အဂတိ လေးပါး

အဂတိတရား လေးပါး မှာ

  • ဆန္ဒာဂတိ = ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
  • ဒေါသာဂတိ = စိတ်ဆိုးသဖြင့်မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
  • မောဟဂတိ = ဆင်ခြင်တုံတရား မရှိပဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
  • ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။

အပြစ်နှင့် အကျိုး

  • အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။
  • အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်သိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။

ကိုးကား

    • ဝိနည်းမဟာဝါ။ ပါ။ ၃၉၅။ ဋ္ဌ။ ၄၀ ၂-၄၀၅။
    • သုတေသန သရုပ်ပြ အဘိဓာန်၊ ၂၀ဝ၇။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.