ဟဂ္ဂဲအနာဂတ္တိကျမ်း

         ဓမ္မဟောင်းကျမ်းတွင် ဒုတိယအတိုဆုံးပရောဖက်ကျမ်းငယ်ဖြစ်သည်။ ဗိမာန်တော်ပြန်လည်တည်ဆောက် ရမည်ဟု ရိုးစင်းစွာ ဗျာဒိတ်ပြုသည်။ ကြွင်းကျန်သော ယုဒလူမျိုးတို့သည် ဗိမာန်တော်ကို ပြန်လည်တည်ဆောက် ရန် ပါလေတိန (ပါလက်စတိုင်းဒေသ)သို့ ပြန်လာကြသော်လည်း (၁၆)နှစ်တာမျှ အလဟဿ အချိန်ဖြန်းတီး ဖင့်နွှဲ နေခဲ့သည်။ ထို့ကြောင့် ပရောဖက်ဟဂ္ဂဲကို ယုဒလူများအား နိုးကြားလုံ့လရှိဖို့ နှိုးဆော်သည့်အမှုတော်၌ ခန့်အပ် စေခိုင်းခြင်းဖြစ်သည်။ ထိုအမှုတော်အပြင် အဓမ္မလူများ တရားစီရင်မည့်အကြောင်းနှင့် ထိုမတရားမှုကို ကြဉ်ရှောင်သော ဘုရားသခင်၏လူများမှာမူ အနာဂတ်တွင် ဘုန်းကြီးမည့်အကြောင်းကိုလည်း တိုးချဲ့ထည့်သွင်း ဟောကြားသည်။

၁။ စံတော်မီဝိသေသလက္ခဏာ

၂။ ကျမ်းရေးသူ

“ဟဂ္ဂဲ” ဟူသော အမည်အဓိပ္ပါယ်မှာ “ပွဲတော်” သို့မဟုတ် “ပွဲလမ်းသဘင်ဖြစ်သည်။ ထို့ကြောင့် ယုဒများ အနားယူသည့်ကာလတွင် မွေးဖွားသည်ဟု ယူဆရသည်။ ဓမ္မဟောင်းခေတ်တွင် ထူးခြားသောစရိုက်လက္ခဏာကို ဆောင်သည့် တခုတည်းသောနာမည်ဖြစ်သည်။ သို့မဟုတ် အနာဂတ်ကာလတွင် ဝင်းစားရမည့် ပျော်ရွှင် ဝမ်းမြောက်မှုကို မျှော်လင့်လျက် မိဘများက ကင်ပွန်းတပ်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုအယူအဆအရဆိုလျှင် ဟဂ္ဂဲကို ပြည်ပသို့သုံ့ကျွန်ဘဝတွင် မွေးဖွားခြင်း ဖြစ်ပေလိမ့်မည်။

ဗာဗုလုန်မှ အမိမြေသို့ ပြန်လည်ရောက်ရှိကြပြီးနောက် ပေါ်ထွန်းသော ပရောဖက်သုံးပါးတွင် ဟဂ္ဂဲသည် ပထမဦးဆုံး ပရောဖက်ဖြစ်၏။ သူ့နောက်၌ ဇာခရိနှင့် မာလခိပေါ်ထွန်းသည်။ ဟဂ္ဂဲအကြောင်းကို ဇေရမှတ်စာ ၅:၁နှင့် ၆:၁၄တွင် ဖတ်ရှုရသည်။ သို့သော်လည်း သူ့အသက်တာ၌ လုပ်ဆောင်နှိုင်မှုမှာ မည်မည်ရရ မရှိခဲ့ပေ။ ဤအကြောင်းက ဘုရားသခင်သည် သူခွဲခန့်စေလွှတ်တော်မူသော ပရောဖက်များနှင့် မျက်မှောက်ကာလ ဓမ္မဆရာ များကိုလည်း ဘုန်းတော်မှ မတိမ်းယိမ်းဖို့ သင်ခန်းစာပေးထားပါသည်။၁

