သီအိုဒိုရာ

ပထမ ဂျပ်စတီနီယံ၏ ထက်မြက်သည့် မိဖုရားအဖြစ် သီအိုဒိုရာ (၅၀၀ - ၅၄၈) ကို အသိများသည်။ ကခြေသည်၊ ပြည့်တန်ဆာ အဖြစ် အသက်မွေးခဲ့ပြီး ငယ်ရွယ်စဉ်အခါက လင်ကောင်မပေါ်ပဲ ကလေးတစ်ဦး ဖွားမြင်ခဲ့ဖူးသည် ဟုဆိုသည်။ ဂျပ်စတီနီယံနှင့် အသက် ၂၀ ကျော်အရွယ်တွင် ဆုံဆည်းကာ ကိုယ်လုပ်တော်အဖြစ် ပေါင်းသင်းခဲ့သည်။ ဂျပ်စတီနီယံ ဧကရာဇ်မဖြစ်မှီ ၅၂၅ တွင်မှ တရားဝင်လက်ထပ်ပြီး နောက်ထူးချွန်လိမ္မာသည့် မယားအစွမ်းကို တစစသိလာပြီး ဧကရာဇ်၏ အတိုင်ပင်ခံ၊ အကြံပေးသဖွယ် ဖြစ်လာခဲ့သည်။

သီအိုဒိုရာ(၅၀၀-၅၄၈)

သံတမန်ရေးရာ၊ နိုင်ငံရေးရာ၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေ ကိစ္စရပ်များတွင်ပါ မိဖုရား၏ ဩဇာအရှိန်အဝါ ကြီးခဲ့သည်။ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးခဲ့သည်။ ကင်ဆာရောဂါဖြင့် ၅၄၈ တွင် မိဖုရား သီအိုဒိုရာ ကွယ်လွန်သည်။

ရည်ညွှန်းကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.