သောက္ကတဲ
သောက္ကတဲ (သုခိုထိုင်; ထိုင်း: ราชอาณาจักรสุโขทัย; ပါဠိ: Sukhodaya) သည်ထိုင်းနိုင်ငံ၏အစောပိုင်းကာလနိုင်ငံဖြစ်သည်။၁၂၃၈မှ ၁၄၃၈ထိတည်ရှိခဲ့သည်။ မြို့တော်ဟောင်းမှာ လက်ရှိမြို့၏၁၂ကီလိုမီတာအကွာတွင်ရှိသည်။
| ||||
မြို့တော် | Sukhothai (1238–1347, 1430–1438) Phitsanulok (1347–1430) | |||
ဘာသာစကား | Sukhothai dialect | |||
ကိုးကွယ်ယုံကြည်မှု | Theravada Buddhism | |||
အစိုးရစနစ် | Feudalism | |||
King | ||||
- 1238–1257 | Sri Indraditya | |||
- 1279–1299 | Ramkhamhaeng | |||
- 1347–1368 | Mahathammaracha I | |||
- 1419–1438 | Mahathammaracha IV | |||
ခေတ်ကာလ | Middle Ages | |||
- ဘာဗိုနိုင်ငံမှလွတ်မြောက်ခြင်း | ၁၂၃၈ | |||
- ရမ်ခမ်ဟန်ကန်၏အောက်တွင်ချဲ့ထွင်ခြင်း | ၁၂၇၉-၁၂၉၈ | |||
- Became Ayutthayan tributary | ၁၃၇၈ | |||
- အယုဒ္ဓယအောက်ကျရောက်ခြင်း | ၁၄၃၈ | |||
ယနေ့ | ထိုင်း လာအို မြန်မာ မလေးရှား |
သမိုင်းကြောင်း
လာဗိုနိုင်ငံမှလွတ်မြောက်ခြင်း
၁၃ရာစုမတိုင်ခင်ကသောက္ကတဲမှာ ခမာအင်ပါယာ လာဗိုနိုင်ငံလက်အောက်ရှိကုန်သွယ်ရေးမြို့ဖြစ်သည်။တိုင်လူမျိုးများသည် ကျောက်ဖယားချိုင့်ဝှမ်းဒေသအထက်ပိုင်းသို့အပြောင်းများလာသည်။
သမိုင်းပညာရှင်အချို့က သောက္ကတဲ၏ခမာအင်ပါယာမှခွဲထွက်ခြင်းကို ၁၁၈၀အစောပိုင်းမှစခဲ့သည်ဟုဆိုသည်။နောက်ပိုင်းတွင် မွန်လူမျိုးများကခမာလက်အောက်မှခွဲထွက်နိုင်ခဲ့သည်။၁၂၃၉တွင် မွန်တို့၏လက်ထဲမှ ဖိုးခွန်ညီအစ်ကို၂ယောက်မှသိမ်းယူနိုင်ခဲ့သည်။ညီအစ်ကို၂ယောက်မှအစ်ကိုမှသောက္ကတဲကိုအုပ်ချုပ်ကာ ဖရာရောင်းမင်းဆက်စတင်ခဲ့သည်။၁၂၅၇ခုနှစ်အထိ သောက္ကတဲနိုင်ငံမှာ ကျောက်ဖယားချိုင့်ဝှမ်းအထက်ပိုင်းအထိဖြစ်သည်။
ထိုင်းသမိုင်းပညာရှင်များက သောက္ကတဲနိုင်ငံတည်ထောင်မှုမှာသူတို့နိုင်ငံစတင်တည်ထောင်ခြင်းဟုမှတ်ကြသည်။
Expansions under Ramkahaeng
