ဟိန်းထက်

ဟိန်းထက်(လယ်ဝေး)သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုရှင်)တစ်ဦးဖြစ်သည်။နေပြည်တော်ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့ ဇာတိဖြစ်သည်။မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်ပြီး အမည်ရင်းမှာ ဟိန်းထက်ဗိုလ် ဖြစ်သည်။

ဟိန်းထက်(လယ်ဝေး)
Academy Hein Htet (Lewe)
မွေးဖွားဟိန်းထက်ဗိုလ်
(1981-09-12) စက်တင်ဘာ ၁၂၊ ၁၉၈၁
လယ်ဝေးမြို့နေပြည်တော်ပြည်ထောင်စုနယ်မြေမြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်တည်းဖြတ်
မိဘ(များ)ဦးမြင့်အောင်၊ ဒေါ်မြင့်မြင့်အေး
ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင်ထူးချွန်ဆု(၂၀၁၁ ခုနှစ် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု)ထာဝရအလင်းတန်းများ

(၁၉၉၈) ခုနှစ်တွင် အ.ထ.က(၁)၊လယ်ဝေး မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပြီး AGTI(EP) နှင့် BA(Eng) ဘွဲ့များ ရရှိခဲ့သည်။(၂၀၀၅)ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးသော ထာဝရအလင်းတန်းများရုပ်ရှင်ဇာတ်ကားကို စတင်တည်းဖြတ်ခဲ့ပြီး ၎င်းရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု၊အ​ကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု"' ကို ရရှိခဲ့သည်။

အ​ကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုရရှိခဲ့သော ထာဝရအလင်းတန်းများရုပ်ရှင်ကို ကွန်ပျူတာ(ဒီဂျစ်တယ်)နည်းပညာဖြင့် တည်းဖြတ်ခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၃၀) ကျော်ကို တည်းဖြတ်ခဲ့ပြီး ရန်ကုန်မြို့တွင်နေထိုင်ကာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ကိုးကား

    မြန်မာ့ရုပ်ရှင်ထူးချွန်ဆု [1] ၂၀၁၁ ခုနှစ် ရုပ်ရှင်ဆုချီးမြင့်ပွဲ အခမ်းအနား [2]

    1. https://my.m.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7_%E1%80%9B%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA_%E1%80%91%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%86%E1%80%AF
    2. http://www.popularmyanmar.com/2016/12/09/%E1%81%82%E1%81%80%E1%81%81%E1%81%81%E1%80%81%E1%80%AF%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%81%BF%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%9B/
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.