သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါင်းဆာင်မှာဗိုလ်မှူးကြီးယွက်စစ်ဖြစ်သည်။ နအဖ အစိုးရ နှင့်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ဖို့ရန် RCSS/SSA ဘက်မှ အစဉ်တံခါးဖွင့် လက်ကမ်းကြိုဆို သော် လည်း တဘက်သတ်ဆန္ဒဖြင့် ဆွေးနွေးရေးကို မူမလိုလားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA ယနေ့ (၂၅/၃/၀၉) တွင် ကြေငြာချက်ထုတ်ပြန်၏။

RCSS/SSA ခေါင်းဆာင်ဗိုလ်မှူးကြီးယွက်စစ်

မတ်ချ် ၂၅ ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ ကြေငြာ ချက်အရ အဓိက အကြောင်းအရာ ၄ ချက် ပါဝင်သည်။

  1. လက်ရှိနိုင်ငံရေးပြဿနာကို မျှတ မှန်ကန်စွာဖြေရှင်း လိုလျှင် ၁၉၄၇ ပင်လုံ သဘောတူညီချက် ဇစ်မြစ်ကိုပြန်ကောက်ရမည်၊
  2. ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံ အခြေခံမူကို အားလုံးပါဝင် ဝေဖန် ပြင်ဆင်ခွင့်ပြုပြီးမှ ရွေးကောက်ပွဲ ကျင်းရမည်။
  3. ၁၉၉၀ ရွေးကောက်ပွဲတကယ့် အနိုင်ရပါတီများဖြစ်ကြသည့် NLD နှင့် SNLD တို့အားရွေးကောက်ပွဲ ဆိုင်ရာ ပါဝင် ဆွေးနွေးနိုင်သည့် အခွင့်ထူးများပေးရမည်၊ ၎င်းတို့အား ဘေးဖယ်ထားလျှင် အဓိပ္ပါယ်မရှိ၊။
  4. နိုင်ငံရေး ပြဿနာ မဖြေရှင်းဘဲ မူးယစ်ပြဿနာ ဖြေရှင်း၍မရ၊ မူးယစ်ဆေးဝါးများ သျှမ်းပြည်မှ ထွက်ရှိသောကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရရှိမှသာ အောင်မြင်အောင် အားလုံး စုပေါင်းပါဝင်ဖြေရှင်းနိုင်မည်။

သျှမ်းပြည်သည် အစိုးရ၏ ကိုလိုနီနယ်မြေမဟုတ်သည့် မျှတ တန်းတူ လွတ်လပ် စစ်မှန်သော ပြည်ထောင်စု အတွင်းမှ ပြည်ထောင်တခုဖြစ်ကြောင်း၊ သျှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံး သျှမ်းပြည်သားများ ကိုယ်တိုင် ဖြေရှင်းနိုင်သည့်အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင်ဗမာစစ်အစိုးရထိန်းချုပ် ခြယ်လှယ်မှုမရှိဘဲ ဘိန်း အစားထိုးသီးနှံများကို သျှမ်းပြည်သားများလွတ်လပ်စွာ စီမံဆောင်ရွက်စိုက်ပျိုးရောင်းဝယ်ခွင့် ရှိမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးယွက်စစ်က ပြောဆိုပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.