ဟိုးရပ်စ်နတ်ဘုရား

ဟိုးရပ်စ်နတ်ဘုရား (အင်္ဂလိပ်: Horus) သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားတစ်ဦးဖြစ်၍ မြောက်များစွာသော လုပ်ဆောင်ချက်များကို ထမ်းဆောင်ရာ အချုပ်ချာအာဏာပိုင်စိုးခြင်း၊ ကောင်းကင်နတ်ဘုရားအဖြစ်ထင်ရှားဆုံးဖြစ်သည်။ ၎င်းကို အနည်းဆုံး (အီဂျစ်)သမိုင်းမတင်မီခေတ်နှောင်းမှ တောလာမေးယစ်တိုင်းနိုင်ငံခေတ် (တောလစ်မေးယစ် ဟုလည်းထွက်သည်)(Ptolemaic Kingdom) ၊ ရောမ အီဂျစ်ခေတ်အထိ ကိုးကွယ်ကြသည်။ ဟိုးရပ်စ်နှင့်ပတ်သက်သော ပုံစံအမျိုးမျိုးကို သမိုင်းများတွင် ရေးမှတ်ထားကြကာ ဤပုံစံများကို အီဂျစ်နှင့်ပတ်သက်သော ပညာရှင်များက ထင်ရှားသောနတ်ဘုရားများအဖြစ် ဆက်ဆံကိုင်တွယ်ကြသည်။[2] ဤအမျိုးမျိုးသောပုံစံများသည် တူညီနေသော အလွှာများစွာရှိသည့်နတ်ဘုရားတစ်ပါး၏ ကွဲပြားသောသရုပ်သကန်များစွာ ဖြစ်နိုင်ရာ အချို့သောအရည်အသွေးများ (သို့) မတူညီသောအယူအဆများပေါင်းစပ်ဆက်သွယ်မှုများကို အလေးပေးထားခြင်းဖြစ်ပြီး ၎င်းတို့သည် မဖြစ်မနေ တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည့် အနေအထားမျိုးမဟုတ်ဘဲ တစ်ခုအပေါ်တစ်ခု ဖြည့်စွက်ကျေးဇူးပြုသည်။ ထိုအရည်အသွေးများ (သို့) ဆက်သွယ်ချက်များသည် ရှေးခေတ်အီဂျစ်လူမျိုးတို့၏ အရှိတရား လက်တွေ့ဘဝကို ရှုထောင့်များစွာမှ ရှူမြင်ကြပုံနှင့်လည်းကိုက်ညီသည်။ [3] မကြာခဏအားဖြင့် ဟိုးရပ်စ်ကို သိမ်းငှက်တစ်ကောင် (အများအားဖြင့် သိမ်းငှက်အလတ်တစ်မျိုး (lanner falcon) သို့ တောင်/ကျောက်စောင်များတွင် အများဆုံးကျက်စားသော (peregrine falcon)) သို့ သိမ်းငှက်ခေါင်းဖြင့် လူသားတစ်ဦး အဖြစ်လည်း သရုပ်ဖော်ကြသည်။[4]

ဟိုးရပ်စ်နတ်ဘုရား
ဟိုးရပ်စ်သည် များသောအားဖြင့် အီဂျစ်အမျိုးသားနှင့်သာ သက်ဆိုင်သော မြို့စောင့်နတ်တစ်ပါးဖြစ်သည်။ စခန့်ဟုခေါ်သော သရဖူနှစ်ထပ်ဆောင်းကာ သိမ်းငှက်ခေါင်းဖြင့် လူသားတစ်ဦးအနေဖြင့်သရုပ်ဖော်ကြသည်။ (ထိုသရဖူမျိုးကို အီဂျစ်တိုင်းတစ်ခွင်ကိုအစိုးရသော မင်းလုပ်အုပ်ချုပ်မှုပြယုတ်အဖြစ် အနီရောင်နှင့်အဖြူရောင်ပါ သရဖူဟုလည်း သိရှိကြသည်။)
အရုပ်စာ အမည်
အဓိက ကိုးကွယ်မှု ဗဟိုနက်ခမ်မြို့, အက်ဖူမြို့[1]
သင်္ကေတဟိုးရပ်စ်၏ မျက်လုံး
ကိုယ်ရေး အချက်အလက်
မိဘများအိုးဆိုက်ရစ်နတ်ဘုရား နှင့် အိုက်စစ်နတ်ဘုရားမ
မွေးချင်းအနျူးဘစ်နတ်ဘုရား,[မှတ်စု 1] Bastet
ကြင်ရာတော်ဟဲသော
ဆင်းသက်သူများIhy

