သောင်းဝေဦး

၁၉၄၅ ခုနှစ်၊ရွှေဘိုခရိုင်၊ရေဦးမြို့တွင်မွေးဖွားသည်။အမည်ရင်းမှာ သောင်းဝေဖြစ်သည်။၁၉၆၁ ခုနှစ်တွင် ရေဦးမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခဲ့သည်။၁၉၆၅ ခုနှစ်၌ ဝိဇ္ဇာဘွဲ့ရရှိသည်။၁၉၆၆ ခုနှစ်တွင်တပ်မတော်သို့ဝင်ရောက်၍ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၃၆)ကိုတက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင်တပ်မတော်(ကြည်း)၌ ဒုတိယဗိုလ်အဆင့်ဖြင့် အမှတ်(၁၉) ခြေလျင်တပ်ရင်းတွင်တာဝန်ထမ်းဆောင်ခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.