သီဟစည်သူ (ဂိုးသမား)
သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်သည်။
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | သီဟစည်သူ | ||
မွေးသက္ကရာဇ် | [1] | ၁၀ ဖေဖော်ဝါရီ၊ ၁၉၈၇||
မွေးရပ်ဇာတိ | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ||
အရပ်အမြင့် | ၁၇၆ cm (၅ ft ၉ in) | ||
ကစားသည့်နေရာ | ဂိုးသမား | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ရှမ်းယူနိုက်တက် FC | ||
အင်္ကျီနံပါတ် | ၂၉ | ||
လူငယ်ဘဝကလပ်များ | |||
၂၀၀၁–၂၀၀၈ | ရန်ကုန် လူငယ် ဘောလုံးအကယ်ဒမီ | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၀၉–၂၀၁၃ | ဧရာဝတီယူနိုက်တက် | ၆၀ | (၀) |
၂၀၁၃–၂၀၁၅ | ရတနာပုံ | ၂၀ | (၀) |
၂၀၁၅-လက်ရှိ | ရှမ်းယူနိုက်တက် FC | ၁၀ | (၀) |
နိုင်ငံကိုယ်စားပြုအသင်း | |||
၂၀၀၉– | မြန်မာ | ၂၃ | (၀) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
ကစားသမားဘဝ
သီဟစည်သူသည် မြန်မာနေရှင်နယ်လိဂ်မှ အသင်းတစ်သင်းဖြစ်သော ဒယ်တာယူနိုက်တက် ဘောလုံးအသင်းနှင့် ကစားခဲ့ပြီး ထိုအသင်းနှင့်အတူ ၂၀၁၀ အာရှ ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သီဟစည်သူသည် ဒယ်တာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် သူအား ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ အလွန်မြင့်သော လစာကြေးဖြင့် ပြောင်းရွေ့ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူသည် ထိုကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းတွင်သာ ကစားရန်ဆုံးဖြတ်ခဲ့သည်။ သီဟစည်သူသည် ဧရာဝတီယူနိုက်တက်အသင်းဖန်များ၏ အကြိုက်ဆုံးကစားသမားတစ်ဦးလည်း ဖြစ်သည်။ သူအား ကလပ်အသင်းတွင်ဖြစ်စေ၊ နိုင်ငံလက်ရွေးစင်အသင်းတွင်ဖြစ်စေ အမြဲ စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုးစားစားကစားနေသည်ကို တွေ့ရသည်။[2] သီဟစည်သူသည် ပြောင်းရွေ့ကြေး ဒေါ်လာ ၁ သိန်းလောက်ဖြင့် ဧရာဝတီယူနိုက်တက်အသင်းမှ ရတနာပုံအသင်းသို့ ပြောင်းရွေ့ခဲ့သည်။
နိုင်ငံတကာ အားကစားသမားဘဝ
သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းတွင် ကစားခဲ့ပြီး[3] မြန်မာ ယူ-၂၃ အသင်းအတွက် လက်ရွေးစင်ဂိုးသမားအဖြစ် အချိန်အကြာကြီး ကစားခဲ့သည်။
ကိုးကား
- Football : Thiha Si Thu - AFFSuzuki Cup: Profile
- Football : Thiha Si Thu - Footballdatabase.eu
- သီဟစည်သူ at National-Football-Teams.com