ဟိုးရပ်စ်အား ရှေးအကျဆုံး မှတ်တမ်းတင်ထားသည့်ပုံစံမှာ အီဂျစ်အထက်ပိုင်းဒေသမြို့တော် နက်ခမ်(Nekhen)၏ မြို့စောင့်နတ်ဖြစ်ရာ ပထမဆုံးသိရှိခဲ့ကြသော အီဂျစ်အမျိုးသားနှင့်သာ သက်ဆိုင်သောနတ်တစ်ပါးဖြစ်၍ အထူးအားဖြင့် ဖာရိုဘုရင်များနှင့် ဆက်စပ်သည်။ ဤဖာရိုဘုရင်များကို လက်ရှိဘဝနတ်ဘုရား ဟိုးရပ်စ်နှင့် တမလွန်နတ်ဘုရား အိုးဆိုက်ရစ်တို့၏ သရုပ်သကန်အဖြစ် ယူဆလာခဲ့ကြသည်။[2] အများဆုံးတွေ့ကြုံရသော မိသားစုဆက်နွယ်မှုများတွင် ဟိုးရပ်စ်သည် အိုက်စစ်နတ်ဘုရားမ နှင့် အိုးဆိုက်ရစ်နတ်ဘုရား တို့၏ သားအဖြစ် ဖော်ပြကြသည်။ အိုးဆိုက်ရစ်ဒဏ္ဍာရီ၌ အိုးဆိုက်ရစ်၏ နန်းမွေခံသူ၊ ဆက်နတ်ဘုရား ၏ပြိုင်ဘက် စသောအဓိကကဏ္ဍတွင်ပါဝင်နေပြီး ဆက်နတ်ဘုရားမှာ ညီအကိုတော်သော အိုးဆိုက်ရစ်ကို သတ်ဖြတ်သူလည်းဖြစ်၏ ။ တစ်ခြားအယူအဆတစ်ခုတွင် ဟဲသော(Hathor) နတ်ဘုရားမကို ၎င်း၏ မိခင်အဖြစ်လည်းယူဆပြီး တစ်ခါတစ်ရံတွင် ဇနီးအဖြစ်လည်း သတ်မှတ်ကြသည်။[2]

ရောမစာရေးဆရာ ကလောဒီးယ(စ်) အီးလီယန်န(စ်) (Claudius Aelianus) က အီဂျစ်တို့သည် အပေါလို (အပိုလို) နတ်ဘုရားကို အီဂျစ်ဘာသာစကားဖြင့် ဟိုးရပ်စ် ဟုခေါ်ကြောင်းရေးသားခဲ့ဖူးသည်။[5]

မှတ်စု

  1. (in some accounts)

ကိုးကား

  1. Sims၊ Lesley (2000)။ "Gods & goddesses"။ A Visitor's Guide to Ancient Egypt။ Saffron Hill, London: Usborne Publishing။ p. 29ISBN 0-7460-30673
  2. "The Oxford Guide: Essential Guide to Egyptian Mythology", Edited by Donald B. Redford, Horus: by Edmund S. Meltzer, pp. 164–168, Berkley, 2003, ISBN 0-425-19096-X
  3. "The Oxford Guide: Essential Guide to Egyptian Mythology", Edited by Donald B. Redford, p106 & p165, Berkley, 2003, ISBN 0-425-19096-X
  4. Wilkinson, Richard H. (2003). The Complete Gods and Goddesses of Ancient Egypt. Thames & Hudson. p. 202.
  5. Aelian, Characteristics of Animals, 10.14
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.