ဟဗက္ကုတ်အနာဂတ္တိကျမ်း

ဟဗက္ကုတ် ၂:၄ ကို ဓမ္မသစ်ကျမ်းတွင် သုံးကြိမ်တိုင်တိုင် ပြန်လည်ကိုးကားဖော်ပြသည်။ ပိသိဒိပြည်အန္တိအုတ်မြို့ တရားစရပ်တွင် ဟောပြောစဉ် ရှင်ပေါလုက ဟဗ၊၁:၅ ကို ကိုးကားခဲ့ကြောင်း တ၊၁၃:၄၀-၄၁၌တွေ့ရသည်။ ဤတိုတောင်းသည့် ဓမ္မဟောင်းကျမ်း၌ ကြွယ်ဝသောသဓမ္မာတရား အနှစ်သာရှိသည်။ ဟဗ ၃:၁၇-၁၈ ကိုလည်း ဖိ၊ ၄:၄၊၁၀-၁၉နှင့် ယှဉ်ဖတ်နိုင်သည်။ ထိုပရောဖက်နှင့် တမန်တော်တို့ နှစ်ဦးစလုံးသည် သူတို့ဝန်းကျင်တွင် မည်သို့သောအခြေအနေ၌ရှိနေပါစေ၊ မိမိကိုးကွယ်သောဘုရားသခင်၏ မွေ့လျော်ဝမ်းမြောက်နိုင်ကြသည်သာတည်း။

၁။ စံတော်မီဝိသေသလက္ခဏာ

ဤအကြောင်းကို ဟီဗရူးခရစ်ယာန် ကျမ်းစာပညာရှင် Charles Feinberg ကရေးထားသည်မှာ–ဟေဗြဲပရောဖက်များအလယ်၌ ဟဗက္ကုတ်သည် အွဋ်အထိပ်နေရာ၌ရှိကြောင်း အားလုံးလက်ခံကြသည်။ ဟဗက္ကုတ်အခန်း(၃)ကို ဟေဗြဲလင်္ကာစာပေမွန်အဖြစ် လက်ဆင့်ကမ်း ရွတ်ဖတ်သီကျူးကြရသည်။ ကျမ်းစာဝေါဟာရ အသုံးအနှုန်းများမှာ လပ၍နှစ်ခြိုက်စရာကောင်းလှသည်။၁

၂။ ကျမ်းရေးသူ

ဤပရောဖက်၏ အတ္ထုပတ္တိကို ထွေထွေထူးထူးမတွေ့ရှိရပါ။ ဟဗက္ကုတ်၂ ဟူသောဝေါဟာရ၏ အဓိပ္ပါယ်မှာ ပွေ့ပိုက်ခြင်း၊ လုံးထွေးခြင်းဖြစ်သည်။

ရွေးကောက်တော်မူသော လက်တစ်ဆုတ်စာပရောတစ်ပါး အဝင်အပါဖြစ်သည်။ အချို့ကျမ်းစာပညာရှင်များက ဟဗက္ကုတ်ကို ပရောဖက်ဆုကျေးဇူးခံရသူ ဖြစ်ရုံမျှသာမက ဝန်ထမ်းကောင်း တစ်ဦးဟုလည်း ရှုမြင်သည်။ (ဥပမာအားဖြင့် ဒံယေလသည် နိုင်ငံဝန်ထမ်းတစ်ဦးဖြစ်တော်လည်း အခြားတစ်ဘက်တွင် ပရောဖက်ဝိညာဉ်ဆုကျေးဇူးရရှိခြင်းမျိုးဖြစ်သည်)။ အခန်း(၃)ပါ ဟဗက္ကုတ်၏တူရိယာပစ္စည်းများကိုဖမ်းရခြင်းအားဖြင့် သူသည် ဗိမာန်တော်တွင် တေးကဗျာဖြင့် ဦးစီးဦးဆောင်ဝတ်ပြုပူဇော်သူ ဖြစ်နိုင်သည်ဟု ခန့်မှန်းရသည်။

၃။ အချိန်ကာလ

ဟဗက္ကုတ်ကျမ်းတွင် ရှင်ဘုရင် အမည်နာမကို မဖော်ပြထားသောကြောင့် အချိန်ကာလအတိအကျ ခန့်မှန်းရခက်ခဲသည်။ ဘီစီ-၆ရာစုခန့်ဖြစ်သော်လည်း အချို့ကျိုးကြောင်းဆင်ချင်သူများက ထိုထက်နောက်ကျမည်ဟု ယူဆကြသည်။ ရှေးရိုးပညာရှင်များက မနာရှေ သို့မဟုတ် ယောရှိ သို့မဟုတ် ယောကိမ်မင်း အုပ်စိုးချိန်ဟုယူဆကြသည်။ အဆိုပါယုဒဘုရင်များမှာ  ဘီစီ-၇ ရာစုအတွင်း၌ နန်းစံခဲ့ကြသည်။ နောက်ဆုံးဘုရင် အုပ်စိုးသည့်ကာလကို ရွေးချယ်လျှင်အဆီအလျော်ဆုံးဖြစ်မည်ဟု ယူဆသည်။ ဗာဗုလုန်နိုင်ငံအောင်ပွဲခံသော Carchemish စစ်ပွဲဖြစ်ပွားသော ဘီစီ ၆၀၅ နှင့် နီးကပ်သော အချိန်ဖြစ်သည်။

