥဘလ်ရတန ရာချကညာသည် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သည် )

တော်ဝင်မင်းသမီး အရာ၌ လျော့ချခြင်းခံခဲ့ရသည်။

ဘွဲ့တော်အပြည့်အစုံ

သိရိန္ဓရသည် ထိုင်းနိုင်ငံဘုရင်ဘူမိဗလ်အဒုလျဒေ့က်ျ၏ ဒုတိယအကြီးဆုံးသမီးတော်ဖြစ်သည်။ ဘွဲ့​တော်အပြည့်အစုံမှ ဒေဗရတနရာချ်သုဒါ မဟာကျကရီ သိရိန္ဓရ ရဋ္ဌသီမာဂုဏာကရပိယဇာတိ သယာမ်ပရုမရာချကုမာရီ (သင်္သကရိုက်: Devaratanarājasutā Mahācakrī Sirindhara Raṭṭhasīmāguṇākarapiyajāti Sayāmaparamarājakumārī) ဖြစ်သည်။

  • မင်းသမီး၏ယခုလက်ရှိတော်ဝင်မိသားစုနေရာ
မဟာကျကရီ သိရိန္ဓရ သည် လက်ရှိ ထိုင်းဘုရင်မင်းမြတ်၏ ညီမတော်တစ်ပါးဖြစ်ပါသည်။

ထို့ပြင် မြင့်မြတ်သော တော်ဝင်ဘွဲ့ရမင်းသမီးရာထူးကို လက်ခံရရှိထားသည့် မင်းသမီးကြီးတစ်ပါးဖြစ်ပါသည်။ နိုင်ငံတော်၏ တိုးတက်ကြီးပွားမည့် အရေး ကိစ္စတို့တွင် (နတ်ရွာစံ) ဖခမည်းတော်ကြီး(ဗြးပါထ်သု‌မ္ဒေ့က်ျ ဗြးပရမေဓရမဟာဘူမိဗလ်အဒုလျာဒေ့က်ျ) ဘုန်းတော်ကြီးအရှင်မြတ်မဟာဘူမိဘော အတုလျာဒေ့က်ျနှင့်အတူ တိုင်းပြည်တစ်ခွင် လှည့်လည်သွားလာပြီး ကြိုးပမ်းခဲ့သည်။ ထို့ပြင် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်တတ်ပြီး ပွင့်လင်းစွာပြောဆိုတတ်သေ အရှင့်သမီးတော် မဟာကျကရီ သိရိန္ဓရ ကို ပြည်သူအများတို့သည် ပိုမိုရိုသေချစ်ခင်နေကြခြင်း အကြောင်းအရပ်ပင် ဖြစ်ပါတော့သည်။

ကိုးကား

    [[We love Thai Royal family:ထိုင်းတော်ဝင်မိသားစုကို ကျွန်ုပ်တို့ချစ်သည် စာတမ်းမှ ]]

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.