သံလိုက်
သံလိုက် သည် ထူးခြားသော သတ္တုတမျိုးဖြစ်သည်။ သံလိုက်ကို သံနှင့်အလားတူသတ္တုများ သို့မဟုတ် အခြားသံလိုက် အနီးသို့ ရွေ့ထားလျှင် ဝင်ရိုးတူလျှင် စွဲကပ်၍ မတူလျှင် တွန်းကန်တတ်သော သဘောရှိသည်။ ထိုသဘောကို သံလိုက်ဓာတ်ဟု ခေါ်သည်။ သံလိုက်ကို အခြားသတ္တုများမှ ပွတ်တိုက်ခြင်းဖြင့် လုပ်ယူနိုင်သည်။ အပျော့စား သို့မဟုတ် ခဏတဖြုတ် သံလိုက် သည် ကြာရှည်မခံတတ်ပေ။ သံလိုက်သည် သဘာဝအားဖြင့် အချို့ကျောက်တုံးများ (အဓိကအားဖြင့် lodestone ) တွင် ဖြစ်ပေါ်တတ်ပြီး ယခုအခါတွင်မူ ထုတ်လုပ်ခြင်းဖြင့်သာ ရယူကြသည်။ သံလိုက်၏ သံလိုက်စက်ကွင်းသည် ပူလာသောအခါ လျော့ပါးလာပြီး အေးသောအခါ တိုးပွားလာသည်။ တူသောဝင်ရိုးများမှာ တွန်းကန်ပြီး မတူညီသော ဝင်ရိုးများမှာ ဆွဲငင်ကြသည်။
သံလိုက်သည် သတ္တုအချို့ကိုသာ ဆွဲငင်နိုင်သည်။ သံ သို့မဟုတ် စတီး သည် သံလိုက်အား ကောင်းစွာ ဆွဲကပ်သည်။ ကြေး၊ ဇင့်၊ အလျူမီနီယံ တို့ကဲ့သို့သော သတ္တုများကိုမူ မဆွဲငင်ပေ။ သစ်သား၊ ဖန် စသည့် သတ္တုမဟုတ်သည့် ပစ္စည်းများကို လည်း မဆွဲငင်နိုင်ပေ။
သံလိုက်အိမ်မြှောင်သည် ကမ္ဘာ့သံလိုက်စက်ကွင်း ကို အသုံးပြု၍ မြောက်ဝင်ရိုးစွန်းကို အမြဲညွန်ပြနေသည်။ သံလိုက်၏ မြောက်ဝင်ရိုးစွန်းသည် အခြားသံလိုက်၏ တောင်ဝင်ရိုးစွန်းကို စွဲငင်သည့်သဘောရှိသည်။ သို့သော် သံလိုက်အိမ်မြှောင်၏ မြောက်ဝင်ရိုးစွန်းသည် ကမ္ဘာ၏ မြောက်ဝင်ရိုးစွန်းကို ညွန်ပြသည်ဆိုသည်မှာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းသည် သံလိုက်သဘောတရားအရ သံလိုက်တောင်ဝင်ရိုးစွန်းဖြစ်သောကြောင့်ဖြစ်သည်။
သမိုင်း
သံလိုက်ကျောက်တုံး ကို ပထမဆုံး တွေ့ရှိသူများမှာ တရုတ်များ ဖြစ်ကြပြီး ယင်းတို့က အချစ်ကျောက်တုံးဟု ခေါ်ကြသည်။ အစပိုင်းတွင် တရုတ်တို့က အနာဂတ်ဟောပြောရာတွင်လည်းကောင်း၊ မျက်လှည့်ပြရာတွင် လည်းကောင်း အသုံးပြုသော်လည်း နောက်ပိုင်းတွင် သံလိုက်အိမ်မြှောင်ကို တည်ထွင်နိုင်ခဲ့ကြသည်။ [1]
ကိုးကား
- Cole၊ Joanne (2001)။ Magic School Bus, Amazing Magnetism။ United States of America: Scholastic Inc.။ p. 11။ ISBN 0-439-31432-1။ Unknown parameter
|coauthors=
ignored (|author=
suggested) (အကူအညီ); Cite has empty unknown parameter:|1=
(အကူအညီ)