၃။ အချိန်ကာလ

ပထမ ဒါရိမင်းနန်းစံ ဒုတိယနှစ်ဘီစီ၅၂၀တွင် စီရင်ရေးသားခြင်းဖြစ်နိုင်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဗာဗလုန်ပြည်သို့ ဖမ်းဆီးကျွန်ပြုခြင်းခံရပြီးနောက် ဇေရုဗဗေလ ခေါင်းဆောင်မှုဖြင့် ပါလက်စတိုင်းဒေသ သို့ ပထမအသုတ်ပြန်လာကြသော ဣသရေလအုပ်စုတွင် ဟဂ္ဂဲပါဝင်လာသည်။ ပရောဖက်ဟဂ္ဂဲ၏ အဓိက ပရောဖက်ပြုချက်မှာ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရေး (ဧဇ၊ ၅:၂)ဖြစ်သည်။

သော့ချက်ကျမ်းစကားမှာ “ငါသည် သင်တို့နှင့်အတူရှိ၏” (၁:၁၃၊ ၂:၂၄)ဖြစ်သည်။ အခြားကျမ်းပိုဒ်   များလည်း ရှိသေးသည်။ ၁:၅-၇၊ ၂:၁၅-၁၈တွင် “ကိုယ်ကျင့်သောအကျင့်ကို ဆင်ခြင်လော့”ဟူသော ကျမ်းစကား နှင့် ၂:၄တွင်ပါရှိသည်။ “အားယူလော့”ဟူသော နှုတ်ကပတ်တော်ဖြစ်သည်။

ပါဝင်သည့်အချက်များ

၁။ ပထမပရောဖက်ပြုချက် – ဆဌမလ၏ပထမနေ့ (အခန်း ၁)

         (က)     ဗိမာန်တော်တည်ဆောက်ရေးကို လျစ်လျူပြုထားသောကြောင့် အပြစ်တင်ခြင်း (၁:၁-၄)

(ခ)       မိုးခေါင်ငတ်မွတ်၍ ဗိမာန်တော် မဆောက်နိုင်ကြခြင်း (၁:၅-၁၁)

(ဂ)       ဟဂ္ဂဲက တိုက်တွန်းအားပေးခြင်း၊ လူထုနိုးကြားလာခြင်း (၁:၁၂-၁၅)

၂။ ဒုတိယပရောဖက်ပြုချက် – သတ္တမလ၏ နှစ်ဆယ့်တစ်ရက်နေ့ (၂:၁–၉)

         (က)     သူတို့နှင့်အတူ ဘုရားသခင်ရှိတော်မူကြောင်း ထပ်မံအားပေးခြင်း (၂:၁-၅)

(ခ)       ဗိမာန်တော် ဆက်လက်တည်ဆောက်ခွင့် မင်္ဂလာ (၂:၆-၉)

၃။ တတိယပရောဖက်ပြုချက် – နဝမလ၏နှစ်ဆယ့်လေးရက်နေ့ (၂:၁၀–၁၉)

(က)     ဗိမာန်တော်ပျက်စီးနေသရွေ့ ပူဇော်သက္ကာများ မစင်ကြယ်နိုင် (၂:၁၀-၁၄)

(ခ)       ဗိမာန်တော်အုတ်မြတ်မချမီ ဆင်းရဲငတ်မွတ်ကြခြင်း (၂:၁၅-၁၇)

(ဂ)       ဗိမာန်တော်တည်ဆောက်လျှင် ကောင်းကြီးမိုးရွာသွန်းမည် (၂:၁၈-၁၉)

၄။ စတုတ္ထပရောဖက်ပြုချက် – နဝမလ၏နှစ်ဆယ့်လေးရက်နေ့ (၂:၂၀–၂၃)

TAGS: ဟဂ္ဂဲအနာဂတ္တိကျမ်း

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.