ဟင်နရီဗန်ထီးယူ

ဟင်နရီဗန်ထီးယူ (အင်္ဂလိပ်: Henry Van Thio; ၉ ဩဂုတ် ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ (၂) အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။[1][2][3] ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ဟင်နရီဗန်ထီးယူ
Henry Van Thio
မြန်မာနိုင်ငံ၏ တတိယ​မြောက် ဒုတိယ သမ္မတ (၂)
တာဝန်စတင်
၃၀ မတ် ၂၀၁၆
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ဆက်ခံခြင်းဦးဉာဏ်ထွန်း
အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်
ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆  ၃၀ မတ် ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1958-08-09) ဩဂုတ် ၉၊ ၁၉၅၈
ထန်တလန်မြို့နယ်ချင်းပြည်နယ်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါက်တာရွှေလွှမ်း
သားသမီး
မိခင်ကျောင်းမန္တလေးတက္ကသိုလ်ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
ကိုးကွယ်သည့်ဘာသာခရစ်ယာန်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူး

အစောပိုင်းဘဝ

ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[4]

ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရခြင်း

၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက ဦးဟင်နရီဗန်ထီးယူအား ဒုတိယသမ္မတလောင်းအဖြစ် တင်မြှောက်ခဲ့သည်။[5][6]

၂၀၁၆ မတ်လ ၁၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ ၁၄၈ မဲဖြင့် ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံခဲ့ရသည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် မဲအရေအတွက် ၃၅၂ မဲအနက် ၇၉ မဲရရှိကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်လာခဲ့သည်။

မိသားစုဘဝ

သူသည် ဒေါ်ရွှေလွှမ်းနှင့် လက်ထပ်ခဲ့ကာ သားသမီး သုံးဦး ထွန်းကားခဲ့သည်။ သူသည် ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ပထမဆုံးသော ဒုတိယသမ္မတ ဖြစ်သည်။

ကိုးကား

  1. Myanmar begins presidential selection as Aung San Suu Kyi ruled out BBC News
  2. Ei Ei Toe Lwin။ NLD names U Htin Kyaw for president
  3. National Parliament - Beta 11 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
  4. NLD in Pu Henry Van Thio vice president ah thun VCTH 10 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2016 တွင် ပြန်စစ်ပြီး။
  5. Aung San Suu Kyi aide nominated as Myanmar president
  6. Aung San Suu Kyi will not be president of Myanmar, parliament confirms the Guardian
နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
ဦးဉာဏ်ထွန်း
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂)
၂၀၁၆–လက်ရှိ
တာဝန်ထမ်းဆောင်ဆဲ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.