ဖိုးခွန်ပန့်မိုင်း (Pho Khun Ban Muang) နှင့် သူ၏ အစ်ကို ရမ်းခမ်းဟဲန် (Ram Khamhaeng) တို့သည် သောက္ကတဲနိုင်ငံတော် ကို တိုးချဲ့ကြသည်။ထိုသို့တိုးချဲ့ရေးအပိုင်းတွင်သမိုင်းပညာရှင်များအကြားအငြင်းပွားမှုများလည်းရှိသည်။ အနောက်ဖက်တွင် ရမ်းခမ်းဟဲန် မှာပုဂံအင်ပါယာလက်အောက်မှလွတ်ရန်ကြံနေသော ဝါရီရူးခေါင်းဆောင်သည့်မွန်တို့ကိုအကူအညီပေးကာ မွန်တို့မှာ မုတ္တမတွင်နိုင်ငံထူထောင်နိုင်ခဲ့သည်။နောက်ပိုင်းမှ ပဲခူးသို့ပြောင်းသွားသည်။သီရိသနန်ဟန်မှဘုန်းတော်ကြီးများကြောင့် သောက္ကတဲတွင်ထေရဝါဒဗုဒ္ဓဘာသာပျံ့နှံ့ခဲ့သည်။၁၂၈၃တွင် ထိုင်းအက္ခရာများကိုတီထွင်ခဲ့သည်။
ဩဇာကျဆင်းလားခြင်းနှင့်အယုဓျာလက်အောက်ကျရောက်ခြင်း
ဆူခိုထိုင်း၏ဩဇာတိုတောင်းလာခဲ့သည်။ ရမ်းခမ်းဟဲန် နတ်ရွာစံပြီးနောက် သောက္ကတဲနယ်မြေများပြိုကွဲခဲ့သည်။ သူ၏သားတော် လော့ထိုင်းနန်းတက်လာသည်။ ထိုအတောအတွင်း ၁၃၇၈တွင် အယုဓျာဘုရင် တာမာရာချာ ၂ မှ ကျူးကျော်လာရောက်ရှိလာပြီးသောက္ကတဲကို ယင်း၏ဩဇာအောက်သွတ်သွင်းလိုက်သည်။
သောက္ကတဲနှင့်မြန်မာပြည်
သောက္ကတဲ(ဆူခိုထိုင်း)သည် ထိုင်းနိုင်ငံဟူ၍ဖြစ်လာမည့်မြေပေါ်တွင် ရှမ်းတို့၏ပထမဆုံးမြို့ပြနိုင်ငံဖြစ်သည်။ မွန်ဂိုတို့ကြောင့် နန်ချောင်နိုင်ငံပျက်စီးပြီးနောက် ရှမ်းတို့သည် တောင်ဖက်သို့အလုံးအရင်းဖြင့်ဆုတ်ခွာလာခဲ့သည်။ ရှိရင်းစွဲ ပရပထုံ၊ ဟရိဘုဉ္ဇ၊ ဒွာရာဝတီစသည့်မွန်မြို့ပြနိုင်ငံများကိုတိုက်ခိုက်သိမ်းယူပြီး သောက္ကတဲ၊ ဇင်းမယ်(လန်နာ)စသည့်နိုင်ငံများကိုထူထောင်ကြသည်။ မဂဒူးအမည်ရှိ သောက္ကတဲမင်း၏ သားမက်ဖြစ်သူ မွန်-ရှမ်းကပြားတစ်ယောက်သည် ဟံသာဝတီနိုင်ငံကိုထူထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင်ပုဂံနိုင်ငံတော်ပျက်စီးပြီးနောက် အင်းဝရှမ်းများနှင့်ဟံသာဝတီမွန်များအနှစ် ၄၀ စစ်ဖြစ်ပွားနေချိန်တွင် သောက္ကတဲသည်အင်အားတောင့်တင်းခဲ့သည်။ သောက္ကတဲရှမ်းတို့သည် ဟံသာဝတီကိုမကြာခဏလာရောက်တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင်ထပ်မံပေါ်ထွန်းလာသော အယုဒ္ဂယက ပိုမိုအင်အားကြီးမားလာပြီးသောက္ကတဲကိုသိမ်းယူခဲ့သဖြင့် သောက္ကတဲခေတ်ကုန်ဆုံးခဲ့သည်။
ကိုးကား
- Seated Buddha in "Maravijaya"။ The Walters Art Museum။
တမ်းပလိတ်:S-royalhouse
ယခင်က Lavo Kingdom |
Ruling Dynasty of the Kingdom of Sukhothai 1238-1583 |
ဆက်ခံသူ Ayutthaya Kingdom |