သူကြွယ်ဂမုန်း

သူကြွယ်ဂမုန်းကို အရွက်များအားလုံးသည် အပေါက်များ ဖြစ်နေပြီး၊ တရွက်လျှင် ၃ ပေါက်မှ ၅ ပေါက်အထိ တွေ့မြင်ရသောကြောင့် ရွက်ပေါက်ဂမုန်းဟုလည်း အခြားအမည်ဖြင့် ခေါ်ဝေါ်ကာ အရွက်အကြီးဆုံးမှာ အရှည် ၄ လက်မ၊ အကျယ် ၁ လက်မခွဲ၊ မြေအိုးဖြင့် စိုက်နိုင်သည့်အပြင် မြေကြီး၌လည်း စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှင်သန်ပြီး၊ မြေလတ်ပိုင်း အထူးသဖြင့် အောင်လံမြို့တွင် ပေါများကာ ဂမုန်းဝါသနာရှင်များအတွက် မသိသူ မရှိချေ။

အာနိသင်

ဤဂမုန်း၏ အရွက်တရွက်ရှိ အပေါက်တပေါက် သို့မဟုတ် နှစ်ပေါက် အလိုအလျောက် ပိတ်ဆို့သွားလျှင် ဂမုန်းရှင်အိမ်၌ ထိခိုက်နစ်နာမှု တခုခု ဖြစ်မည်ဟု နိမိတ်ပြကြောင်း ယုံကြည်ကြပြီး၊ စိုက်ပျိုးထားသော အိမ်မှ ပစ္စည်းများကို အပြင်လူ ခိုးယူသွားသော် အကြောင်းအမျိုးမျိုးဖြင့် ပြန်ရတတ်ကြောင်းလည်း ယူဆကြသည်။ လာဘ်ရွှင်လိုသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးတတ်ကြပြီး၊ အိမ်အမြင့် သို့မဟုတ် ကောင်တာအနီး အမြင့်တနေရာ၌ ထားပေးရသည်။ [1]

အကျိုးသွားတူဂမုန်း

ချမ်းသာကြီးဂမုန်းဘောဂကြီးဂမုန်းရွှေလာငွေလာမုန်းသည်လည်း လာဘသိဒ္ဓိရလိုသူများ စိုက်ကြသည့် အပင်များ ဖြစ်သည်။[2]

ကိုးကား

  1. ဦးကျော်(ပြည်) (ဇူလိုင် ၂၀၀၀)။ ရွက်ပေါက်ဂမုန်းသူ့အသုံး။ နက္ခတ္တရောင်ခြည်။ p. ၂၄၈။
  2. မြောင်းမြ-မောင်ယဉ်တင့် (စက်တင်ဘာလ, ၁၉၉၈)။ ဘောဂကြီးဂမုန်း၁၄၆။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း။ p. ၁၉၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.