သံဖြူဇရပ် စစ်သင်္ချိုင်း

သံဖြူဇရပ်စစ်သင်္ချိုင်း (Thanbyuzayat War Cemetery) သည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည့် စစ်သင်္ချိုင်းဖြစ်ပြီး မွန်ပြည်နယ်သံဖြူဇရပ်မြို့တွင် တည်ရှိသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန် စစ်သုံ့ပန်းများအဖြစ် မြန်မာ-ယိုးဒယား(ထိုင်း) နယ်စပ် မီးရထားလမ်း ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသည့် ဗြိတိသျှ စစ်မှုထမ်းများ၊ ဩစတြေးလျ စစ်မှုထမ်းများ၊ ဒတ်ခ်ျ စစ်မှုထမ်းများနှင့် အာရှချွေးတပ်သား စုစုပေါင်း ၃၇၇၁ ဦးကို မြှုပ်နှံထားသည့် စစ်သင်္ချိုင်းကြီး ဖြစ်သည်။ ယင်းစစ်သင်္ချိုင်းကို ၁၈ ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ် အောင်ဆန်းနှင့် ဘုရင်ခံဆာ ဟူး ဘတ်ရန့် တို့ လာရောက် ဖွင့်လှစ် ပေးခဲ့သည်။

သံဖြူဇရပ်စစ်သင်္ချိုင်း
စစ်သည်တစ်ဦး သင်္ချိုင်း
စစ်သင်္ချိုင်းအဝင်အတွင်းမှ ကျောက်စာ
သံဖြူဇရပ်စစ်သင်္ချိုင်း
အသေးစိတ်
တည်နေရာသံဖြူဇရပ်မြို့
နိုင်ငံမြန်မာနိုင်ငံ
ကိုဩဒိနိတ်15.9727°N 97.7184°E / 15.9727; 97.7184
အမျိုးအစားစစ်သင်္ချိုင်း
ပိုင်ဆိုင်Commonwealth War Graves Commission
ဝဘ်ဆိုဒ်Cemetery Details. Commonwealth War Graves Commission.

ဆက်စပ်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.