၄။ နောက်ဆုံးသမိုင်းနှင့်ရည်ရွယ်ချက်

ယောရှိမင်းလက်ထက်တွင် ဘာသာရေးထွန်းပြောင်သော်လည်း သက်တမ်းကာလကြာရှည်မခံခဲ့ပါ။ တိုင်းသူပြည်သားများအား ဗာလBaal ဘုရားနှင့် အာရှုတရက် Ashtaroth ဘာသာတရားက လွှမ်းမိုးပြန်သဖြင့် အကျင့်စရိုက်ပျက်စီးကုန်သည်။ နိုင်ငံတဝှမ်းတရားမျှတမှုလည်းကင်းမဲ့လာသည်။ ထိုယိုယွင်းနေခေတ်ပျက်ကာလကို ဟဗက္ကုတ်ရင်ဆိုင်ရသည်။

ပရောဖက်ဟဗက္ကုတ်သည် ဗာဗုလုန်ကျေးကျွန်ဘဝ(ဘီစီ-၅၈၆) မရောက်မီ ယုဒလူတို့အား ဟောပြောခဲ့ခြင်းဖြစ်သည်။ သူ၏နာမည် “လုံးထွေးခြင်း” ဟူသောစကားနှင့်အညီ ဒုစရိုက်အမှုကြောင့် ပြစ်ဒဏ်ခံရမည့် ယုဒလူမျိုးများအတွက် ယေဟောဝါဘုရားနှင့် နပန်းလုံးရမည့်အကြောင်း ဖန်လာခြင်းဖြစ်သည်။

“ပွေ့ပိုက်ခြင်း” ဟူသော နာမည်အဓိပ္ပါယ်နှင့် ပတ်သက်၍ မာတင်လုသာ၏စကားကို ကိုးကား၍ Feinberg က ဤသို့ဆိုသည်။

ဟဗက္ကုတ်သည်နာမည်နှင့်အညီ အခြားသူများကို ပွေ့ဖက်သူဖြစ်သည်။ အချင်းချင်းကိုလည်း ပွေ့ဖက်ခိုင်းသည်။ သူ့လူများကို ရင်ခွင်ထဲသို့ ပွေ့ဖက်သိမ်းယူသည်။ ငိုယိုနေသောကလေးသူငယ်အား ပွေ့ဖက်ချောသိပ်သကဲ့သို့ သူ့လူများကိုစိတ်ပျက်အားငယ်ခြင်း၊ ပျောက်ပြယ်သွားအောင် အားပေးသည်။ ဘုရားသခင်အလိုတော်ရလျှင် မကြာသောကာလမှာ ကောင်းမွန်လာလိမ့်မည်၃ဟု ဆိုခဲ့သည်။

ပါဝင်သောအချက်များ

၁။ အကျင့်ပျက်ယွင်းကြသောယုဒလူမျိုးများအပေါ်ဘုရားရှင် အရေးမယူခြင်းအားပရောဖက်က နားမလည်နိုင်ခြင်း(၁:၁-၄)

၂။ ယုဒလူမျိုးအားအရေးယူရန် ဗာဗုလုန်တို့ကို အသုံးပြုမည့်အကြောင်း ဘုရားသခင်၏ဖြေကြားချက် (၁:၅-၁၁)

၃။ယုဒလူမျိုးအား အရေးယူရန်ပိုမို ဆိုးယုတ်​ေကောက်ကျစ်သည့်လူမျိုးကို ဘုရားသခင်၏ရွေးချယ်မှုအပေါ် စောဒကတက်ခြင်း(၁:၁၂-၁၇)

၄။ ဖြောင့်မတ်သောယုဒများ ရှင်သန်မည့်အကြောင်းနှင့် မတရားသောခါလခဲများကို ဖျက်ဆီးမည့်အကြောင်း ဘုရားသခင်၏ဖြေကြားချက်(အခန်း၂)

(က) ဘုရားသခင်ထံတော်မှ အဖြေစကားစောင့်မျှော်ခြင်း (၂:၁)

(ခ) အဖြေစကားမှတ်သားတင်ရန်နှင့် ပြည့်စုံမည့်အချိန်ကို စောင့်မျှော်ရန်ညွှန်းကြားခြင်း(၂:၂-၃)

(ဂ) ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းကြောင့်အသက်ရှင်၍ မတရားသော ခါလဒဲများ သေပွဲကြခြင်း(၂:၄)

(ဃ) ခါလဒဲတို့၏ အပြစ်ဒုစရိုက်များ (၂:၅-၁၉)

၁။ အောင်ပွဲအပေါ် အာသာမပြေနိုင်ခြင်း(၂:၄၅- ၈)

၂။ လောဘနှင့်မာန (၂:၉- ၁၁)

၃။ သွေးချောင်းစီး၍ ကြွယ်ဝစေခြင်း (၂:၁၂-၁၄)

၄။ အိမ်နီးချင်းတို့အပေါ် အကျင့်ပျက်ပြားခြင်း(၂:၁၅-၁၇)

၅။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(၂:၁၈-၁၉)

(င) ဘုရားသခင်၏ တရားစီရင်ခြင်း မုန်တိုင်းကျခါနီးတွင်ငြိမ်ဆိတ်ခြင်း(၂:၂၀)

၅။ ဟဗက္ကုတ်၏ ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်း(အခန်း၃)

(က) သူ့လူများအတွက် ဘုရားသခင်ထံလျှောက်လဲခြင်း(၃:၁-၂)

(ခ) ဣသရေလများကို အဲဂုတ္တုမှ ခါနန်ပြည်သို့ပို့ဆောင်တော်မူခြင်းအား စာမြုံ့ပြန်ခြင်း(၃:၃-၁၅)

(ဂ) ရန်သူများအားအရေးယူပေးရရန် စောင့်မျှော်ခြင်း(၃:၁၆)

(ဃ) မည်သည့်အခြေအနေ၌ စိုက်ရောက်ပါစေ ဘုရားသခင်၌ယုံကြည်ခိုလှုံမည်(၃:၁၇-၁၉)

TAGS: ဟဗက္ကုတ်အနာဂတ္တိကျမ်း

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.